Connect with us

Hi, what are you looking for?

သတင်း

၂၀၂၁ စစ်အာဏာရှင်ဆန္ဒပြသည့်နေရာများတွင် မင်းတပ်မြို့သိမ်းပြီး စစ်သုံ့ပမ်းများအား ဖမ်းဆီးရရှိမှု CDF နှိုင်းယှဉ်ပြသ

မင်းတပ်မြို့ မြို့မစျေးအနီးတွင် ၂၀၂၁ ကပြည်သူများထိုင်၍ ဆန္ဒထုတ်ဖော်နေသည့် မြင်ကွင်းနှင့် စစ်ကောင်စီတပ်သားအချို့အား မြို့မစျေးအနီး၌ ဖမ်းဆီးရရှိထားသည့် ဓာတ်ပုံမြင်ကွင်းကိုလည်း ဖော်ပြခဲ့သည်။

၂၀၂၁ စစ်အာဏာရှင်ဆန္ဒပြသည့်နေရာများတွင် မင်းတပ်မြို့သိမ်းပြီး စစ်သုံ့ပမ်းများအား ဖမ်းဆီးရရှိမှု CDF နှိုင်းယှဉ်ပြသ
၂၀၂၁ စစ်အာဏာရှင်ဆန္ဒပြသည့်နေရာများတွင် မင်းတပ်မြို့သိမ်းပြီး စစ်သုံ့ပမ်းများအား ဖမ်းဆီးရရှိမှု CDF နှိုင်းယှဉ်ပြသ

▪️လေးနှစ်နီးပါး စွန့်ခွာခဲ့ရသည့် နေအိမ်ကို မင်းတပ်မြို့ခံအချို့ ပြန်ရောက်

ဟန်နွေ/People’s Spring

ချင်းပြည်နယ် မင်းတပ်မြို့ကို ချင်းဒေသကာကွယ်ရေးတပ်(CDF)-မင်းတပ်ပါဝင်သည့် ချင်းညီနောင်နှင့် မဟာမိတ်များက သိမ်းပိုက်ပြီးနောက် ၂၀၂၁ စစ်အာဏာသိမ်းစက ပြည်သူများက စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်သည့် နေရာ၌ မြို့သိမ်းတိုက်ပွဲအတွင်း ဖမ်းမိစစ်သုံ့ပမ်းများအားထားရှိပြီး နှိုင်းယှဉ်ပြသသည့် ဓာတ်ပုံအချို့ကို CDF မင်းတပ်က ထုတ်ပြန်ပြသခဲ့သည်။

မင်းတပ်မြို့ကို ဒီဇင်ဘာ ၂၁ရက်တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ရာ စစ်သုံ့ပမ်းရာချီ ဖမ်းမိခဲ့ခြင်းဖြစ်သည်။

၂၀၂၁ စစ်အာဏာရှင်ဆန္ဒပြသည့်နေရာများတွင် မင်းတပ်မြို့သိမ်းပြီး စစ်သုံ့ပမ်းများအား ဖမ်းဆီးရရှိမှု CDF နှိုင်းယှဉ်ပြသ
၂၀၂၁ စစ်အာဏာရှင်ဆန္ဒပြသည့်နေရာများတွင် မင်းတပ်မြို့သိမ်းပြီး စစ်သုံ့ပမ်းများအား ဖမ်းဆီးရရှိမှု CDF နှိုင်းယှဉ်ပြသ

CDF မင်းတပ်က ဖော်ပြခဲ့သည့် ဓာတ်ပုံတွင် မင်းတပ်မြို့ စီးပွားရေးဘဏ်အောက်ရှိ မင်းတပ် – မတူပီလမ်းမကြီး၌ ၂၀၂၁က ပြည်သူများ ဆန္ဒထုတ်ဖော်ချီတက်နေသည့် မြင်ကွင်း၊ ယင်းနေရာ၌ပင် ၂၀၂၄ ဒီဇင်ဘာတွင် ဖမ်းမိသည့် စစ်သုံ့ပမ်းများအား တန်းစီထားရှိသည့် မှတ်တမ်းတင်ထားသည့် မြင်ကွင်းတို့ကို ဖော်ပြခဲ့သည်။

Public Service Announcement

Public Service Announcement

ထို့ပြင် မင်းတပ်မြို့ မြို့မစျေးအနီးတွင် ၂၀၂၁ ကပြည်သူများထိုင်၍ ဆန္ဒထုတ်ဖော်နေသည့် မြင်ကွင်းနှင့် စစ်ကောင်စီတပ်သားအချို့အား မြို့မစျေးအနီး၌ ဖမ်းဆီးရရှိထားသည့် ဓာတ်ပုံမြင်ကွင်းကိုလည်း ဖော်ပြခဲ့သည်။

မင်းတပ်မြို့ခံများသည် စစ်အာဏာရှင်ကို ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြသော်လည်း အာဏာသိမ်းစစ်တပ်က ရက်စက်စွာ ဖြိုခွင်းမှုများကြောင့် လက်နက်ကိုင်တော်လှန်မှုကို အစောဆုံးစတင်ခဲ့သည် နွေဦးတော်လှန်ရေး၏ တိုက်ပွဲခေါ်သံကို ဖော်ဆောင်ခဲ့ကြသည်။

၂၀၂၁ ဧပြီတွင် လက်နက်ကြီး၊ လက်နက်ငယ်မျိုးစုံဖြင့် ခေတ်မီလက်နက်များ တပ်ဆင်ထားသည့် စစ်ကောင်စီတပ် ယာဉ်တန်းကို တူမီးသေနတ်အသုံးပြုတိုက်ခိုက်ချေမှုန်းပြသခဲ့သည့် မင်းတပ်သားများသည် တော်လှန်ရေးကာလ လေးနှစ်နီးပါးအကြာ ၂၀၂၄ ဒီဇင်ဘာတွင် မြို့ကို အလုံးစုံသိမ်းပိုက်နိုင်သည်အထိ အောင်မြင်မှုရခဲ့သည်။

မင်းတပ်မြို့သိမ်းနိုင်ပြီဖြစ်၍ ဒေသခံအချို့လည်း မြို့ရှိ နေအိမ်များကို ပြန်လာခွင့်ရခဲ့ကြသည်ကိုလည်း တွေ့ရသည်။

မင်းတပ်ဒေသ စစ်ရေးသတင်းအချို့(အထူးသဖြင့် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု၊ နေအိမ်မီးရှို့မှု၊ စစ်ရေးလှုပ်ရှားမှုနှင့် ပြည်သူများ ဖမ်းဆီးခံရမှု)အခြေအနေများကို ဖော်ပြနေသည့် မင်းတပ်ဒေသခံ ကို HKLက ယနေ့တွင် မင်းတပ်ရှိနေအိမ်ကို ပြန်ရောက်နိုင်ပြီဖြစ်ကြောင်း လူမှုကွန်ရက်၌ ဖော်ပြအသိပေးသည်။

” အတိုင်းမသိအောင် ဝမ်းသာတယ်ဗျာ။ ပြန်မရောက်ဖြစ်တာ အရမ်းကြာတော့ အရမ်းသတိမရသလိုဖြစ်လာသော်လည်း မြို့ထဲ စဝင်တော့ ဝမ်းနည်းဝမ်းသာ ဖြစ် မျက်ရည်ကျမတက် ပျော်မိတယ်ဗျာ”ဟု ကို HKLက အိမ်ပြန်ခွင့်ရရှိမှုအပေါ် ပြောသည်။

အဝေးရောက်နေသည့်အမျိုးများ မကြာမီ မြို့၌ ပြန်ဆုံတွေ့ရမည်ဖြစ်၍ အားတင်းထားကြရန် ၎င်းက ပြောသည်။

” ကျဆုံးသွားတဲ့ ရဲဘော်တွေကိုယ်လက်အင်္ဂါ ထိခိုက်သွားတဲ့သူတွေအတွက် ထပ်တူထပ်မျှ ကြေကွဲဝမ်းနည်းရပါတယ်။ သူတို့ရဲ့ ပေးဆပ်မှုတွေကြောင့်သာ ကျနော်တို့ အခုလိုမြို့ကိုပြန်ရနိုင်တာပါ။ ရဲစွမ်းသတ္တိနဲ့ ပြည်စုံတဲ့ ဘယ်တော့မှ မမေ့နိုင်တဲ့ အာဇာနည်သူရဲကောင်းတွေပါ”ဟု ကို HKLက ပြောသည်။

မင်းတပ်ဒေသခံအချို့ နေအိမ်ပြန်ကြည့်မှုရှိသော်လည်း စစ်ကောင်စီ လေကြောင်းနှင့် မိုင်းအန္တရာယ်များကြောင့် မြို့ရှိပြည်သူများအနေဖြင့် လတ်တလောတွင် မြို့ပေါ် ဝင်ထွက်သွားလာခြင်းမပြုသေးရန် CDF မင်းတပ်က အသိပေးထုတ်ပြန်ထားသည်။

” ကျနော်တို့လုပ်လို့ရသမျှ လူထုရဲ့ဘ၀လုံခြုံရေးအတွက်ကြိုးစားပြီး လုပ်သွားဖို့ရှိပါတယ်။ အဲဒါပြီးတာနဲ့ ကျနော်တို့ စောစောကပြောတဲ့ မိုင်းရှင်းလင်းရေးကိစ္စ၊ သန့်ရှင်းရေးစသည် အားဖြင့်ပေါ့။ ဒါတွေကို သေချာလေး စနစ်တကျ ပြန်လုပ်ပြီးမှ ပြည်သူကို အတက်နိုင်ဆုံး လုံခြုံစိတ်ချတဲ့အနေအထားမှာ ကျနော်တို့ ပြန်ပြီးတော့ အခြေချနေထိုင်ခွင့်တွေ အခြေအနေပေါ်ကြည့်ပြီး ကျနော်တို့ ဆောင်ရွက်သွားဖို့ရှိပါတယ်”ဟု CDF မင်းတပ် စစ်ဦးစီးချုပ် ဆလိုင်းထန်းချွန်းဖေက ဒီဇင်ဘာ ၂၃ရက် ချင်းညီနောင်၏ သတင်းစာရှင်းလင်းပွဲ၌ ထည့်သွင်း ပြောကြားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းဘာသာဖြင့် CDF ဟားခါးက သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး လက်နက်နှင့်အလင်းဝင်လာသူများ၏ ဓာတ်ပုံကို ဖော်ပြထားသည်။

သတင်း

ဒီဇင်ဘာ ၂၁ရက်တွင် မင်းတပ်မြို့ကို ချင်းညီနောင်နှင့်မဟာမိတ်များက အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ရာ အောင်ပွဲရ ရဲဘော်များကို သက်ဆိုင်ရာ ဒေသပြည်သူများက ကြိုဆိုခဲ့ကြသည်။

သတင်း

ဒီဆန္ဒပြမှုဓာတ်ပုံတွေထွက်လာပြီးတဲ့နောက် မန္တလေးတောင်နဲ့ မြို့တွင်းတွေပါ စစ်တပ်ကလုံခြုံရေးတွေတင်းကြပ်နေတယ်လို့မြို့ခံတစ်ဦးကလည်း ပြောပါတယ်။

သတင်း

မင်းတပ်မြို့သိမ်းတိုက်ပွဲကို ရက်ပေါင်း ၄၀ကျော်ကြာ ဆင်နွှဲခဲ့ရာ မုံရွာခရိုင် တပ်ရင်း ၃က ရဲဘော် ၇ဦးကျဆုံးခဲ့သည်။ အခြား CDF တပ်နှင့်မဟာမိတ်များမှ ရဲဘော်များလည်း ကျဆုံးထိခိုက်ရှိခဲ့သည်။