Connect with us

Hi, what are you looking for?

သတင်း

မင်းတပ်မှ ထွက်ပြေးသော စစ်သားနှင့် မိသားစုဝင် ၁၂ ဦး ဖမ်းမိ

စစ်ကောင်စီတပ်သား ခိုင်မင်းအောင်နှင့်ဝင်းနိုင်စိုးအပါအဝင် ၁၂ဦးကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း ယောဗျူဟာက ဒီဇင်ဘာလ၂၇ရက်တွင် သတင်းထုတ်ပြန်သည်။

(မင်းတပ် ခလရ (၂၇၄)မှ ထွက်​ပြေးသွား​သောစစ်သားနှင့် မိသားစုဝင်များကို​ယောဗျူဟာကဖမ်းဆီးပြီး​နောက်​တွေ့ရစဥ်။ဓါတ်ပုံ-​ယောဗျူဟာ)
(မင်းတပ် ခလရ (၂၇၄)မှ ထွက်​ပြေးသွား​သောစစ်သားနှင့် မိသားစုဝင်များကို​ယောဗျူဟာကဖမ်းဆီးပြီး​နောက်​တွေ့ရစဥ်။ဓါတ်ပုံ-​ယောဗျူဟာ)

အိမ်သွင်/People’s Spring

မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်း ထွက်ပြေးသွားသောအမှတ် (၂၇၄) ​ခြေလျင်တပ်ရင်း( ခလရ -၂၇၄)မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်မိသားစုဝင် စုစုပေါင်း၁၂ဦးကိုယောဗျူဟာက ဖမ်းဆီး ထိန်းသိမ်းလိုက်သည်။

စစ်ကောင်စီတပ်သား ခိုင်မင်းအောင်နှင့်ဝင်းနိုင်စိုးအပါအဝင် ၁၂ဦးကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း ယောဗျူဟာက ဒီဇင်ဘာလ၂၇ရက်တွင် သတင်းထုတ်ပြန်သည်။

(မင်းတပ် ခလရ (၂၇၄)မှ ထွက်​ပြေးသွား​သောစစ်သားနှင့် မိသားစုဝင်များကို​ယောဗျူဟာကဖမ်းဆီးပြီး​နောက်​တွေ့ရစဥ်။ဓါတ်ပုံ-​ယောဗျူဟာ)
(မင်းတပ် ခလရ (၂၇၄)မှ ထွက်​ပြေးသွား​သောစစ်သားနှင့် မိသားစုဝင်များကို​ယောဗျူဟာကဖမ်းဆီးပြီး​နောက်​တွေ့ရစဥ်။ဓါတ်ပုံ-​ယောဗျူဟာ)

၎င်းတို့နှင့်အတူ စစ်သုံးပစ္စည်းအချို့ကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း ဓာတ်ပုံမှတ်တမ်းများဖြင့်ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

မင်းတပ်မြို့သိမ်းတိုက်ပွဲကို ချင်းညီနောင်စစ်ဆင်ရေး (Operation CB) အဖြစ် ချင်းညီနောင် တပ်များနှင့်မဟာမိတ်များဖြစ်ကြသည့် Yaw Defense Force (YDF)၊ Yaw Army (YA)၊မုံရွာခရိုင်တပ်ရင်း(၃)တို့က နိုဝင်ဘာလ ၉ ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့ပြီး ဒီဇင်ဘာလ၂၁ရက်နေ့တွင် မြို့ကိုအပြီးသတ် သိမ်းပိုက်နိုင်ခဲ့သည်။ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂၃ဦးနှင့် မိသားစုဝင်များ လက်နက်ချအညံ့ခံခဲ့သည်ဟု CDF မင်းတပ်က သတင်းထုတ်ပြန်ထားသည်။

(မင်းတပ် ခလရ (၂၇၄)မှ ထွက်​ပြေးသွား​သောစစ်သားနှင့် မိသားစုဝင်များကို​ယောဗျူဟာကဖမ်းဆီးပြီး​နောက်​တွေ့ရစဥ်။ဓါတ်ပုံ-​ယောဗျူဟာ)
(မင်းတပ် ခလရ (၂၇၄)မှ ထွက်​ပြေးသွား​သောစစ်သားနှင့် မိသားစုဝင်များကို​ယောဗျူဟာကဖမ်းဆီးပြီး​နောက်​တွေ့ရစဥ်။ဓါတ်ပုံ-​ယောဗျူဟာ)

၃၀ ထက်မနည်း ထွက်ပြေးလွတ်မြောက်သွားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံမှသိရပြီးကျောက်ထုအမြောက်တပ်သို့ ဦးတည်၍ ထွက်ပြေးသွားစဉ် ချင်းညီနောင်နှင့်မဟာမိတ်များက ပိတ်ဆို့ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့(ဖေဖော်ဝါရီ ၂ရက်)မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု ထပ်မံ ပြုလုပ်ခဲ့ကြောင်း ဒေသသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

MNDAA-မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မ​တော်က စစ်ကောင်စီစစ်သားစစ်သုံ့ပန်း ၅၀၀ကို ဒီကနေ့ ပြန်လွှတ်ပေးလိုက်တယ်လို့ ကိုးကန့်တပ်MNDAAက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီထောင်ကထွက်ပြေးသွားသူတချို့ကို ပစ်ခတ်ဖမ်းဆီးရမိထားတယ်လို့ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC တွဲဖက် အတွင်းရေးမှူး ဦးဗညားက လူထုနွေဦးကို ပြောပါတယ်။

သတင်း

စစ်​ကောင်စီက သက်ရှိစည်းရိုး လို့ ဝါဒဖြန့်စစ်ကားဇာတ်လမ်းရိုက်ခဲ့တဲ့ မြန်မာ-ထိုင်းနယ်စပ် ဥကရစ်ထ စစ်တပ်စခန်းက စစ်သား ၁၀၀ ခန့်ဟာထိုင်းနိုင်ငံဘက်ကို ထွက်​ပြေးလာတယ်လို့ ထိုင်းနယ်စပ်ကမီဒီယာတွေက​ဖော်ပြပါတယ် ။