Connect with us

Hi, what are you looking for?

သတင်း

မန္တလေး – ပြင်ဦးလွင်လမ်းပိုင်း သကာရည်ကားမှောက်လို့ လမ်းပိုင်း ခေတ္တပိတ်ခဲ့ရ

သကာရည်ကား တိမ်းမှောက်မှုမှာတော့ ဘောက်ဆာကားပေါ်က ၂ ဦး ၊ သကာရည်တွေကြောင့် လမ်းချော်ပြီးထပ်မံတိမ်းမှောက်တဲ့အိမ်စီးကားပေါ်က ၃ ဦး စုစုပေါင်း ၅ ဦး ဒဏ်ရာရလို့ မန္တလေးဆေးရုံကြီးကိုပို့ဆောင်ထားပါတယ်။

မန္တလေး - ပြင်ဦးလွင်လမ်းပိုင်း သကာရည်ကားမှောက်လို့ လမ်းပိုင်း ခေတ္တပိတ်ခဲ့ရ
မန္တလေး - ပြင်ဦးလွင်လမ်းပိုင်း သကာရည်ကားမှောက်လို့ လမ်းပိုင်း ခေတ္တပိတ်ခဲ့ရ

ဆိုင်းမင်း/People’s Spring

မန္တလေး – ပြင်ဦးလွင် လမ်းပိုင်း မှာ သကာရည်သယ်ဆောင်လာတဲ့ ဘောက်ဆာကား တစ်စီး ဒီမနက်ပိုင်းက တိမ်းမှောက်တာကြောင့် ရှင်းလင်းရေးအတွက် လမ်းပိုင်းကို နာရီပိုင်းကြာ ခေတ္တပိတ်ထားခဲ့ရပါတယ်။

၁၈ မိုင်အနီးမှာ သကာရည်ကား မှောက်လို့ မနက် ၁၀ နာရီခွဲ ခန့်ကစတင်ပြီး လမ်းပိုင်း ကို ပိတ်လိုက်ပြီး မွန်းလွဲပိုင်း ၁ နာရီ ခန့်မှာ ပြန်လည်ဖွင့်ပေးခဲ့တယ်လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်း)ကနေ သိရပါတယ်။

” သကာရည်တွေ ဖိတ်ကျပြီး ချော်မှာဆိုးလို့ သဲတွေနဲ့ဖြူး အကုန်ရေနဲ့ပြန်ဆေးပြီး သန့်ရှင်းရေးလုပ်ကြတယ်”လို့ လမ်းပိုင်းရှင်းလင်းရေးမှာပါဝင်သူတစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

သကာရည်ကား တိမ်းမှောက်မှုမှာတော့ ဘောက်ဆာကားပေါ်က ၂ ဦး ၊ သကာရည်တွေကြောင့် လမ်းချော်ပြီးထပ်မံတိမ်းမှောက်တဲ့အိမ်စီးကားပေါ်က ၃ ဦး စုစုပေါင်း ၅ ဦး ဒဏ်ရာရလို့ မန္တလေးဆေးရုံကြီးကိုပို့ဆောင်ထားပါတယ်။

ဒဏ်ရာရရှိသူတွေဟာ စိုးရိမ်ရတဲ့အခြေနေမှာမရှိဘူးလို့ သိရပါတယ်။

ဆက်စပ်သတင်းများ