Connect with us

Hi, what are you looking for?

သတင်း

၂၀၂၅တွင် တော်လှန်ရေးအောင်မြင်စေရန် အပြောင်းအလဲများ ရဲဝံ့စွာလုပ်ဆောင်မည်ဟု NUG ပြည်ထောင်စုဝန်ကြီးချုပ် ပြော

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အဆင့်ဆင့်အုပ်ချုပ်ရေးယန္တရားများကို ပိုမိုပြီး ပြည်သူကို မျက်နှာမူသည့် ပြည်သူကို အလေးထားသည့်စည်းကမ်းသေဝပ်သည့် အုပ်ချုပ်ရေးယန္တရားများ ဖြစ်လာအောင် အထူးအလေးထား ဆောင်ရွက်မည်ဟု ၎င်းက ပြောသည်။

(ပြီးခဲ့သည့်ရက်ပိုင်းက PDFတပ်ရင်းများထံ သွားရောက်တွေ့ဆုံနေသည့် ပြည်ထောင်စုဝန်ကြီးချုပ်အား တွေ့ရစဉ်။ ဓာတ်ပုံ - Mahn Winn Khaing Thann - Prime Minister of NUG)
(ပြီးခဲ့သည့်ရက်ပိုင်းက PDFတပ်ရင်းများထံ သွားရောက်တွေ့ဆုံနေသည့် ပြည်ထောင်စုဝန်ကြီးချုပ်အား တွေ့ရစဉ်။ ဓာတ်ပုံ - Mahn Winn Khaing Thann - Prime Minister of NUG)

◾️စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဝန်ထမ်းများ ပြည်သူ့ဘက်ကူးပြောင်းရန် နောက်ဆုံးအခွင့်အရေးဖြစ်၍ ကိုယ်တိုင်ရွေးချယ်ရန် သတိပေး

ဟန်နွေ/People’s Spring

၂၀၂၅ခုနှစ်တွင် တော်လှန်ရေးအောင်မြင်ရန် လိုအပ်သည့် အပြောင်းအလဲများကို တွန့်ဆုတ်နေမည် မဟုတ်ဘဲ ရဲရဲဝံ့ဝံ့ဆောင်ရွက်သွားမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက နှစ်သစ်ကူးဆုတောင်းစကား ပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အဆင့်ဆင့်အုပ်ချုပ်ရေးယန္တရားများကို ပိုမိုပြီး ပြည်သူကို မျက်နှာမူသည့် ပြည်သူကို အလေးထားသည့်စည်းကမ်းသေဝပ်သည့် အုပ်ချုပ်ရေးယန္တရားများ ဖြစ်လာအောင် အထူးအလေးထား ဆောင်ရွက်မည်ဟု ၎င်းက ပြောသည်။

“ပြည်သူကို မျက်နှာမမူတဲ့ လုပ်ရပ်တွေ ဥပဒေလုပ်ထုံးတွေကိုချိုးဖောက်တာတွေ၊ တော်လှန်ရေးထက် မိမိအကျိုးစီးပွား ကို ကြည်သူတွေအားလုံးကို ထိရောက်စွာ အရေးယူနိုင်ဖို့ လည်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု ပြည်ထောင်စုဝန်ကြီးချုပ်က ပြောသည်။

Public Service Announcement

Public Service Announcement

လက်ရှိ ရင်ဆိုင်နေရသည့် အကြမ်းဖက်စစ်အုပ်စုသည် တိုင်းပြည်ဘဏ္ဍာ အရင်းအမြစ်များကို စိတ်ကြိုက်အသုံးပြုပြီး နှစ်ပေါင်းများစွာ ခိုင်ခံ့သည့်အင်စတီကျူးရှင်းတစ်ခုအနေဖြင့် ရှိနေသည့် အဖွဲ့အစည်း ဖြစ်သည့်အပြင် မည်သည့်ကျင့်ဝတ်မှ မရှိသည့်အဖွဲ့ဖြစ်၍ တော်လှန်ရေးအင်အားစုများ အနေဖြင့် ပိုမိုစုစည်း ပိုမိုအားကောင်းရန်လိုအပ်ကြောင်းလည်း ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောသည်။

“ကျနော်တို့ အမျိုးသားညီညွတ်ရေးအစိုးရ အပါအဝင် တော်လှန်ရေးကို ဦးဆောင်တိုက်ပွဲဝင်သူတွေရဲ့ ခေါင်းဆောင်မှုဆိုင်ရာ အားနည်းချက်တွေကြောင့် မလိုအပ်ဘဲ အချိန်ကြန့်ကြာတာမျိုး မဖြစ်အောင် အားလုံး သတိကြီးကြီးထားပြီး ရှေ့ဆက်ကြဖို့ တိုက်တွန်းပြောကြားလိုပါတယ်” ဟု ပြည်ထောင်စု ဝန်ကြီးချုပ်က ပြောသည်။

အနာဂတ် နိုင်ငံတော်တည်ဆောက်ရေး၊ အသွင်ကူးပြောင်းရေးကာလဆိုင်ရာ ကိစ္စရပ်များ အတွက် တော်လှန်ရေး အင်အားစုတွေအားလုံးနှင့် နိုင်ငံရေးဆိုင်ရာ သဘောတူညီချက်တွေ ရရှိနိုင်ရေး အပြန်အလှန် ယုံကြည်မှု တည်ဆောက်နိုင်ရေးသည် အမျိုးသားညီညွတ်ရေးအစိုးရ၏ ဦးစားပေးလုပ်ငန်းအဖြစ် ဆက်ရှိနေမည်ဟုလည်း အသိပေးသည်။

ထို့ပြင် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင် လက်အောက်၌ တာဝန်ထမ်းဆောင်နေသည့် စစ်သည်များနှင့် ဝန်ထမ်းများ အနေဖြင့်လည်း မိမိအနာဂတ်နှင့် မိသားစုအနာဂတ်အတွက် သေချာစဉ်းစားရမည့် အချိန် ရောက်ပြီဟု ပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြားသည်။

“စစ်ရာဇဝတ်ကောင်နဲ့အတူ မိမိတို့ ဘ၀တွေကို ပေးဆပ်မလား အသိမှန် အမြင်မှန်ရပြီး ရုန်းထွက်မလားဆိုတာကတော့ မိမိတို့ရွေးချယ်မှုပဲဖြစ်ပါတယ်” ဟု ဝန်ကြီးချုပ်က ပြောသည်။

ပြည်သူ့ဘက်ကူးပြောင်းလာမည့်သူများကို အမြဲကြိုဆိုနေကြောင်း ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဖိတ်ခေါ်သည်။

“ယခုအချိန်ကတော့ ပြည်သူနဲ့ပူးပေါင်းဖို့ နောက်ဆုံးအခွင့်အရေးလည်း ဖြစ်ပါတယ်။ ဒီအခွင့်အရေးကို လက်လွှတ်မခံဘဲ နိုင်ငံ့အနာဂတ် တည်ဆောက်ရေးမှာ အုတ်တချပ် သဲတပွင့်အနေနဲ့ ပါဝင်ဖို့ အထူးတိုက်တွန်းလိုပါကြောင်းနဲ့ ပြည်သူ့ဆန္ဒတွေကိုဆန့်ကျင်တဲ့ မည်သူမဆို ကောင်းမွန်စွာ နိဂုံးရှိမှာ မဟုတ်ဘူးဆိုတာကိုလည်း သတိပေး ပြောကြားလိုပါတယ်”ဟု ပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြားသည်။

ယာယီသမ္မတက နှစ်သစ်ကူးမိန့်ခွန်းပြောကြားရာတွင်လည်း တပ်မတော်သား တပ်မှူး၊စစ်သည်များအနေဖြင့် တပ်မတော်၏ ဂုဏ်သိက္ခာ ကျဆင်းအောင် လုပ်ဆောင်နေသည့် အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်နှင့် စစ်အုပ်စုကို ဆက်လက်အကာအကွယ်မပေးဘဲ ပြည်သူ့ဘက် ပူးပေါင်းကြရန် တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က နှစ် ပါတ်တကြိမ်ပြုလုပ်လျက်ရှိသော ပြည်သူလူထုနှင့် နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း အစီအစဉ်ကို တရုတ်၊ ဂျပန်၊ ထိုင်း နှင့် အိန္ဒိယဘာသာစကား ၄ မျိုးဖြင့်ပါ စမ်းသပ်ထုတ်လွှင့်​နေပြီဖြစ်ကြောင်း NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကပြောကြားသည်။

သတင်း

စစ်ရေးပူးတွဲဆောင်ရွက်မှု ပိုမိုအားကောင်းလာမည်ဟု ဆို

သတင်း

နိုင်ငံဖြတ်ကျော်မှုခင်းတိုက်ဖျက်ရေး ထိုင်းနှင့် တရုတ်အပါအဝင် အိမ်နီးချင်း ၅နိုင်ငံနှင့် အချက်အလက်မျှဝေလိုဟု တောင်းဆို

သတင်း

ချင်းပြည်(Chinland)အစိုးရ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဆေးရုံ၊ ဆေးခန်းများတွင်တာဝန်ထမ်းဆောင်ရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ကျန်းမာရေးဝန်ကြီးဌာနက ကျန်းမာရေးဝန်ထမ်းများ ခေါ်ယူနေသည်ဟု ထုတ်ပြန်သည်။