Connect with us

Hi, what are you looking for?

သတင်း

တရားစီရင်အမိန့်ချထားပြီးဖြစ်သည့် အကျဉ်းကျနေသူ ၁၇၀နီးပါးကို NUG လွတ်ငြိမ်းသက်သာခွင့်ပေး

ယခု လွတ်ငြိမ်းသက်သာခွင့်ပြုခဲ့သူများသည် တရားရေးဌာနက အမိန့်ချပြီးသော တရားခံများ၊ တိုက်ပွဲအတွင်းဖမ်းမိထားသည့် စစ်သုံ့ပမ်းများကို စိစစ်၍ လွတ်ငြိမ်းပေးခဲ့ခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်တစ်ဦးက ပြောပြထားသည်။

တရားစီရင်အမိန့်ချထားပြီးဖြစ်သည့် အကျဉ်းကျနေသူ ၁၇၀နီးပါးကို NUG လွတ်ငြိမ်းသက်သာခွင့်ပေး
တရားစီရင်အမိန့်ချထားပြီးဖြစ်သည့် အကျဉ်းကျနေသူ ၁၇၀နီးပါးကို NUG လွတ်ငြိမ်းသက်သာခွင့်ပေး

ထားမြတ်/People’s Spring

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က အကျဉ်းသား အကျဉ်းသူ ၁၆၉ဦးကို လွတ်ငြိမ်းသက်သာခွင့်ပြုလိုက်ကြောင်း ယနေ့ (ဇန်နဝါရီ ၁ရက်)တွင် ထုတ်ပြန်သည်။

ယနေ့ ကျရောက်သော နှစ်သစ်အခါသမယနေ့၌ နွေဦးတော်လှန်ရေး၏ အကျိုးစီးပွားကို ရှေးရှုသောအားဖြင့်လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်း အေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း အကျဉ်းထောင်၊ အကျဉ်းစခန်း အသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသည့် အကျဉ်းသား အကျဉ်းသူ ၁၆၉ ဥိးကို ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ စည်းကမ်းသတ်မှတ်ချက်မထားဘဲ လွတ်ငြိမ်း သက်သာခွင့်ပြုလိုက်သည်ဟု ဖော်ပြသည်။

အထက်အပိုဒ် ၁တွင် အကျုံးမဝင်သော ကျန်အကျဉ်းသား/သူများကို ယင်းတို့ ကျခံနေရသည့် ထောင်ဒဏ်၏ သုံးပုံတစ်ပုံအား လျှော့ပေါ့ကျခံစေရန် လည်း ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁)အရ ပြစ်ဒဏ်လွတ်ငြိမ်း သက်သာခွင့်ပေးခဲ့သည်။

Public Service Announcement

Public Service Announcement

“ယခု ၂၀၂၅ နှစ်သစ်ရက်မှာ ပြည်သူလူထုအနေနဲ့လည်း စစ်အာဏာရှင်များ၏ ဘေးမှ လွတ်မြောက်ပြီး ဝမ်းမြောက်တဲ့နေ့ရက်လေးကို ကျော်ဖြတ်နိုင်ကြဖို့မျှော်လင့်ပါတယ်။ ထို့အတူ မိမိတို့ အမျိုးသားညီညွတ်ရေး အစိုးရရဲ့ တရားစီရင်ရေးမှ ဆုံးဖြတ်ပြီး ပြစ်ဒဏ်ကျခံနေသူများမှ အချို့ကိုလည်း ယနေ့ လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ပါတယ်။ ပြစ်မှု ပြစ်ဒဏ်ကျခံနေရတဲ့ ကာလများကို ဖြတ်ကျော်ခဲ့ပြီးဖြစ်ကာ ယနေ့မှစ၍ မိသားစုများနဲ့အတူ နှစ်သစ်နေ့ရက်ကို ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြပါစေ”ဟု NUG ယာယီသမ္မတ ဒူဝါလရှီးလက နှစ်သစ်ကူးမိန့်ခွန်း၌ ထည့်သွင်း ပြောကြားခဲ့သည်။

ယခု လွတ်ငြိမ်းသက်သာခွင့်ပြုခဲ့သူများသည် တရားရေးဌာနက အမိန့်ချပြီးသော တရားခံများ၊ တိုက်ပွဲအတွင်းဖမ်းမိထားသည့် စစ်သုံ့ပမ်းများကို စိစစ်၍ လွတ်ငြိမ်းပေးခဲ့ခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်တစ်ဦးက ပြောပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က နိုင်ငံတဝန်း စစ်မျက်နှာ ၁၅ခုလောက်မှာ ထိုးစစ်ဆင်နေပြီး စစ်မျက်နှာတိုင်းက ရန်သူ့ထိုးစစ်ဟာ ထင်တိုင်းမပေါက်ဖြစ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က အသိပေးပြီး အဲဒီ ရန်သူ့ထိုးစစ်ကိုချေမှုန်းနိုင်ရင် စစ်ရေးချိန်ခွန်လျှာ ကြီးမားတဲ့ အလှည့်အပြောင်းဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။