Connect with us

Hi, what are you looking for?

သတင်း

မာနယ်ပလောကို ပြန်လည်ရယူရာမှာ အသက်သွေးချွေးပေးဆပ်ခဲ့ရတယ်လို့ KNU ဆို

မာနယ်ပလော ပြန်လည်ရရှိတဲ့အပေါ် ပဒိုစောကလယ်စေး ရဲ့ ပြောကြားချက် ဗီဒီယို ကို KNU ဗဟိုက ဒီနေ့ ဒီဇင်ဘာလ ၂၈ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

KNU ရဲ့ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေး
KNU ရဲ့ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေး

နိုင်ပကောင်း/People’s Spring

ဌာနချုပ်ဟောင်း မာနယ်ပလောကို ပြန်လည်ရယူရာမှာ တော်လှန်ရေးအင်အားစုတွေ ပူးပေါင်းပါဝင်ခဲ့ကြပြီး အသက်သွေးချွေးတွေ ပေးဆပ်ခဲ့ရတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေးကပြောပါတယ်။

မာနယ်ပလော ပြန်လည်ရရှိတဲ့အပေါ် ပဒိုစောကလယ်စေး ရဲ့ ပြောကြားချက် ဗီဒီယို ကို KNU ဗဟိုက ဒီနေ့ ဒီဇင်ဘာလ ၂၈ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

“ဂုဏ်သိက္ခာနဲ့ ကမ္ဘာကျော်ခဲ့တဲ့ ဌာနချုပ်ကြီးကို ကျွန်တော်တို့ကတော့ သမိုင်းမှတ်တိုင်အရ အကောင်းဆုံး ကျွန်တော်တို့ ပြန်လည်ကာကွယ်နိုင်တဲ့အခွင့်အလမ်း ကျွန်တော်တို့လက်ထဲ ပြန်ရောက်လာတယ်” လို့ ပဒိုစောကလယ်စေးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

KNU ဌာနချုပ်ဟောင်း မာနယ်ပလော ဒေသမှာ နောက်ဆုံးကျန်ရှိတဲ့ နို့ဒေးစခန်းကို ဒီဇင်ဘာလ ၁၆ ရက်မှာ KNU ရဲ့ ပူးပေါင်းတပ်ကတိုက်ခိုက်သိမ်းယူလိုက်ပြီး မာနယ်ပလောမှာ စစ်တပ်စခန်းတွေ ကင်းစင်သွားတာပါ။

နို့ဒေးစခန်းသိမ်းတိုက်ပွဲမှာ စစ်တပ်ရဲ့ တပ်ရင်းမှုး ၁ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၆ ဦးကို KNU က ဖမ်းမိခဲ့ပြီး လက်နက်ကြီး ၊လက်နက်ငယ် အပါအဝင် ခဲယမ်းအများအပြား သိမ်းဆည်းရမိခဲ့ပါတယ်။

မာနယ်ပလောဒေသက KNU တပ်မဟာ (၇) နယ်မြေမှာ တည်ရှိပြီး အဲဒီဒေသအတွင်း တပ်စွဲထားတဲ့ စစ်တပ်စခန်းတွေကို ၂၀၂၄ ခုနှစ် ၊နှစ်လယ်ပိုင်းကစပြီး KNU က ထိုးစစ်ဆင်ခဲ့တာပါ။

လက်ရှိမှာ ဌာနချုပ်ဟောင်းနေရာအပြင် ကရင်ပြည်နယ်က ကျိုက်ဒုံမြို့၊ စုကလိမြို့ ၊ လေးကေကော်မြို့ ၊ ဖာပွန်မြို့ နဲ့ သင်္ကန်းညီနောင်ဒေသတွေကို KNU က သိမ်းယူနိုင်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။