Connect with us

Hi, what are you looking for?

သတင်း

မင်းတပ်မြို့အုပ်ချုပ်ရေး မဖော်ဆောင်နိုင်သေး၊ မိုင်းရှင်းလင်းရေးလုပ်ဆောင်ပြီးမှ မြို့ခံများ နေအိမ်ပြန်ကြည့်ခွင့်ပြုမည်

မြို့ခံ ပြည်သူများ ပြန်လည်ရောက်ရှိပါက အဆင်ပြေစေရန် မြို့ပေါ် ရေသွယ်ယူရေး၊ ရှင်းလင်းရေးနှင့် တရားဥပဒေစိုးမိုးရေး အကောင်အထည်ဖော်ရန် တို့ကို တဆင့်ခြင်းလုပ်ဆောင်သွားမည်ဟု ဆိုသည်။

(မင်းတပ်မြို့ရှိ နေအိမ်များ မီးလောင်ပျက်စီးနေသည်ကို တွေ့ရစဉ်။ Aye Nyein Thu/FB)
(မင်းတပ်မြို့ရှိ နေအိမ်များ မီးလောင်ပျက်စီးနေသည်ကို တွေ့ရစဉ်။ Aye Nyein Thu/FB)

▪️လေကြောင်း၊ လက်နက်ကြီးနှင့် စစ်ကောင်စီတပ် မီးရှို့မှုများကြောင့် မြို့ပေါ်ရှိ နေအိမ် ၂၀၀ကျော် မီးလောင်ပျက်စီး

ဟန်နွေ/People’s Spring

ချင်းဒေသကာကွယ်ရေးတပ်(CDF)-မင်းတပ် ပါဝင်သည့် ချင်းညီနောင်မဟာမိတ်များက ချင်းပြည်နယ် မင်းတပ်မြို့ကို သိမ်းပိုက်ထားပြီးဖြစ်သော်လည်း စစ်ကျန်မိုင်းများကြောင့် ပြည်သူထိခိုက်မှုများ မရှိစေရေး မိုင်းရှင်းလင်းရေးကို ဦးစားပေးလုပ်ဆောင်မည်ဖြစ်ကြောင်း မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူ ဆလိုင်းယောမာန်က ပြောသည်။

ဒီဇင်ဘာ ၂၁ရက်တွင် မင်းတပ်မြို့ကို ချင်းညီနောင်က အပြီးသတ်သိမ်းနိုင်ခဲ့ခြင်းဖြစ်ပြီး မြို့အုပ်ချုပ်ရေးဖော်ဆောင်မှုကို လတ်တလော မဆောင်ရွက်နိုင်သေးဟု ဆလိုင်းယောမာန်က ပြောသည်။

(မင်းတပ်မြို့ရှိ နေအိမ်များ မီးလောင်ပျက်စီးနေသည်ကို တွေ့ရစဉ်။ Aye Nyein Thu/FB)
(မင်းတပ်မြို့ရှိ နေအိမ်များ မီးလောင်ပျက်စီးနေသည်ကို တွေ့ရစဉ်။ Aye Nyein Thu/FB)

” မြို့ပေါ်က မြေမြှုပ်မိုင်းတွေရှင်းလင်းဖို့ အရင်ဦးစားပေးနေတယ်။ ပြီးတော့မှ ခြုံနွယ်ပိတ်ပေါင်းတွေ လမ်းတွေရှင်းဖို့ မိုင်းတွေရှင်းဖို့ အရင်ဦးစားပေးလုပ်ဆောင်နေပါတယ်။ အဲဒါပြီးမှ နေအိမ်ပြန်လာကြည့်မယ့်သူတွေပေါ့။ ပြောချင်တာက မိုင်းတွေမရှင်းသေးဘဲ နေအိမ်ပြန်လာကြည့်ရှုရင် မိုင်းတွေကွဲပြီး လူတွေထပ်မံ သေကြေဒဏ်ရာရတာမျိုး မလိုချင်လို့ပါ”ဟု ဆလိုင်းယောမာန်က ပြောသည်။

Public Service Announcement

Public Service Announcement

မြို့ခံ ပြည်သူများ ပြန်လည်ရောက်ရှိပါက အဆင်ပြေစေရန် မြို့ပေါ် ရေသွယ်ယူရေး၊ ရှင်းလင်းရေးနှင့် တရားဥပဒေစိုးမိုးရေး အကောင်အထည်ဖော်ရန် တို့ကို တဆင့်ခြင်းလုပ်ဆောင်သွားမည်ဟု ဆိုသည်။

(မင်းတပ်မြို့ရှိ နေအိမ်များ မီးလောင်ပျက်စီးနေသည်ကို တွေ့ရစဉ်။ Aye Nyein Thu/FB)
(မင်းတပ်မြို့ရှိ နေအိမ်များ မီးလောင်ပျက်စီးနေသည်ကို တွေ့ရစဉ်။ Aye Nyein Thu/FB)

” တဖြေးဖြေးတော့ တဆင့်ချင်းတဆင့်ချင်း ရှင်းလင်းမယ်။ရှင်းလင်းပြီး ဝင်ခွင့်ပေးမယ်။ ခွင့်ပေးပြီး ပြန်စည်ပင်အောင် အရင်ကလို ပြန်လည်ပတ်အောင် တဆင့်ခြင်းတော့ စီစဉ်ထားပါတယ်”ဟု ဆလိုင်းယောမာန်က ပြောသည်။

လက်ရှိ မင်းတပ်မြို့တွင် စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုနှင့် တမင် မီးရှို့မှုကြောင့် နေအိမ် ၂၀၀ကျော်မီးလောင်ပျက်စီးခဲ့ရသည်ဟု ၎င်းကဆိုသည်။

အဆိုပါ နေအိမ်များအပါအဝင် စစ်ရှောင်ပြည်သူများ ပြန်လည်ကူညီနိုင်ရေး ၊ ပြန်လည်နေရာချထားရေးလုပ်ငန်းများ ကိုလည်း တဆင့်စီလုပ်ဆောင်သွားမည်ဟု ပြောသည်။

(မင်းတပ်မြို့ရှိ နေအိမ်များ မီးလောင်ပျက်စီးနေသည်ကို တွေ့ရစဉ်။ Aye Nyein Thu/FB)
(မင်းတပ်မြို့ရှိ နေအိမ်များ မီးလောင်ပျက်စီးနေသည်ကို တွေ့ရစဉ်။ Aye Nyein Thu/FB)

CDF မင်းတပ်ကလည်း မင်းတပ်မြို့ပေါ်တွင် စစ်ကောင်စီက ပြည်သူ့နေအိမ်များ ဖျက်ဆီးခဲ့သည့် မှတ်တမ်းဓာတ်ပုံများကို ထုတ်ပြန် ပြသထားရာ တိုက်ခိုက်ခံရမှုနှင့် မီးလောင်မှုတို့ကြောင့် နေအိမ်အပျက်စီးများစွာကိုတွေ့ရသည်။

ထို့ပြင် မင်းတပ်မြို့တွင်းသို့ ပြည်သူများ ဝင်ထွက်ခြင်းမပြုရန် CDFက တားမြစ်ထားသည်။ စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်နေခြင်းကြောင့် ပြည်သူများ မြို့ပေါ် ခွင့်ပြုချက်မရဘဲ ဝင်ထွက်သွားလာခြင်း မပြုရန် အသိပေးထားခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်သား ခိုင်မင်းအောင်နှင့်ဝင်းနိုင်စိုးအပါအဝင် ၁၂ဦးကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း ယောဗျူဟာက ဒီဇင်ဘာလ၂၇ရက်တွင် သတင်းထုတ်ပြန်သည်။

သတင်း

ချင်းညီနောင်ကလည်း ၎င်းတို့ဒေသသာမက အခြားဒေသများလည်း လွတ်မြောက်ရေးအတွက် တတ်နိုင်သည့်ကဏ္ဍမှ ပူးပေါင်းဆောင်ရွက်သားမည်ဟု ဒီဇင်ဘာ ၂၃ရက်တွင် အသိပေးထားသည်။

သတင်း

စစ်ကောင်စီက ဒီဇင်ဘာ၂၂ရက်ညကစ၍ လက်နက်ကြီးများ အဆက်မပြတ်ပစ်ခတ်နေ၍ ဒေသခံများအား တော်လှန်ရေးတပ်ဖွဲ့များက သတိပေးထားသည်။

သတင်း

ဦးနေလင်းအောင်သည် ၂၀၁၅ ရွေးကောက်ပွဲ၌ မင်းတပ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ကိုယ်စားပြု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် အရွေးချယ်ခံခဲ့ရသူ ဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲ၌လည်း ထပ်မံအနိုင်ရရှိခဲ့သူဖြစ်သည်။