အိမ်သွင်/People’s Spring
မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်း ထွက်ပြေးသွားသောအမှတ် (၂၇၄) ခြေလျင်တပ်ရင်း( ခလရ -၂၇၄)မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်မိသားစုဝင် စုစုပေါင်း၁၂ဦးကိုယောဗျူဟာက ဖမ်းဆီး ထိန်းသိမ်းလိုက်သည်။
စစ်ကောင်စီတပ်သား ခိုင်မင်းအောင်နှင့်ဝင်းနိုင်စိုးအပါအဝင် ၁၂ဦးကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း ယောဗျူဟာက ဒီဇင်ဘာလ၂၇ရက်တွင် သတင်းထုတ်ပြန်သည်။
၎င်းတို့နှင့်အတူ စစ်သုံးပစ္စည်းအချို့ကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း ဓာတ်ပုံမှတ်တမ်းများဖြင့်ထုတ်ပြန်ထားသည်။
မင်းတပ်မြို့သိမ်းတိုက်ပွဲကို ချင်းညီနောင်စစ်ဆင်ရေး (Operation CB) အဖြစ် ချင်းညီနောင် တပ်များနှင့်မဟာမိတ်များဖြစ်ကြသည့် Yaw Defense Force (YDF)၊ Yaw Army (YA)၊မုံရွာခရိုင်တပ်ရင်း(၃)တို့က နိုဝင်ဘာလ ၉ ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့ပြီး ဒီဇင်ဘာလ၂၁ရက်နေ့တွင် မြို့ကိုအပြီးသတ် သိမ်းပိုက်နိုင်ခဲ့သည်။ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂၃ဦးနှင့် မိသားစုဝင်များ လက်နက်ချအညံ့ခံခဲ့သည်ဟု CDF မင်းတပ်က သတင်းထုတ်ပြန်ထားသည်။
၃၀ ထက်မနည်း ထွက်ပြေးလွတ်မြောက်သွားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံမှသိရပြီးကျောက်ထုအမြောက်တပ်သို့ ဦးတည်၍ ထွက်ပြေးသွားစဉ် ချင်းညီနောင်နှင့်မဟာမိတ်များက ပိတ်ဆို့ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။