Connect with us

Hi, what are you looking for?

သတင်း

ဆင်ဖြူကျွန်းရဲစခန်းနှင့် ထွေအုပ်ရုံး တိုက်ခိုက်ခံရ

ဇန်နဝါရီ ၂ ရက် ညပိုင်းကလည်း ဆင်ဖြူကျွန်းမြို့ရှိ စစ်ကောင်စီ၏ ထွေအုပ်ရုံးကို ဗုံးသီးနှစ်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

ဆင်ဖြူကျွန်းရဲစခန်းနှင့် ထွေအုပ်ရုံး တိုက်ခိုက်ခံရ
ဆင်ဖြူကျွန်းရဲစခန်းနှင့် ထွေအုပ်ရုံး တိုက်ခိုက်ခံရ

ကျော်ဇော/People’s Spring

မကွေးတိုင်း၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့ရှိ ရဲစခန်းနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဆင်ဖြူကျွန်းမြို့ပြပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဇန်နဝါရီ ၁ ရက် ညပိုင်းက စစ်ကောင်စီတပ်နှင့် ရဲအင်အား ၅၀ ခန့်ရှိနေသည့် ဆင်ဖြူကျွန်းနယ်မြေရဲစခန်းအဝင်ဂိတ်နေရာအနီးသို့ ဗုံးသီးပစ်ဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဟု ၎င်းက ပြောသည်။

“ရဲစခန်း ကင်းဂိတ်ကို ဗုံးနဲ့တိုက်ခိုက်ခဲ့တာပါခင်ဗျ။ စကစ ဘက်က ထိခိုက်မှုအခြေအနေတော့ မသိရှိရသေးပါဘူး”ဟု ဆင်ဖြူကျွန်း မြို့ပြပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

အလားတူ ဇန်နဝါရီ ၂ ရက် ညပိုင်းကလည်း ဆင်ဖြူကျွန်းမြို့ရှိ စစ်ကောင်စီ၏ ထွေအုပ်ရုံးကို ဗုံးသီးနှစ်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

အဆိုပါ ထွေအုပ်ရုံး၌ စစ်ကောင်စီတပ်သားအချို့ အထိုင်ချတပ်စွဲထားပြီး တိုက်ခိုက်မှုအတွင်း ထိခိုက်သေဆုံးမှုရှိ၊မရှိ မသိရသေးပေ။

ပြီးခဲ့သည့် ဒီဇင်ဘာအတွင်း ဆင်ဖြူကျွန်းမြို့တွင် စစ်ကောင်စီတပ်မှ ကျေးရွာများသို့ ဝင်ရောက်ပေါ်တာဆွဲဖမ်းဆီးမှုများရှိခဲ့ရာ လူဦးရေဆယ်ဂဏန်း ဖမ်းဆီးခံခဲ့ရကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

နိုင်ငံတကာ

နိုင်ငံအနှံ့မှာ ခွဲထွက်ရေး အင်အားစုတွေနဲ့ ဂျီဟတ်ဝါဒီ စစ်သွေးကြွတွေရဲ့ အချိတ်အဆက်မိမိ တိုက်ခိုက်မှုတွေအတွင်း ကာကွယ်ရေးဝန်ကြီး သေဆုံးခဲ့ကြောင်း မာလီ အစိုးရက အတည်ပြုခဲ့ပါတယ်။

သတင်း

​မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် အကျနေ့မှာ စစ်တပ်က စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ကို ပါရာမိုတာနဲ့ လေကြောင်းတိုက်ခိုက်လို့ ဒေသခံ ထန်းသမားတစ်ဦး သေဆုံးခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့က မရှီကထောင်ဆုတောင်းကုန်းအနီးမှာ တိုက်ပွဲဆက်ပြင်းထန်နေပြီး စစ်ကောင်စီက Y8 လေယာဉ်နဲ့ လက်နက်ခဲယမ်းနဲ့ လူအင်အား ထပ်ပို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။