Connect with us

Hi, what are you looking for?

သတင်း

မြန်မာစစ်တပ် လက်နက်ဝယ်ယူနိုင်အောင် ထိုင်းဘဏ်တွေ ကူညီခဲ့တဲ့ အထောက်အထား မတွေ့ရဘူးလို့ ထိုင်းဖြေရှင်း

BoTနဲ့ Amloက ဘဏ်တွေအနေနဲ့ ငွေကြေးလွှဲပြောင်းမှု မူဝါဒတွေမှာ တင်းကျပ်တဲ့ စိစစ်မှုတွေ လုပ်ဆောင်နေတဲ့တိုင်အောင် ပိုမိုတိုးတက်အောင် စီမံရမယ့် အပိုင်းတွေ ရှိနေဆဲလို့လည်း ဝန်ခံခဲ့ပါတယ်။

ဓါတ်ပုံ-ရိုက်တာ
ဓါတ်ပုံ-ရိုက်တာ

People’s Spring

အာဏာသိမ်း မြန်မာစစ်တပ်က လက်နက်တွေ ဝယ်ယူနိုင်ဖို့ ထိုင်းဘဏ်တချို့က အကူအညီ ပေးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်အတွက် ခိုင်မာတဲ့ အထောက်အထား လုံးဝ ရှာမတွေ့ခဲ့ဘူးလို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

၂၀၂၃ ခုနှစ်တုန်းက မြန်မာစစ်တပ်ရဲ့ လက်နက် တင်သွင်းဝယ်ယူမှုတွေ အဆင်ပြေစေဖို့ ထိုင်းဘဏ်တချို့က ငွေကြေး အလွှဲအပြောင်း ကိစ္စတွေ စီစဉ်ပေးခဲ့ကြောင်း ကုလသမဂ္ဂ စွပ်စွဲချက်နဲ့ ပတ်သက်ပြီး ထိုင်းဖက်က အခုလို တုံ့ပြန်လာခဲ့တာပါ။

၂၀၂၄ ခုနှစ်၊ ဇွန်လမှာ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR)ရဲ့ စွပ်စွဲချက် ထွက်ပေါ်လာပြီးတဲ့နောက် ထိုင်းဘဏ်တွေရဲ့ ငွေကြေး အလွှဲအပြောင်း ကိစ္စတွေကို ချက်ချင်း ခြေရာခံ စုံစမ်းမှုတွေ စတင်ခဲ့တယ်လို့ ထိုင်းဗဟိုဘဏ် (BoT)နဲ့ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးရုံး (Amlo)တို့က ပြီးခဲ့တဲ့ လကုန်ပိုင်းမှာ ပူးတွဲ ကြေညာခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီ စစ်ဆေးမှု ရလဒ်တွေအရ OHCHRရဲ့ အစီရင်ခံစာမှာ ဖော်ပြထားတဲ့ လူပုဂ္ဂိုလ် တချို့နဲ့ ဆက်စပ်တဲ့ ငွေကြေး လွှဲပြောင်းမှုတွေကို အမှန်တကယ် တွေ့ရှိခဲ့ကြောင်း၊ ဒါပေမဲ့လည်း လက်နက်ဝယ်ယူရေးနဲ့ တိုက်ရိုက် ဆက်နွှယ်တဲ့ ငွေကြေးလွှဲပြောင်းမှုတွေကိုတော့ လုံးဝ မတွေ့ခဲ့ကြောင်း အဲဒီ ပူးတွဲ ကြေညာချက်မှာ ဖော်ပြထားခဲ့ပါတယ်။

မြန်မာစစ်တပ်က လက်နက်ဝယ်ယူမှုတွေအတွက် ဘဏ်တွေရဲ့ ဝန်ဆောင်မှုကို အသုံးချနေကြောင်း ကုသလမဂ္ဂရဲ့ အစီရင်ခံစာထဲမှာ စစ်တပ်ဟာ အခြေစိုက်စခန်းတွေ၊ ထိန်းချုပ်နယ်မြေတွေ ဆုံးရှုံးရမှု ဆိုးသထက် ဆိုးလာတဲ့နောက် လေကြောင်း တိုက်ခိုက်မှုတွေကို ၅ ဆလောက် အရှိန်မြှင့်လာခဲ့တယ်လို့ ကောက်နုတ်ပြထားခဲ့ပါတယ်။

အာဏာသိမ်း စစ်တပ်ဟာ ပြည်ပ အရင်းအမြစ်တွေဆီကနေ လက်နက်နဲ့ ငွေကြေးဆိုတဲ့ ပင်မ အရင်းအမြစ်နှစ်ခု စီးဝင်မှုကို ဆက်လက် ရရှိနေတယ်လို့လည်း အစီရင်ခံစာက ဆိုတယ်။ အထူးသဖြင့် ထိုင်းဟာ အာဏာသိမ်း စစ်တပ်က နိုင်ငံတကာ ဘဏ်လုပ်ငန်း ကွန်ရက်နဲ့ ချိတ်ဆက်ပြီး စစ်လက်နက်တွေ ဝယ်ယူနိုင်ရေးအတွက် အဓိက အားထားရတဲ့ အရင်းအမြစ် ဖြစ်လာခဲ့တယ်လို့လည်း အစီရင်ခံစာက ရေးသားထားပါတယ်။

ထိုင်းမှာ မှတ်ပုံတင်ထားတဲ့ ဘဏ်တွေကို အသုံးပြုပြီး မြန်မာစစ်တပ်က စစ်လက်နက် ဝယ်ယူရေးဆိုင်ရာ ငွေကြေးလွှဲပြောင်းမှုတွေဟာ၂၀၂၂ခုနှစ် ဘဏ္ဍာရေးနှစ်မှာ ဒေါ်လာ သန်း ၆၀ ဖိုး ရှိခဲ့ရာက ၂၀၂၃ ဘဏ္ဍာရေး နှစ်မှာတော့ ဒေါ်လာ သန်း ၁၂၀ ကျော်ထိ နှစ်ဆလောက် မြင့်တက်လာခဲ့တယ်လို့လည်း အစီရင်ခံစာက ဆိုပါတယ်။

BoTနဲ့ Amloက ဘဏ်တွေအနေနဲ့ ငွေကြေးလွှဲပြောင်းမှု မူဝါဒတွေမှာ တင်းကျပ်တဲ့ စိစစ်မှုတွေ လုပ်ဆောင်နေတဲ့တိုင်အောင် ပိုမိုတိုးတက်အောင် စီမံရမယ့် အပိုင်းတွေ ရှိနေဆဲလို့လည်း ဝန်ခံခဲ့ပါတယ်။

ကုလသမဂ္ဂရဲ့ အစီရင်ခံစာထဲမှာတော့ မြန်မာစစ်တပ် လက်နက်ဝယ်ယူရေးအတွက် ထိုင်းဘဏ်တွေကို အသုံးချနေတဲ့ ကိစ္စမှာ ထိုင်းအစိုးရရဲ့ ပါဝင်ပတ်သက်မှု အထောက်အထား တစ်စုံတရာ မတွေ့ရဘူးလို့ ဖော်ပြထားခဲ့ပါတယ်။

ကိုးကား: Bangkok Post

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

Telenor ဌာနချုပ်ကို​နော်​ဝေရဲတွေနဲ့ စုံထောက်တွေက ဝင်ရောက်စစ်ဆေးရှာဖွေ

သတင်း

တော်လှန်ရေးကာလအတွင်းဘက်ပြောင်းခိုလှုံလာတဲ့ အာဏာသိမ်းစစ်တပ် စစ်သား‌တွေ က လက်နက်အလက် ၂၀ ၀န်းကျင်ယူလာခဲ့တယ်လို့ ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း-၂ ၊အမှတ်(၁၀၀၆)တပ်ရင်း ရဲ့တာ၀န်ရှိသူကပြောပါတယ်။

ဆောင်းပါး

FATFသည်စစ်တပ်ကအမေရိကန်၏အဓိကပြိုင်ဘက်နိုင်ငံများထံမှလက်နက်ဝယ်ယူရန် ငွေကြေးလမ်းကြောင်းများကိုတားဆီးနိုင်သည်။