Connect with us

Hi, what are you looking for?

သတင်း

မုံရွာမြို့လယ်တွင် လူသတ်ပြီး ကားတစ်စီးယူလုယက်မှုဖြစ်

Wish အဖြူရောင်ကားတစ်စီးအား ယူဆောင် သွားခြင်းဖြစ်ပြီး လုယက်မှုနှင့် ပတ်သက်ပြီး အခြားအသေးစိတ်အချက်အလက်များအား မသိရသေးပေ။

(မုံရွာမြို့လယ်တနေရာအား တွေ့ရစဥ်။ဓာတ်ပုံ - CJ)
(မုံရွာမြို့လယ်တနေရာအား တွေ့ရစဥ်။ဓာတ်ပုံ - CJ)

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ မုံရွာမြို့လယ်တွင် လူသတ်ပြီး ကားတစ်စီးလုယက်ယူဆောင်မှု ယနေ့နံနက်က ဖြစ်ပွားခဲ့ကြောင်း မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ)တာဝန်ခံ ကိုအာကူးက ပြောသည်။

ယနေ့(ဒီဇင်ဘာ ၂၆ရက်) နံနက်ပိုင်းက မုံရွာမြို့ပေါ်ရှိ နေအိမ်တစ်အိမ်သို့ လူတစ်စုဝင်ရောက်လာပြီး အိမ်ရှင်အားသတ်ဖြတ်ကာ ကားတစ်စီးယူဆောင်သွားသည်ဟု ၎င်းက ပြောသည်။

“အသေးစိတ်ပြောပြလို့ မရသေးဘူး။ အခုအဲဒီကားကို တက်ဆွဲနေတယ်။ ပစ်ခတ်မှုဖြစ်နေတယ်”ဟု ကိုအာကူးက ပြောသည်။

Public Service Announcement

Public Service Announcement

Wish အဖြူရောင်ကားတစ်စီးအား ယူဆောင် သွားခြင်းဖြစ်ပြီး လုယက်မှုနှင့် ပတ်သက်ပြီး အခြားအသေးစိတ်အချက်အလက်များအား မသိရသေးပေ။

မုံရွာမြို့၊ ဗိုလ်တေဇလမ်းမြောက်ပိုင်းဘက် မန်ကျည်းပင်စျေးအနီး၌ ကားလုယူခံရခြင်းဖြစ်ပြီး ကားပိုင်ရှင်အမျိုးသမီးမှာ သေနတ်ဖြင့် လေးချက်ပစ်ခတ်ခံရပြီးနောက် သေဆုံးခဲ့ကြောင်း၊ လုယက်သူများမှာ လူငယ်အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးပါဝင်သည်ဟု စစ်ကောင်စီဝါဒဖြန့်ချန်နယ်များက ရေးသားထားသည်။

မုံရွာမြို့နယ်အတွင်းရှိ သက်ဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် တရားခံများအား ကိုယ့်‌နယ်မြေအတွင်းတွေ့ရှိပါက ဖမ်းဆီးထိန်းသိမ်းပြီး အကြောင်းကြားရန် မုံရွာပလဖက အသိပေးထားသည်။

၂၀၂၃ သြဂုတ်က မုံရွာမြို့၊ ထန်းတောရပ်ကွက်၊ အင်းဖြတ်လမ်းရှိ နေအိမ် ဓါးပြတိုက်ခံရပြီး သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးသေဆုံးခဲ့သည်။

၂၀၂၂ ဒီဇင်ဘာ ၂၀ရက်ကလည်း မုံရွာမြို့၊ ဗိုလ်ချုပ်လမ်းပေါ်ရှိ ​ရွှေမုံရွာ ရတနာရွှေဆိုင်ဓားပြတိုက်ခံရပြီး ဆိုင်ရှင်အမျိုးသားပါ သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသည်။

မုံရွာမြို့ပေါ်တွင် အာဏာသိမ်းကာလတလျှောက် ရွှေဆိုင်များ၊အခြားစီးပွားရေးလုပ်ငန်းများ မကြာခဏဓါးပြတိုက်ခံနေရပြီး လူသေဆုံးသည့်ဓါးပြမှုများပင် ရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မုံရွာမြို့နယ်အတွင်းက လယ်ဇင်ကျေးရွာနဲ့ သက္ကယ်ကျင်းကျေးရွာတွေမှာ လူတစုက Kpay နဲ့ Wavepay အကောင့်တွေကို တစ်ခု ကျပ် ၅၀,၀၀၀ ကနေ ၆၀,၀၀၀ ခန့်အထိပေးကာ လိုက်လံဝယ်ယူသူတွေရှိနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ် စစ်ကောင်စီတပ်ဂိတ်အနီးသေဆုံးနေတဲ့ အမျိုးသမီးဟာ ကြာပိုင်ကျေးရွာကနေ ဘုန်းကြီးမွေးနေ့ပွဲသွားရင်း ပျောက်ဆုံးသွားသူဖြစ်နေကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်က ခရီးသည်တင်ယာဥ်တစ်စီးကို သေနတ်နဲ့ပစ်ခတ်လို့ ယာဥ်မောင်းသေဆုံးခဲ့ရပါတယ်။

ဆောင်းပါး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ကိုရောက်ရင် ဒလီဗာရီ(ပစ္စည်းပို့)ဝန်ထမ်းတွေကိုကြည့်ပြီးစာဖတ်သူအနည်းငယ်အံ့သြနိုင်ပါတယ်။တခြားကြောင့်မဟုတ်ပါဘူး။ဒလီဗာရီဝန်ထမ်းတွေဟာ များသောအားဖြင့် လူငယ်လေးတွေ လုပ်ကြတာများပါတယ်။ ၂၀ ကျော် ၃၀ ကျော်တွေပေါ့။မုံရွာမြို့မှာတော့ တခြားဒေသက ဒလီဗာရီတွေထက် မတူတာက ပစ္စည်းပို့သူအများစုဟာ အသက်လေးဆယ်ကျော်တွေနဲ့ လူကြီးပိုင်းတွေ ဖြစ်နေတာပဲ။