Connect with us

Hi, what are you looking for?

သတင်း

ဧရာဝတီနှင့် ပဲခူးတိုင်းဆက်သွယ်ထားသည့်မဟာဗျူဟာလမ်းကို စစ်ကောင်စီက ပိတ်ဆို့စစ်ဆေးနေ

ပဲခူးတိုင်းဘက်မှတိုက်ပွဲများ၊ AA၏ ဂွမြို့သိမ်းတိုက်ပွဲများတွင် ဧရာဝတီတိုင်းမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အချို့ ဝင်ရောက်တိုက်ခိုက်နေကြောင်း သတင်းရရှိသည်။

ဧရာဝတီနှင့် ပဲခူးတိုင်းဆက်သွယ်ထားသည့်မဟာဗျူဟာလမ်းကို စစ်ကောင်စီက ပိတ်ဆို့စစ်ဆေးနေ
ဧရာဝတီနှင့် ပဲခူးတိုင်းဆက်သွယ်ထားသည့်မဟာဗျူဟာလမ်းကို စစ်ကောင်စီက ပိတ်ဆို့စစ်ဆေးနေ

ဇော်ဂျီ/People’s Spring

ဧရာဝတီတိုင်း နှင့် ပဲခူးတိုင်းဆက်သွယ်ထားသည့် ဟင်္သာတ-လက်ပံတန်း မဟာဗျူဟာလမ်းကို စစ်ကောင်စီက ပိတ်ဆို့ပြီး တင်းတင်းကြပ်ကြပ်စစ်ဆေးနေသည်။

ဧရာဝတီမြစ်ခြားလျှက်ရှိသော ဟင်္သာတ-လက်ပံတန်း မဟာဗျူဟာလမ်းသည် ဟင်္သာတမြို့တွင် ရန်ကုန် – ပြည်လမ်းမှ ခွဲထွက်လာပြီး လက်ပံတန်းမြို့ကို ချိတ်ဆက်ထားသည့် လမ်းကြမ်းဖြစ်သည်။ အဆိုပါလမ်းမှတစ်ဆင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ဧရာဝတီတိုင်းသို့ ဝင်ရောက်လာနိုင်သည်ဟုဆိုကာ စစ်ကောင်စီက ပိတ်ဆို့စစ်ဆေးနေခြင်းဖြစ်သည်။

“ဟင်္သာတဘက်မှာဆို အမှတ်(၂)ရဲစခန်းကကောင်တွေ လှေဆိပ်တွေအထိ ဆင်းပြီးစစ်နေတယ်။ စျေးတက်ဝယ်တဲ့ဒေသခံတွေကို စစ်ဆေးပြီးငွေညှစ်နေတယ်။ ရဲတပ်ဖွဲ့အင်အားနည်းလို့ ကြံ့ခိုင်ရေးပါတီက ကောင်တွေကို ခေါ်ထားတယ်” ဟု မြေပြင်သတင်းရင်းမြစ်တစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

ဟင်္သာတမြို့ဘက်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသေးသော်လည်း လက်ပံတန်းမြို့ဘက်တွင် သာယာဝတီခရိုင်မှပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက စစ်ရေးဖော်ဆောင်မှုများရှိနေသည်။

ယခုရက်ပိုင်းတွင် အာရက္ခတပ်တော် AAကဧရာဝတီတိုင်းနှင့်ဆက်စပ်နေသော ဂွမြို့နယ် မြို့သိမ်းတိုက်ပွဲကို တိုက်ခိုက်နေသည်။ ဂွမြို့နယ်နှင့်ဆက်စပ်နေသော ဒေသများကို စစ်ကောင်စီကလုံခြုံရေးတိုးထားသလို ပဲခူးတိုင်းနှင့်ဆက်စပ်နေသောဒေသများကိုလည်း လုံခြုံရေးတိုးမြင့်နေသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD)အောက်မှ တိုင်းစစ်ဌာန(ဧရာဝတီ)က ဧရာဝတီတိုင်းသို့ ထိုးဖောက်ဝင်ရောက်ရေးအတွက် မဟာမိတ် (EROs) များနှင့်ပူးပေါင်း၍တိုက်ပွဲဝင်လျက်ရှိကြောင်းဒီဇင်ဘာလ၁၂ရက်နေ့ကထုတ်ပြန်ထားသည်။

ပဲခူးတိုင်းဘက်မှတိုက်ပွဲများ၊ AA၏ ဂွမြို့သိမ်းတိုက်ပွဲများတွင် ဧရာဝတီတိုင်းမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အချို့ ဝင်ရောက်တိုက်ခိုက်နေကြောင်း သတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူကို ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်ခြင်း၊ ပြုန်းတီးနေသည့် စစ်အင်အားများဖြည့်တင်းရန် လူသစ်စုဆောင်းခြင်း အပါအဝင် စစ်ကောင်စီကြောင့် ပြည်သူများ နည်းမျိုးစုံစိတ်ဒုက္ခကြုံနေရ၍ တော်လှန်ရေးကို မီးကုန်ယမ်းကုန်အားဖြည့်လုပ်ဆောင်နိုင်ရန် လိုအပ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားသည်။

ဆောင်းပါး

"အဲ့ဒါ အဲ့ဒါ ကျတော့်သမီးလေး။ သူ အသက်ရှိနေအုံးမှာ။ ကျတော်ကိုယ်တိုင် ဆွဲထုတ်ပါရစေဗျာ"

သတင်း

ဇန်နဝါရီ ၁၄ ရက်တွင်လည်းမ​ပေါက်ကွဲ​သေး​သော​ပေါင် ၅၀၀ ဗုံး​တွေ့

Infographics

အာဏာသိမ်းစစ်ကောင်စီတပ်က ဒီဇင်ဘာ ၃၀ ရက်မှ ဇန်နဝါရီလပထမနှစ်ပတ်အတွင်း ပြည်နယ် ၅ခုနှင့် တိုင်း ၅တိုင်းကို လေကြောင်းမှ ဆက်တိုက်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူအနည်းဆုံး ၉၀ သေဆုံးပြီး ၆၀ ကျော် ဒဏ်ရာရရှိခဲ့သည်။

Facebook