Connect with us

Hi, what are you looking for?

သတင်း

ဗန်းမော်မြို့တွင်းတိုက်ပွဲ ဆက်လက်ပြင်းထန်နေဆဲဖြစ်ကြောင်း KIAအသိပေး

မိုးမောက်နှင့် ဒေါ့ဖုန်းယန်သို့ စစ်ရှောင်နေသည့် ဗန်းမော်ဒေသခံ ၁၅,၀၀၀ခန့်ရှိပြီး အရေးပေါ် အကူအညီ လိုအပ်နေ

ဗန်းမော်မြို့သိမ်းတိုက်ပွဲကြောင့် ဘေးလွတ်ရာတိမ်းရှောင်နေရသော စစ်ရှောင်မိသားစုများအား တွေ့ရစဉ်။ ဓာတ်ပုံ - Khun Li

ဟန်နွေ/People’s Spring

ကချင်ပြည်နယ် ဗန်းမော်မြို့တွင်း၌ စစ်ကောင်စီနှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မဟာမိတ်များအကြား တိုက်ပွဲဆက်လက် ပြင်းထန်လျက်ရှိကြောင်း KIAသတင်းပြန်ကြားရေးဌာနက ဇန်နဝါရီ ၂ရက် ညပိုင်းတွင် ဖော်ပြသည်။

တိုက်ပွဲဖြစ်စဉ် အသေးစိတ်ဖော်ပြထားခြင်းမရှိသော်လည်း စစ်ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်မှုကြောင့် ပြည်သူ့နေအိမ်များ ပျက်စီးမှုများပြားနေသကဲ့သို့ တိုက်ပွဲကြောင့် စစ်ရှောင်နေရသည့် ဒေသခံ ပြည်သူများ အကူအညီများ အရေးတကြီးလိုအပ်နေကြောင်း ဖော်ပြသည်။

ဒီဇင်ဘာ ၄ရက်ကစတင်၍ ဗန်းမော်နှင့် မံစီမြို့တွင် KIAနှင့် စစ်ကောင်စီအကြား တိုက်ပွဲများ ဖြစ်ပွားနေခြင်းကြောင့် ဗန်းမော်ပြည်သူများသည် မိုးမောက် ၊ ဒေါ့ဖုန်းယန်နှင့် အခြား ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရာ မိုးမောက်တွင် စစ်ရှောင် ပြည်သူ ၁၁,၀၀၀ကျော်၊ ဒေါ့ဖုန်းယန်၌ ၂,၈၀၀ ကျော်ရှိသည်ဟု KIAက အသိပေးသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲကြောင့် ကိုယ်လွတ်တိမ်းရှောင်ရသူများ၍ နေစရာသာမက စောင်၊ အဝတ်အထည်၊ အစားအသောက်၊ ဆေးဝါး စသည်တို့ အရေးတကြီးလိုအပ်နေကြောင်း ဖော်ပြသည်။

တဖက်တွင်လည်း စစ်ရှောင်ပြည်သူများ၏ နေအိမ်များမှ ပစ္စည်းများကို ဖောက်ထွင်းခိုးယူမှုများလည်းရှိနေသည်ဟုလည်း KIA သတင်းပြန်ကြားရေးက ဖော်ပြသည်။

ကချင်စစ်ရေးသတင်းရင်းမြစ်ကလည်း ဇန်နဝါရီ ၂ရက် ဗန်းမော် စစ်ရေး အခြေအနေကို လူမှုကွန်ရက်မှအသိပေးခဲ့ရာ ခလရ(၄၇) ၊ ဝင်းလိုက်ဟိုတယ်၊ ရုံးကြီး နေရာတို့၌ တိုက်ပွဲဆက်ရှိခဲ့ပြီး ယမန်နေ့တွင် စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ၉ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။ ခလရ(၄၇) တိုက်ပွဲ၌ စစ်ကောင်စီတပ်က သေဆုံးထိခိုက်ရှိခဲ့သည်ဟု သတင်းရင်းမြစ်က အသိပေးသည်။

ထို့ပြင် ဗန်းမော်ပြည်သူ့ဆေးရုံဝန်းအား KIAက သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်ကို KIA မဟာမိတ်များက လက်နက်ကြီးများ၊ ဒရုန်းများဖြင့် ဆက်လက်တိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

ဗန်းမော်မြို့တိုက်ပွဲဆက်လက်ဖြစ်ပွားနေဆဲအခြေအနေတွင် စစ်ကောင်စီအနေဖြင့်လည်း လေကြောင်း ပစ်ကူပေး တိုက်ခိုက်မှုများ အရှိန်မြှင့်လုပ်ဆောင်လျက်ရှိရာ တိုက်လေယာဉ် Y12 လေယာဉ်များ အသုံးပြု ဗုံးသီးများကြဲချတိုက်ခိုက်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

တဦးတည်းသင်္ဘော ၄စီးထိဆုံးရှုံးရသူများရှိပြီး သင်္ဘောတစီး ကျပ်သိန်းရှစ်ထောင်မှသိန်းနှစ်သောင်းထိရှိကာ ​နွေဦး​တော်လှန်​ရေးရဲအရင်းအနှီးဟု အသိ​ပေး

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်နဲ့ ရွှေကူမြို့နယ်က တိုက်ပွဲတွေမှာ ဒဏ်ရာအပြင်းအထန်ရတဲ့ စစ်သားတွေကို မြစ်ကြီးနာမြို့က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)အပြင် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကိုပါ လေကြောင်းကနေပို့ပြီး ဆေးကုသနေတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

Facebook