Connect with us

Hi, what are you looking for?

သတင်း

ဂွတိုက်ပွဲ၌ သေဆုံး၊ ဒဏ်ရာရစစ်သားများကို ပုသိမ်သို့ စစ်ကောင်စီပို့

ဂွမြို့နယ်တိုက်ပွဲများအတွင်း စစ်ကောင်စီထိခိုက်သေဆုံးမှုများပြားနေပြီးမြို့သိမ်းတိုက်ပွဲအတွက် ထိုးစစ်အရှိန်အဟုန်မြှင့်နေကြောင်း AAက ဒီဇင်ဘာလ၂၁ရက်တွင် သတင်းထုတ်ပြန်ထားသည်။

ဂွမြို့ရှိ ခမရ (၅၆၂) ၊ ခမရ (၅၆၃) ​တပ်ရင်းတည်​နေရာ​မြေပုံ
ဂွမြို့ရှိ ခမရ (၅၆၂) ၊ ခမရ (၅၆၃) ​တပ်ရင်းတည်​နေရာ​မြေပုံ

ဇော်ဂျီ(ဧရာဝတီ)/People’s Spring

ဂွမြို့နယ်တိုက်ပွဲတွင် သေဆုံးသူများနှင့် ဒဏ်ရာရသည့် ရာချီသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုဂွ- ရွှေသောင်ယံ-သာပေါင်းလမ်းမှတစ်ဆင့် စစ်ကောင်စီက ကားများဖြင့်ခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။

“ဟိုတနေ့က ကား ၁၇စီးတက်သွားတယ်။ ၇ စီးပြန်ဆင်းလာတယ်။ သေတာ တွေရော၊ အတိုအပြတ်တွေပါ ပြန်တင်လာတာ။ ၁၀၀ ကျော်တယ်” ဟု နယ်မြေခံသတင်းမြစ်တဦးကပြောသည်။

ဂွမြို့အမှတ်( ၅၆၂)ခြေမြန်တပ်ရင်း(ခမရ-၅၆၂)နှင့် အမှတ်(၅၆၃)​ခြေမြန်တပ်ရင်း(ခမရ-၅၆၃)ကို AAက ထိုးစစ်စင်တိုက်ခိုက်နေပြီး စစ်ကောင်စီသည် ငါးသိုင်းချောင်း-ဂွလမ်းအပြင် သာပေါင်း-ရွှေသောင်ယံ- ဂွလမ်းမှတဆင့်လည်း စစ်ကူများပို့ဆောင်နေသည်။

Public Service Announcement

Public Service Announcement

နပခ သိမ်းတိုက်ပွဲမှ စစ်သုံ့ပန်းများ
နပခ သိမ်းတိုက်ပွဲမှ စစ်သုံ့ပန်းများ

ဂွမြို့နယ်တိုက်ပွဲများအတွင်း စစ်ကောင်စီထိခိုက်သေဆုံးမှုများပြားနေပြီးမြို့သိမ်းတိုက်ပွဲအတွက် ထိုးစစ်အရှိန်အဟုန်မြှင့်နေကြောင်း AAက ဒီဇင်ဘာလ၂၁ရက်တွင် သတင်းထုတ်ပြန်ထားသည်။

“ဂွမှာတိုက်ပွဲအရမ်းပြင်းနေတယ်။ ၅၆၂ နဲ့ ၅၆၃ကို AAက တိုက်နေတာ။ လက်နက်ကြီးပစ်ခတ်သံတွေ အကျယ်ကြီးကြားနေရတယ်။ အိမ်တွေတောင်တုန်တယ်” ဟု ရွှေသောင်ယံမြို့မှ ဒေသခံတဦးကပြောသည်။

ပြီးခဲ့သည့်ဒီဇင်ဘာလလယ်ကတိုက်ပွဲတွင် ဒဏ်ရာရရှိသူများကို စစ်ကောင်စီက ဂွ- ငါးသိုင်းချောင်းလမ်းမှတစ်ဆင့် ရေကြည်နှင့် ပုသိမ်ဆေးရုံသို့ပို့ဆောင်ခဲ့သည်။ အဆိုပါလမ်းပိုင်းတွင် AAက တိုက်ခိုက်မှုများရှိနေရာ စစ်ကောင်စီကဂွ- ရွှေသောင်ယံ-သာပေါင်းလမ်းကို အသုံးပြုနေခြင်းဖြစ်သည်။

အမ်း နပခသိမ်းတိုက်ပွဲတွင်တိုက်ပွဲဝင်​နေ​သောAAစစ်သည်များ
အမ်း နပခသိမ်းတိုက်ပွဲတွင်တိုက်ပွဲဝင်​နေ​သောAAစစ်သည်များ

ထိုသို့ပို့ဆောင်စဉ် ရေကြည်ဆေးရုံမှအရပ်သားလူနာများကို စစ်ကောင်စီက အတင်းအကြပ်ဆင်းခိုင်းခဲ့သည်။ ပုသိမ်တွင် ဆေးကုနေရသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို စစ်ကောင်စီဒုတိယခေါင်းဆောင် ဒုဗိုလ်ချုပ်ကြီးစိုးဝင်းကဒီဇင်ဘာလ၂၇ရက်တွင် သွားရောက်တွေ့ဆုံခဲ့သည်။

ဂွ- ရွှေသောင်ယံ-သာပေါင်းလမ်းသည် ချောင်းသာနှင့် ‌ငွေဆောင်သို့ သွားသည့် လမ်းပိုင်း၌ပါဝင်သည်။ လက်ရှိအခြေအနေတွင် အဆိုပါလမ်းကိုအသုံးပြု၍ခရီးသွားလာမည်သူများ လုံခြုံရေးအန္တရာယ်ရှိနေကြောင်း ဒေသခံများကသတိပေးသည်။

စစ်ကောင်စီသည် ရခိုင်ပြည်နယ်နှင့်ထိစပ်နေသော ရေကြည်၊ ငါးသိုင်းချောင်း၊ လေးမျက်နှာ၊ ရွှေ သောင်ယံနှင့်သာပေါင်းမြို့နယ်များတွင် လုံခြုံရေးတိုးထားသည်။ တပ်ဖွဲ့ဝင်အင်အားမလုံလောက်၍ စစ်မှုထမ်းသင်တန်းဆင်းများကိုလည်း ဂွမြို့နယ်သို့ပို့နေသည်။

ဧရာဝတီတိုင်းအတွင်းသို့ တစ်ဆင့်ချင်းတစ်ဆင့်ချင်း ဆုတ်ခွာထွက်ပြေးနေသော စစ်ကောင်စီတပ်များကို အဆက်မပြတ်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်ဟု AAက သတင်းထုတ်ပြန်ထားသည်။

(ဂွမြို့ရှိ ခမရ (၅၆၂) ၊ ခမရ (၅၆၃) ​တပ်ရင်းတည်​နေရာ​မြေပုံ နှင့် အမ်း နပခသိမ်းတိုက်ပွဲတွင်တိုက်ပွဲဝင်​နေ​သောAAစစ်သည်များ /နပခ သိမ်းတိုက်ပွဲမှ စစ်သုံ့ပန်းများ ။ဓါတ်ပုံ-AA Info Desk)

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်သားတွေ ကိုယ့်အသက်ဘေးကာကွယ်ဖို့ တော်လှန်ရေးတပ်တွေထံ ဘက်ပြောင်းခိုလှုံ ကြဖို့ KNU ထပ်မံတိုက်တွန်း

သတင်း

ခေါင်လန်ဖူးဒေသခံတွေ ပူတာအိုဘက် စစ်ရှောင်ရဟု KIA ပြော

သတင်း

ချင်းညီနောင်အဖွဲ့ဝင် ချင်းပြည်သူ့တပ်မတော်(CPA)ထိန်းချုပ်နယ်မြေတွေ ဖြစ်တဲ့ ချင်းတောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တိုက်ပွဲတွေမှာ စစ်တပ်က သေဆုံးထိခိုက်များပြားခဲ့ပြီး စစ်တပ်ရဲ့ လက်နက်ခဲယမ်းများစွာ သိမ်းရခဲ့ကြောင်း CPU/CPAက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးတိုက်ပွဲအတွင်း စစ်တပ်အထိနာတာကြောင့် လေကြောင်း တိုက်ခိုက်မှုတွေ အပြင်းအထန်လုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။