Connect with us

Hi, what are you looking for?

သတင်း

မင်းတပ်မြို့သိမ်း စစ်ဆင်ရေးအောင်မြင်ပြီးမြောက်ကြောင်း ချင်းညီနောင် ကြေညာ

▪︎မြို့သိမ်းစစ်ဆင်ရေးကို YDF၊ YA၊ မုံရွာခရိုင် တပ်ရင်း(၃)တို့နှင့် ဟန်ချက်ညီဆင်နွှဲပြီး AAက စစ်လက်နက်ခဲယမ်း ပံ့ပိုးဟု ဖော်ပြ

မင်းတပ်မြို့သိမ်း စစ်ဆင်ရေးအောင်မြင်ပြီးမြောက်ကြောင်း ချင်းညီနောင် ကြေညာ
မင်းတပ်မြို့သိမ်း စစ်ဆင်ရေးအောင်မြင်ပြီးမြောက်ကြောင်း ချင်းညီနောင် ကြေညာ

▪︎ဟောင်ဝစ်ဇာအမြောက်၊ လက်နက်ခဲယမ်းများစွာနှင့် စစ်သုံ့ပန်းများစွာဖမ်းမိဟု အသိပေး

ထားမြတ်/People’s Spring

ချင်းညီနောင်စစ်ဆင်ရေး (Operation CB)အဖြစ် ဖော်ဆောင်လျက်ရှိသည့် မင်းတပ်မြို့သိမ်းစစ်ဆင်ရေး အောင်မြင်ပြီးမြောက်ကြောင်း ချင်းညီနောင်က ယနေ့ညပိုင်း၌ ကြေညာချက်ထုတ်ပြန်သည်။

နိုဝင်ဘာ ၉ရက်ကစတင်ပြီး မင်းတပ်နှင့် ဖလမ်းမြို့သိမ်းတိုက်ပွဲကို မဟာမိတ်အင်အားစုများနှင့် ပူးပေါင်းဖော်ဆောင်ခဲ့ရာ ဒီဇင်ဘာ ၂၁ရက်တွင် မင်းတပ်မြို့အခြေစိုက် ခလရ(၂၇၄)တပ်ရင်းအား သိမ်းပိုက်ရယူနိုင်ခဲ့ပြီးမြို့နယ်တစ်ခုလုံး အလုံးစုံ ထိန်းချုပ်နိုင်ခဲ့ဟု အသိပေးသည်။

မြို့သိမ်းစစ်ဆင်ရေးအတွင်း စစ်ကောင်စီ အာဏာသိမ်းပြီးနောက် မတရား ဖမ်းဆီး အကျဉ်းချထားသည့် နိုင်ငံရေး အကျဉ်းသား ၁၃ဦးကို ကယ်ထုတ်နိုင်ခဲ့ဟု ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

မြို့သိမ်းတိုက်ပွဲ အတွင်း နှစ်ဖက်ထိခိုက်ကျဆုံး အခြေအနေ အသေးစိတ်ကို ဖော်ပြခြင်းမရှိသော်လည်း ဟောင်ဝစ်ဇာအပါအဝင် လက်နက်ကြီး၊ လက်နက်ငယ်အများအပြား ၊စစ်သုံ့ပမ်း အများအပြား သိမ်းရခဲ့ကြောင်း ဓာတ်ပုံမှတ်တမ်းများဖော်ပြသည်။

မင်းတပ်မြို့သိမ်းစစ်ဆင်ရေးကို ချင်းညီနောင်နှင့် မဟာမိတ်အဖွဲ့များဖြစ်သည့် Yaw Defense Force (YDF) Yaw Army (YA) မုံရွာခရိုင်တပ်ရင်း(၃) တို့မှ ဟန်ချက်ညီညီဆင်နွှဲခဲ့ပြီး အာရက္ခတပ်တော်(AA) မှ စစ်လက်နက်၊ ခဲယမ်း၊ စစ်ကူများအပြင် စစ်ရေးဆိုင်ရာအကြံဉာဏ်များ နှင့် လိုအပ်သောအကူအညီများကို ပံ့ပိုးကူညီခဲ့ကြောင်း အသိပေးသည်။

ထို့ကြောင့် ယခုအချိန်တွင် မိမိတို့ချင်းညီနောင်မှ မင်းတပ်မြို့နယ် တစ်ခုလုံးအား အလုံးစုံထိန်းချုပ်ထားနိုင်ခဲ့ပြီး မင်းတပ်မြို့နယ်သည် စစ်ကောင်စီကင်းစင်သည့် မြို့နယ်တစ်ခု ဖြစ်လာခဲ့ပြီးဖြစ်ကြောင်း ကြေညာသည်။

မင်းတပ်မြို့သိမ်း စစ်ဆင်ရေးအတွင်း အသက်ပေးသွားကြသည့် အာဇာနည်သူရဲကောင်းများ၊ ကိုယ်လက်အင်္ဂါ ပေးဆပ်ခဲ့ကြသည့် ရဲဘော်များနှင့် အောင်ပွဲရသည်အထိ စွမ်းစွမ်းတမံ ချီတက်တိုက်ပွဲဝင် ခဲ့ကြသော တပ်မှူးများ၊ တပ်သားများ၏ အမိန့်နာခံမှု၊ တိုက်ရည်ခိုက်ရည်၊ ရဲစွမ်းသတ္တိ၊ ဇွဲလုံ့လရှိမှုတို့ကို လှိုက်လှဲစွာ လေးစားဂုဏ်ပြုကြောင်း ဖော်ပြပြီး ချင်းညီနောင်အနေဖြင့် ချင်းပြည်ရှိ မြို့နယ်များတွင် ကျန်ရှိနေသေးသည့် အကြမ်းဖက် စစ်ကောင်စီတပ်စခန်းများအား သိမ်းပိုက်နိုင်ရေး မဟာမိတ်များနှင့်အတူ တိုက်ပွဲဝင်မည်ဟု ထုတ်ပြန်သည်။

ချင်းညီနောင်သည် ဒီဇင်ဘာ ၂၁ရက်တွင် မင်းတပ်ကိုသိမ်းပိုက်နိုင်ခဲ့ပြီးနောက် ဒီဇင်ဘာ ၂၂ရက်တွင် ကန်ပက်လက်မြို့သိမ်း စစ်ဆင်ရေး စတင်ကြောင်းကြေညာခဲ့သည်။ ကန်ပက်လက်မြို့မှ စစ်ကောင်စီတပ်နှင့် ရဲများသည် ယမန်နေ့ ဒီဇင်ဘာ ၂၁ရက်ညပိုင်းက မြို့ကို စွန့်ခွာသွား၍ ယနေ့တွင် ချင်းညီနောင်က ကန်ပက်လက်ကို သေနတ်မဖောက်ရဘဲ သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ဟု ဒေသခံ သတင်းရင်းမြစ်များက ပြောသည်။ ထို့ကြောင့် ချင်းပြည်နယ်တောင်ပိုင်းတွင် စစ်ကောင်စီ ကင်းစင်သွားပြီဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

အနာဂတ်မှာနိုင်ငံရေး၊စီးပွားရေးမဟာမိတ်အဖြစ် ပူးပေါင်းချိတ်ဆက်ဖို့ဆွေးနွေးခဲ့ဟု ချင်းညီနောင်ပြော

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲ ဆန့်ကျင်ကန့်ကွက်ကြောင်း ချင်းညီနောင်က ယနေ့ စက်တင်ဘာ ၂၅ရက်မှာ ကြေညာချက်ထုတ်ပြန်ခဲ့ပြီး ထိန်းချုပ်နယ်မြေအတွင်း ရွေးကောက်ပွဲ ဖြစ်မြောက်ရေး ကြိုးပမ်းတွေကို တားမြစ်ကြောင်း ထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ကို ခုခံတော်လှန်စစ် မဖြစ်မနေဆင်နွှဲနေရသည့် အခြေအနေတွင် စစ်မတိုက်ဘဲ ဘာမှ ဖြစ်လာမည်မဟုတ်၍ တောင်တန်းနှင့်မြေပြန့်ဒေသရှိ တော်လှန်ရေးအင်အားစုများအားလုံး စစ်တိုက်ရန် အဓိက လိုအပ်ကြောင်း ချင်းညီနောင်စစ်ရေးကော်မတီ ဥက္ကဋ္ဌ၊ ချင်းဒေသကာကွယ်ရေးတပ်(CDF)-မင်းတပ် စစ်ဦးစီးချုပ် ဆလိုင်းထန်းချွန်းဖေက ပြောသည်။

သတင်း

အာဏာသိမ်းစစ်ကောင်စီကချင်းပြည်နယ်အတွင်းဆုံးရှုံးထားသည့် နယ်မြေများအား ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် စစ်အင်အားများ စုဖွဲ့ပြင်ဆင်နေသည်ကို ချင်းပြည်တောင်ပိုင်းနှင့် မြောက်ပိုင်း၌ပါ တွေ့ရှိနေရကြောင်း ချင်းညီနောင်ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ရှင်းပြပြီး စစ်ကောင်စီကို တန်ပြန်ရန် တော်လှန်ရေးအင်အားစုများအားလုံး ညီညွတ်ရေးလိုအပ်ကြောင်း ပြောကြားသည်။