Connect with us

Hi, what are you looking for?

သတင်း

ဧရာဝတီနှင့် ပဲခူးတိုင်းဆက်သွယ်ထားသည့်မဟာဗျူဟာလမ်းကို စစ်ကောင်စီက ပိတ်ဆို့စစ်ဆေးနေ

ပဲခူးတိုင်းဘက်မှတိုက်ပွဲများ၊ AA၏ ဂွမြို့သိမ်းတိုက်ပွဲများတွင် ဧရာဝတီတိုင်းမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အချို့ ဝင်ရောက်တိုက်ခိုက်နေကြောင်း သတင်းရရှိသည်။

ဧရာဝတီနှင့် ပဲခူးတိုင်းဆက်သွယ်ထားသည့်မဟာဗျူဟာလမ်းကို စစ်ကောင်စီက ပိတ်ဆို့စစ်ဆေးနေ
ဧရာဝတီနှင့် ပဲခူးတိုင်းဆက်သွယ်ထားသည့်မဟာဗျူဟာလမ်းကို စစ်ကောင်စီက ပိတ်ဆို့စစ်ဆေးနေ

ဇော်ဂျီ/People’s Spring

ဧရာဝတီတိုင်း နှင့် ပဲခူးတိုင်းဆက်သွယ်ထားသည့် ဟင်္သာတ-လက်ပံတန်း မဟာဗျူဟာလမ်းကို စစ်ကောင်စီက ပိတ်ဆို့ပြီး တင်းတင်းကြပ်ကြပ်စစ်ဆေးနေသည်။

ဧရာဝတီမြစ်ခြားလျှက်ရှိသော ဟင်္သာတ-လက်ပံတန်း မဟာဗျူဟာလမ်းသည် ဟင်္သာတမြို့တွင် ရန်ကုန် – ပြည်လမ်းမှ ခွဲထွက်လာပြီး လက်ပံတန်းမြို့ကို ချိတ်ဆက်ထားသည့် လမ်းကြမ်းဖြစ်သည်။ အဆိုပါလမ်းမှတစ်ဆင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ဧရာဝတီတိုင်းသို့ ဝင်ရောက်လာနိုင်သည်ဟုဆိုကာ စစ်ကောင်စီက ပိတ်ဆို့စစ်ဆေးနေခြင်းဖြစ်သည်။

“ဟင်္သာတဘက်မှာဆို အမှတ်(၂)ရဲစခန်းကကောင်တွေ လှေဆိပ်တွေအထိ ဆင်းပြီးစစ်နေတယ်။ စျေးတက်ဝယ်တဲ့ဒေသခံတွေကို စစ်ဆေးပြီးငွေညှစ်နေတယ်။ ရဲတပ်ဖွဲ့အင်အားနည်းလို့ ကြံ့ခိုင်ရေးပါတီက ကောင်တွေကို ခေါ်ထားတယ်” ဟု မြေပြင်သတင်းရင်းမြစ်တစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

ဟင်္သာတမြို့ဘက်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသေးသော်လည်း လက်ပံတန်းမြို့ဘက်တွင် သာယာဝတီခရိုင်မှပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက စစ်ရေးဖော်ဆောင်မှုများရှိနေသည်။

ယခုရက်ပိုင်းတွင် အာရက္ခတပ်တော် AAကဧရာဝတီတိုင်းနှင့်ဆက်စပ်နေသော ဂွမြို့နယ် မြို့သိမ်းတိုက်ပွဲကို တိုက်ခိုက်နေသည်။ ဂွမြို့နယ်နှင့်ဆက်စပ်နေသော ဒေသများကို စစ်ကောင်စီကလုံခြုံရေးတိုးထားသလို ပဲခူးတိုင်းနှင့်ဆက်စပ်နေသောဒေသများကိုလည်း လုံခြုံရေးတိုးမြင့်နေသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD)အောက်မှ တိုင်းစစ်ဌာန(ဧရာဝတီ)က ဧရာဝတီတိုင်းသို့ ထိုးဖောက်ဝင်ရောက်ရေးအတွက် မဟာမိတ် (EROs) များနှင့်ပူးပေါင်း၍တိုက်ပွဲဝင်လျက်ရှိကြောင်းဒီဇင်ဘာလ၁၂ရက်နေ့ကထုတ်ပြန်ထားသည်။

ပဲခူးတိုင်းဘက်မှတိုက်ပွဲများ၊ AA၏ ဂွမြို့သိမ်းတိုက်ပွဲများတွင် ဧရာဝတီတိုင်းမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အချို့ ဝင်ရောက်တိုက်ခိုက်နေကြောင်း သတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပဲခူးမြို့အနီးမှာ ဒီနေ့ နေ့မနက်ပိုင်း လှုပ်ရှားသခဲ့တဲ့ရစ်ခ်တာစကေး ၄.၆ အဆင့်ငလျင်ကို ရန်ကုန်မြို့မှာလည်း သိရှိခံစားခဲ့ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။