Connect with us

Hi, what are you looking for?

သတင်း

အောင်ဇေယျစစ်ကြောင်း​မှစစ်သားများ အစာရေစာငတ်ပြတ်၍ အလင်းဝင်လာသူများနေဟု ဗိုလ်မှူးဒါဘော ပြော

တစ်လနီးပါးကြာအထိ စစ်ကောင်စီတပ်စစ်ကူများက ကယ်ထုတ်ရန်လုပ်ဆောင်ရာ မကယ်ထုတ်နိုင်ဘဲ လှန်ကျနေသည်ဟု စစ်ဆင်ရေးမှူးက ပြောသည်။

(ယခု ဒီဇင်ဘာလအတွင်း ကော်ဘရာစစ်ကြောင်းထံ အလင်းဝင်လာသော အောင်ဇေယျစစ်ကြောင်းမှ စစ်သားများနှင့်အတူတွေ့ရသော စစ်ဆင်ရေးမှူး ဗိုလ်မှူးဒါဘော။ ဓာတ်ပုံ - ကော်ဘရာစစ်ကြောင်း/ပေးပို့)
(ယခု ဒီဇင်ဘာလအတွင်း ကော်ဘရာစစ်ကြောင်းထံ အလင်းဝင်လာသော အောင်ဇေယျစစ်ကြောင်းမှ စစ်သားများနှင့်အတူတွေ့ရသော စစ်ဆင်ရေးမှူး ဗိုလ်မှူးဒါဘော။ ဓာတ်ပုံ - ကော်ဘရာစစ်ကြောင်း/ပေးပို့)

▪️ပိတ်ဆို့ဖြတ်တောက်ခံထားရသော အောင်ဇေယျစစ်ကြောင်းအား စစ်ကူလာသည့်တပ်များ မကယ်ထုတ်နိုင်ဘဲ အသေအပျောက်များနေ

ဒီးဒီ/People’s Spring

ကရင်ပြည်နယ်၊ ဒေါနတောင်ပေါ်ရှိ စစ်ကောင်စီ​၏ အောင်ဇေယျစစ်ကြောင်း​၏ ရှေ့တန်းမှစစ်သားများသည် အစာရေစာငတ်ပြတ်မှုနှင့်ကြုံနေ၍ အလင်းဝင်လာသူ အများအပြားရှိနေသည်ဟု ကော်ဘရာစစ်ကြောင်း စစ်ဆင်ရေးမှူး ဗိုလ်မှူးဒါဘောက ပြောသည်။

စစ်ကောင်စီ​၏ အောင်ဇေယျစစ်ကြောင်း​အား ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA)၊ကော်ဘရာစစ်ကြောင်းနှင့် ပူးပေါင်းစစ်ကြောင်းများက အပိုင်းပိုင်းဖြတ်တောက်ပိတ်ဆို့ထား၍ အောင်ဇေယျစစ်ကြောင်း​၏ ရှေ့တန်းမှ စစ်သားများသည် အစာရေစာငတ်ပြတ်မှုနှင့်ကြုံနေရသည်ဟု ကော်ဘရာစစ်ကြောင်း စစ်ဆင်ရေးမှူး ဗိုလ်မှူးဒါဘောက ပြောသည်။

ထို့ကြောင့် ယခု ဒီဇင်ဘာလအတွင်း အောင်ဇေယျစစ်ကြောင်းမှ ထွက်ပြေးအလင်းဝင်လာသူ ၂၀ဦးခန့်ရှိနေကြောင်း စစ်ဆင်ရေးမှူးက ပြောသည်။

Public Service Announcement

Public Service Announcement

” အစာရေစာငတ်ပြတ်ပြီး ဝင်လာတာ။ လူတွေက ပိန်လှီးနေတာပဲ။ ဒီရောက်တော့ ရဲဘော်တွေက ကောင်းကောင်းမွန်မွန်ဘဲ ပြုစုထားပါတယ်”ဟု ဗိုလ်မှူးဒါဘောက ပြောသည်။

(ယခု ဒီဇင်ဘာလအတွင်း ကော်ဘရာစစ်ကြောင်းထံ အလင်းဝင်လာသော အောင်ဇေယျစစ်ကြောင်းမှ စစ်သားများနှင့်အတူတွေ့ရသော စစ်ဆင်ရေးမှူး ဗိုလ်မှူးဒါဘော။ ဓာတ်ပုံ - ကော်ဘရာစစ်ကြောင်း/ပေးပို့)
(ယခု ဒီဇင်ဘာလအတွင်း ကော်ဘရာစစ်ကြောင်းထံ အလင်းဝင်လာသော အောင်ဇေယျစစ်ကြောင်းမှ စစ်သားများနှင့်အတူတွေ့ရသော စစ်ဆင်ရေးမှူး ဗိုလ်မှူးဒါဘော။ ဓာတ်ပုံ – ကော်ဘရာစစ်ကြောင်း/ပေးပို့)

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း စစ်သားလေးဦးထွက်ပြေးလာရာ အောင်ဇေယျစစ်ကြောင်းမှ ကျန်စစ်သားများက လိုက်လံပစ်ခတ်၍ တစ်ဦးသေဆုံးခဲ့ပြီး သုံးဦးမှာ လွှတ်မြောက်လာခဲ့သည်။ ထို့အပြင် နောက်ထပ် စစ်သားငါးဦးလည်း လက်နက်များနှင့်အတူ ထွက်ပြေးအလင်းဝင်လာမှု ရှိခဲ့သည်ဟု ဆိုသည်။

ထို့အပြင် တိုက်ပွဲအတွင်းဒဏ်ရာရပြီးနောက် ဖမ်းမိသူများနှင့် ထွက်ပြေးလာသူများကိုလည်း ကောင်းမွန်စွာ ဆေးကုသမှုပေးနေသည်ဟု စစ်ဆင်ရေးမှူးက ပြောသည်။

အောင်ဇေယျစစ်ကြောင်းမှာ လက်ရှိတွင် တော်လှန်ရေးပူးပေါင်းတပ်များ၏ ပိတ်ဆို့ဖြတ်တောက်မှုခံနေရ၍ ရှေ့မတိုးနိုင်ဘဲ လက်နက်ကြီးများဖြင့်သာ နေ့စဉ်ပစ်ခတ်မှုသာပြုလုပ်နေသည်ဟု စစ်ဆင်ရေးမှူးက ပြောသည်။

ယနေ့(ဒီဇင်ဘာ ၂၉ရက်) နံနက်တွင်လည်း အောင်ဇေယျစစ်ကြောင်းနှင့် ကော်ဘရာစစ်ကြောင်း ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားနေသည်ဟု စုံစမ်းသိရသည်။

” နေ့တိုင်လက်နက်ကြီးပစ်တာတွေရှိတယ်။ နည်းနည်းချင်းတိုးကြည့်တယ်။ မရဘူး ပြန်လန်တာပဲ”ဟု ၎င်းက ပြောသည်။

ကော်ဘရာစစ်ကြောင်းပူးပေါင်းတပ်က ပိတ်ဆို့ဖြတ်တောက်ထားသော အောင်ဇေယျစစ်ကြောင်းအား စစ်ကူလာသည့်တပ်များကိုလည်း ထပ်မံဖြတ်တောက်တိုက်ခိုက်ရာ စစ်ကောင်စီ၏စစ်ကူတပ်များမှာ မကယ်ထုတ်နိုင်ဘဲ အသေအပျောက်အများအပြားဖြင့်သာ ကြုံနေရသည်ဟု ဆိုသည်။

တစ်လနီးပါးကြာအထိ စစ်ကောင်စီတပ်စစ်ကူများက ကယ်ထုတ်ရန်လုပ်ဆောင်ရာ မကယ်ထုတ်နိုင်ဘဲ လှန်ကျနေသည်ဟု စစ်ဆင်ရေးမှူးက ပြောသည်။

ပြီးခဲ့သည့်အောက်တိုဘာအတွင်းကလည်း အောင်ဇေယျစစ်ကြောင်း၏ ရှေ့တန်းစခန်းတစ်ခုကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA)၊ကော်ဘရာစစ်ကြောင်းနှင့် ပူးပေါင်းစစ်ကြောင်းများက သိမ်းပိုက်ခဲ့သည်။

ပြီးခဲ့သည့်ဧပြီက ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA)၊ကော်ဘရာစစ်ကြောင်းနှင့် ပူးပေါင်းစစ်ကြောင်းများက မြဝတီမြို့ရှိ သင်္ဃန်းညီနောင်ဗျူဟာ၊ လေးကေ့ကော်နှင့် မြဝတီမြို့စောင့်တပ် ခမရ(၂၇၅)တပ်ရင်းအား တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

အဆိုပါနေရာများကို ပြန်လည်ထိန်းချုပ်မည်ဟုဆိုကာ အာဏာသိမ်းစစ်ကောင်စီ၏ ဒုခေါင်းဆောင်ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်း ကိုယ်တိုင်ကွပ်ကဲသည့် နိုင်ငံ​တော်အဆင့် “​အောင်​​ဇေယျစစ်ဆင်​​ရေး” ဟုအမည်​ပေး၍ တပ်မ(၅၅)ဦးဆောင်သော အင်အား ၁၂၀၀ခန့်ပါ အောင်ဇေယျစစ်ကြောင်းသည် ဧပြီ ၉ရက်မှစ၍ ဖားအံနှင့် ​မော်လမြိုင်ဘက်မှ ချီတက်လာခဲ့သည်။

လေးရက်ဖြင့် မြဝတီမြို့အ​ရောက်ချီတက်မည်ဟု ​ကြွေး​ကြော်ခဲ့​သော်လည်း ရှစ်လကျော်ကြာသည်အထိ ဒေါနတောင်ပေါ်၊ တောနောရေတံခွန်တွင် ရှေ့ဆက်မတိုးနိုင်တော့ဘဲ ပိတ်မိနေခြင်းဖြစ်သည်။

အောင်ဇေယျစစ်ကြောင်းအား လက်နက်ကြီးပစ်ကူပေးနေသော မြဝတီမြို့အနီးရှိ စွယ်တော်ကုန်းဗျူဟာအမြှောက်တပ်စခန်းကိုလည်း ကော်ဘရာပူးပေါင်းတပ်က အောက်တိုဘာ ၁၇ရက်တွင် သိမ်းပိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ မော်လိုက်ခရိုင် တပ်ရင်း(၃)က အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ကောင်းမွန်စွာ ကျွေးမွေးထားကြောင်း ရုပ်သံမှတ်တမ်းဖော်ပြပြီး အလင်းဝင်သူနဲ့ စစ်သုံ့ပန်းကို ခွဲခြားထားရှိတာဖြစ်လို့ စစ်ကောင်စီတပ်သားတွေ အလင်းဝင်မလား စစ်သုံ့ပန်းအဖြစ်ခံမလား စဉ်းစားစေလိုတယ်လို့ သတိပေးခဲ့ပါတယ်။

သတင်း

စစ်ဆိုင်ထားတဲ့နေရာတွေကနေ စစ်ကောင်စီတပ်သား ၄ဦး အလင်း၀င်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ မော်လိုက်ခရိုင် တပ်ရင်း(၃)က တာ၀န်ရှိသူက ပြောပါတယ်။