Connect with us

Hi, what are you looking for?

သတင်း

လေကြောင်းရန်ရှိနေ၍ မင်းတပ်မြို့ပေါ် ဝင်ထွက်ခြင်းမပြုလုပ်ရန် CDF သတိပေး

ပြည်သူများပြန်လည်ဝင်ရောက်နေထိုင်နိုင်မည့် အချိန်ကို ပြန်လည်ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း CDFက အသိပေးထားသည်။

(မင်းတပ်မြို့သိမ်းပိုက်ပြီးနောက် မြို့အဝင်မုတ်ဦးရှေ့တွင် တွေ့ရသော CDF ရဲဘော်များ။ ဓာတ်ပုံ - Yaw Mang)
(မင်းတပ်မြို့သိမ်းပိုက်ပြီးနောက် မြို့အဝင်မုတ်ဦးရှေ့တွင် တွေ့ရသော CDF ရဲဘော်များ။ ဓာတ်ပုံ - Yaw Mang)

▪️ပြည်သူများ ပြန်လည်ဝင်ရောက်နေထိုင်နိုင်မည့်အချိန်ကို အသိပေးမည်ဟုပြော

ဟန်နွေ/People’s Spring

ချင်းပြည်နယ် မင်းတပ်မြို့ပေါ်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ဆက်လက် လုပ်ဆောင် နေခြင်းကြောင့် ပြည်သူများအနေဖြင့် ခွင့်ပြုချက် မရှိဘဲ မြို့ပေါ်သို့ ဝင်ထွက်သွားလာခြင်းမပြုကြရန် ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်) – CDF -မင်းတပ်က ယနေ့(ဒီဇင်ဘာ ၂၃ရက်)တွင် ထုတ်ပြန်သည်။

CDFမင်းတပ်သည် မဟာမိတ်အင်အားစုများနှင့်ပူးပေါင်း၍ ချင်းညီနောင်စစ်ဆင် ရေး (Operation CB)အမည်ဖြင့် မင်းတပ်မြို့ပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီ စစ်စခန်းများအားလုံးကို ဒီဇင်ဘာ ၂၁ရက်တွင်သိမ်းပိုက်ရရှိထားပြီးဖြစ်သော်လည်း တိုက်ပွဲကျန် မိုင်းရှင်းလင်းရေးများ လုပ်ဆောင်နေခြင်း၊ စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှုများဆက်လက် ပြုလုပ်နေခြင်းကြောင့် ယခုကဲ့သို့ ကြေညာခြင်းဖြစ်သည်ဟု ဆိုသည်။

စစ်ကောင်စီအနေဖြင့် ၎င်းတို့လက်လွှတ်ဆုံးရှုံးခဲ့ရသည့် ရှမ်းမြောက်အပါအဝင် နိုင်ငံတဝန်း၌ အရပ်သား ပြည်သူများအား လေကြောင်း ပစ်မှတ်ထားတိုခိုက်မှုများ ဆက်တိုက်ပြုလုပ် နေသည်မှာ အားလုံးအသိပင်ဖြစ်ကြောင်း CDF မင်းတပ်ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်က ကြေညာချက် ထုတ်ပြန်ရခြင်းအပေါ် မှတ်ချက်ပြုသည်။

Public Service Announcement

Public Service Announcement

ပြည်သူများပြန်လည်ဝင်ရောက်နေထိုင်နိုင်မည့် အချိန်ကို ပြန်လည်ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း CDFက အသိပေးထားသည်။

စစ်ကောင်စီသည် မင်းတပ်မြို့ကို ဒီဇင်ဘာ ၂၁ရက်၊ ကန်ပက်လက်မြို့ကို ဒီဇင်ဘာ ၂၂ရက်တွင် လက်လွှတ်ဆုံးရှုံးခဲ့ရခြင်းဖြစ်ပြီး ဒီဇင်ဘာ ၂၂ရက် ညနေပိုင်းတွင် မင်းတပ်နှင့် ကန်ပက်လက်မြို့ကို လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာတိုက်ပွဲတွေ ဆက်ပြင်းထန်နေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA)က သတင်းဖော်ပြထားပြီး စစ်တပ်က နေ့စဉ် လေယာဉ်နဲ့ စားနပ်ရိက္ခာတွေ ချပေးနေရတယ်လို့ ဖော်ပြထားပါတယ်။

သတင်း

တော်လှန်ရေးတပ်တွေရဲ့ မြေပြင်ရိက္ခာလမ်းကြောင်း ဖြတ်တောက်ခံထားရတဲ့ မကွေးတိုင်း၊ မြိုင်မြို့နယ်က အမှတ်(၃)တပ်မတော်အကြီးစားစက်ရုံ(တစခ -၃)ကို စစ်တပ်က လေယာဉ်နဲ့ ရိက္ခာတွေ ချပေးခဲ့တယ်လို့ အညာမြေတပ်ပေါင်းစု တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ဟားခါးမြို့နယ် အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါး တပ်ဖွဲ့တွင်း ဦးဆောင်သူအချင်းချင်း ပစ်ခတ်မှုမှာ အဖွဲ့ ဒုဥက္ကဋ္ဌဟောင်း ဆလိုင်းဆန်းလင်းကွယ်လွန်သွားခဲ့ပါတယ်။

သတင်း

စစ်ရေးအခြေအနေတွေကြောင့် ဟားခါးမြို့အနီးဝန်းကျင်ရှိ တောတောင်များ၊ စစ်ရေးလှုပ်ရှားမှုဖြစ်ပွားနိုင်တဲ့ နေရာတွေနဲ့ လူသွားလာမှုနည်းပါးတဲ့ ဒေသတွေကို မလိုအပ်ဘဲ သွားလာခြင်းမပြုကြဖို့ ချင်းဒေသကာကွယ်ရေးတပ်(CDF)- ဟားခါးက ပြည်သူတွေကို မေတ္တာရပ်ခံလိုက်ပါတယ်။