Connect with us

Hi, what are you looking for?

သတင်း

လုံလောက်တဲ့ ဆေးကုသခွင့်မရလို့ နိုင်ကျဉ်း ၂၃ ဦးထိ အသက်ဆုံးရှုံးခဲ့ရ

လုံလောက်တဲ့ဆေးဝါးကုသခွင့်မရလို့ ဆုံးပါးရတဲ့နိုင်ကျဉ်းဦးရေ ဟာ မနှစ်က ထက် နှိုင်းယှဉ်ရင် အခု နှစ်မှာ ပိုမြင့်တက်လာတာပါ။

ဓာတ်ပုံ - PPNM
ဓာတ်ပုံ - PPNM

ဆိုင်းမင်း/People’s Spring

နိုင်ငံတဝှမ်းက စစ်ကောင်စီလက်အောက်ခံအကျဉ်းထောင်တွေမှာ လုံလောက်တဲ့ ဆေးဝါးကုသခွင့်မရတဲ့အတွက် ၂၀၂၄ ခုနှစ်အတွင်း နိုင်ငံရေးအကျဉ်းသား ၂၃ ဦးထိ သေဆုံးခဲ့ရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ရဲ့စာရင်းအရသိရပါတယ်။

အဲဒီစာရင်းဟာ ဒီဇင်ဘာလ ၂၇ ရက်အထိ ဖြစ်ပြီး အသက်ဆုံးရှုံးသူ နိုင်ကျဉ်း ၂၃ ဦးမှာ အမျိုးသမီး ၃ ဦး ပါဝင်ပါတယ်။

လုံလောက်တဲ့ဆေးဝါးကုသခွင့်မရလို့ ဆုံးပါးရတဲ့နိုင်ကျဉ်းဦးရေ ဟာ မနှစ်က ထက် နှိုင်းယှဉ်ရင် အခု နှစ်မှာ ပိုမြင့်တက်လာတာပါ။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်မှာတော့ နိုင်ကျဉ်း ၁၇ ဦး သေဆုံးခဲ့ရပါတယ်။

“ဒါဟာ အကျဥ်းထောင်တွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှု အဆိုးဆုံးအခြေနေကိုရောက်နေပြီဆိုတာကို ကျဆုံးသွားတဲ့ ရဲဘော်တွေရဲ့ အသက်တွေက သက်သေပြနေခြင်းပါ”လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) ရဲ့ တာဝန်ရှိသူ ကိုသိုက်ထွန်းဦးကပြောပါတယ်။

အကျဥ်းထောင်တွင်း လုံလောက်တဲ့ ဆေးဝါးစောင့်ရှောက်ခွင့်မရလို့သေဆုံးခဲ့သူတွေထဲမှာ ကင်ဆာရောဂါဝေဒနာခံစားခဲ့ရတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ ဖြစ်သူ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်လည်း ပါဝင်ခဲ့ပါတယ်။

သူ့ကို စစ်ကောင်စီက ရောဂါကျွမ်းတဲ့အခြေအနေ ရောက်မှ ပြင်ပဆေးရုံကိုပို့ဆောင်ပေးခဲ့သလို နောက်ဆုံးအချိန်ရောက်မှ ပြစ်ဒဏ်ကနေ လွတ်ငြိမ်းပေးခဲ့တာပါ။

မကွယ်လွန်မီ နာရီပိုင်းအလိုမှ လွတ်ငြိမ်းသက်သာခွင့်ကို ပေးတဲ့ စစ်ကောင်စီရဲ့လုပ်ရပ်ဟာ စစ်မှန်တဲ့ သနားကြင်နာမှု မဟုတ်ဘူးလို့ ဉရောပသမဂ္ဂ က ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။

ထောင်တွင်းလုံလောက် တဲ့ ဆေးဝါး ကုသခွင်မရလို့ နိုင်ကျဉ်းတွေ အသက်ဆုံးရှုံးရတဲ့ထောင်တွေကတော့ မန္တလေးအိုးဘိုထောင် ၊ ဒိုက်ဦးထောင်၊ကျိုက်မရောထောင် ၊ သာယာဝတီထောင် ၊ မကွေးထောင် ၊ထားဝယ်ထောင် ၊ ကလေးထောင် ၊ သရက်ထောင် ၊ အင်းစိန်ထောင် ၊ ပြည်ထောင်၊မြင်းခြံ ထောင် တို့အပြင် မုံရွာ မြို့မရဲစခန်းအချုပ်ခန်းတွေလည်းပါဝင်ပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေကို ဖိနှိပ်ရာမှာ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ရန်ကုန်မြို့ က အင်စိန်ထောင်မှာ နာမကျန်းဖြစ်လို့ ထောင်ဆေးခန်းကို သွားရင် ပါရာစီတမော (Paracetamol) တစ်မျိုးပဲ ပေးပြီး ပြန်လွှတ်တာကိုကြုံခဲ့ရတယ်လို့ လွတ်မြောက်လာတဲ့ နိုင်ကျဉ်းထံကသိရပါတယ်။

စစ်တပ်တကျော့ပြန် အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ၊ဖေဖော်ဝါရီလ ၁ ရက်ကစတင်ပြီး အာဏာသိမ်းကာလအတွင်းဖမ်းဆီးခံရသူ စုစုပေါင်း ၂၈,၀၄၆ဦးရှိပြီး အဲဒီအထဲက ၂၁,၄၇၅ ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့စာရင်းအရသိရပါတယ်။

ထိန်းသိမ်းခံရသူတွေထဲက ၉,၉၁၉ ဦးကတော့ထောင်ဒဏ်တွေ ချမှတ်ခံရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မြင်းခြံထောင်မှ ကိုနိုင်ဝင်းထွန်း(ခ)ဖားပြုတ်မှာမူ အကျဉ်းဦးစီးအရာရှိမှ ညှဉ်းပန်းနှိပ်စက် ရိုက်နှက်မှုကြောင့် အကျဉ်းထောင်တွင်း ကျဆုံးခဲ့ရကြောင်း PPNMကဆိုသည်။

သတင်း

အဆိုပါရေတပ်သားသည် စစ်တပ်အာဏာသိမ်းစဉ်တွင် ၂၀၂၁ မတ်လအတွင်းက ပြည်သူ့ဘက် ရပ်တည်ပြီး CDMပြုလုပ်ခဲ့ကြောင်း PPNMက ထုတ်ပြန်သည်။

သတင်း

ယခု ၂၀၂၄အတွင်း ကျဆုံးနိုင်ငံရေးအကျဥ်းသားများအနက် အသက် (၇၄)နှစ်အရွယ် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်လည်း ပါဝင်သည်။

သတင်း

ကိုသစ်ဆန်းဦးနှင့် CDM ကျောင်းဆရာမတစ်ဦးကို စစ်ကောင်စီတပ်က လွန်ခဲ့သော ငါးလခန့်တွင် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ကျန်းမာရေးမကောင်းဖြစ်နေသည်ကို ဆေးကုသခွင့်မပေးခဲ့ဘဲ တမူးရဲစခန်းအချုပ်၌ ချုပ်ထားရာမှ သေဆုံးသွားခြင်းဟု သိရသည်။