Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်မှသင်တန်းဆင်း စစ်သားသစ် ၁၅၀ဦးကို မ​ကွေးသို့စစ်ကူပို့

အမှတ် (၁) စစ်ကြောရေးနှင့် တည်းခိုရေးစခန်းတွင် မရမ်းကုန်း၊လှိုင်၊ကမာရွတ် နှင့် လှိုင်သာယာ မြို့နယ်တို့မှ စစ်မှုထမ်းဥပဒေဖြင့် အဓမ္မ စုဆောင်းခံရသည့် လူငယ် များ ဖြစ်သည်။

(ရန်ကုန်တိုင်းစစ်ဌာနချုပ် လက်​အောက်ရှိ ​လေ့ကျင့်​ရေး​ကျောင်းတစ်​ကျောင်းတွင် စစ်မှုမထမ်းမ​နေရဥပ​ဒေဖြင့်စု​ဆောင်းထား​သောစစ်သားသစ် အမှတ် စဥ် ၆ သင်တန်းဆင်းပွဲပြုလုပ်စဥ်။ ဓါတ်ပုံ-စစ်​ကောင်စီ)
(ရန်ကုန်တိုင်းစစ်ဌာနချုပ် လက်​အောက်ရှိ ​လေ့ကျင့်​ရေး​ကျောင်းတစ်​ကျောင်းတွင် စစ်မှုမထမ်းမ​နေရဥပ​ဒေဖြင့်စု​ဆောင်းထား​သောစစ်သားသစ် အမှတ် စဥ် ၆ သင်တန်းဆင်းပွဲပြုလုပ်စဥ်။ ဓါတ်ပုံ-စစ်​ကောင်စီ)

ရဲခေါင်/People’s Spring

လှိုင်မြို့နယ်၊ ၁၄ ရပ်ကွက်၊ ဘုရင့်နောင်လမ်းရှိ အမှတ် (၁) စစ်ကြောရေး နှင့် တည်းခိုရေးစခန်းမှ စစ်မှုထမ်းအပတ်စဥ် (၆) သင်တန်းဆင်းသူများကို မကွေးတိုင်းသို့ အားဖြည့်ရန် ယနေ့(ဒီဇင်ဘာ ၂၉ ရက်)တွင် စတင်ပို့ဆောင်နေကြောင်း ရန်ကုန် တိုင်း တပ်တွင်းသတင်းရင်းမြစ်တစ်ဦးက လူထုနွေဦး သို့ပြောသည်။

အမှတ် (၁) စစ်ကြောရေးနှင့် တည်းခိုရေးစခန်းစစ်မှု ထမ်းအပတ်စဥ် (၆)သင်တန်းဆင်းပွဲကို ဒီဇင်ဘာ ၂၆ ရက်က ပြုလုပ်ခဲ့ပြီး သုံးရက်အကြာတွင် မကွေးတိုင်း သို့ စစ်ကူအဖြစ်​စေလွှတ်လိုက်ခြင်းဟု သိရသည်။

“ဒီမနက် ၉ ရက်မှာ Sino Truck ၁၂ စီးနဲ့ စထွက်တယ်။ အင်အား ၁၅၀ ပါတယ်။အားလုံးမကွေး ကို ပို့မှာ”ဟု အထက်ပါသတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

အမှတ် (၁) စစ်ကြောရေးနှင့် တည်းခိုရေးစခန်းတွင် မရမ်းကုန်း၊လှိုင်၊ကမာရွတ် နှင့် လှိုင်သာယာ မြို့နယ်တို့မှ စစ်မှုထမ်းဥပဒေဖြင့် အဓမ္မ စုဆောင်းခံရသည့် လူငယ် များ ဖြစ်သည်။

ရခိုင်ပြည်နယ် အမ်းမြို့၊ ချင်းပြည်နယ်တောင်ပိုင်းဒေသကို အာရက္ခတပ်တော် (AA) နှင့် ချင်းတော် လှန်ရေးအင်အားစုများက သိမ်းပိုက်လိုက်ပြီးနောက် စစ်တပ်က လက်နက်ခဲယမ်း စက်ရုံများရှိရာ မကွေး တိုင်းကို စစ်သားများ​ထပ်မံစေလွှတ် စစ်အားဖြည့်နေသည်။

“မကွေးနောက်ခြမ်း တစ်ခုလုံးက အရင်ကတည်းက တော်လှန်ရေးအင်အားစုဖွဲ့မှုကောင်းတဲ့အတွက် အခု ဆို စစ်ရှိန်ကလည်း အလိုအလျောက်ပါလာတဲ့ အ ခြေအနေ မှာ မဖြစ်မနေ နှစ်ဖက်တိုက်ပွဲတွေ ပို ဖြစ်လာမှာပဲ။နောက်တစ်ခုက ဧရာဝတီတိုင်းကို လည်း စောင့်ကြည့်ရလိမ့်မယ်”ဟု ပြည်တွင်းစစ်ရေးအခြေအနေကို လေ့လာသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

စစ်ကောင်စီ၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ၂၅ ခုရှိသည့်အနက် ၁၅ ခုမှာ မကွေးတိုင်းတွင် ရှိပြီး စစ်ကောင်စီ၏ အာဏာသိမ်းဒုခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း သည်လည်း ယခုရက်ပိုင်း အတွင်း ဧရာဝတီတိုင်းသို့သွားရောက်ကာ စစ်သားသစ်များကို စစ်တိုက်​ပေးရန်စည်းရုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်တောင်ပိုင်းကို စစ်ကူဖြည့်မယ့် စစ်တပ်စစ်ကြောင်းဟာ လောင်းရှည်မြို့ကနေ ဆောမြို့ကို ဦးတည်လာနေပြီး အချိန်မရွေးတိုက်ပွဲ ဖြစ်နိုင်တယ်လို့ ဆောမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်း စစ်ကူထပ်ပို့မယ့် စစ်တပ်ရဲ့ စစ်ကားတွေ အမှတ်(၂၅)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၂၅) ရောက်ရှိနေတယ်လို့ ဒေသခံသတင်းရင်းမြစ် တချို့က ပြောပါတယ်။

သတင်း

မန္တလေးကနေ ဗန်းမော်မြို့ကိုသွားတဲ့ စစ်သ င်္ဘောတွေတိုက်ခိုက်ခံရမှုအတွင်း စစ်တပ်ရဲ့ ဒရုန်းတပ်ဖွဲ့အရာရှိနဲ့အခြားအဆင့်တွေ အများအပြားသေဆုံးခဲ့တယ်လို့ စစ်ရေးသတင်းအရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့စစ်ကူပေးမယ့် စစ်တပ်စစ်ကြောင်းဟာ ဆောမြို့ကို ဦးတည်လာနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။