Connect with us

Hi, what are you looking for?

သတင်း

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင် ပြန်လွတ်လာ

စစ်ကောင်စီ၏ ယ‌နေ့ (ဇန်နဝါရီ ၄ရက်) လွတ်လပ်ရေးနေ့ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်တွင် မြစ်ကြီးနားထောင်မှ ပြန်လည်လွတ်မြောက်လာသူများအနက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) အစိုးရလက်ထက် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်အောင် ပါဝင်လာသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်အား တွေ့ရစဉ်။ ဓာတ်ပုံ - CJ

ကဖေး/People’s Spring

စစ်ကောင်စီ၏ ယ‌နေ့ (ဇန်နဝါရီ ၄ရက်) လွတ်လပ်ရေးနေ့ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်တွင် မြစ်ကြီးနားထောင်မှ ပြန်လည်လွတ်မြောက်လာသူများအနက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) အစိုးရလက်ထက် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်အောင် ပါဝင်လာသည်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ဦးခက်အောင်ကို ဖမ်းဆီးကာ ပုဒ်မ – ၅၀၅ (ခ)အပါအဝင် ပုဒ်မသုံးခုဖြင့် ထောင်ဒဏ် ၁၂ နှစ်မတရားချမှတ်ခဲ့ပြီးနောက် ယနေ့ပြန်လွှတ်ပေးခြင်းသည်ဖြစ်သည်။

” ကျတော်တို့ ဝန်ကြီးချုပ် ပြန်လွှတ်လာပါပြီ။ သူ ကျန်းမာရေးကောင်းတယ်” ဟု NLDအစိုးရလက်ထက် ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့်နီးစပ်သူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီသည် အာဏာသိမ်းပြီးနောက် တိုင်းနှင့်ပြည်နယ်ဝန်ကြီးချုပ်များအားလုံးကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ဧရာဝတီတိုင်း၊ကယားပြည်နယ်နှင့် ချင်းပြည်ဝန်ကြီးချုပ်မှလွဲ၍ ကျန်တိုင်းနှင့်ပြည်နယ်ဝန်ကြီးချုပ်များ ထောင်ဒဏ်ချမှတ်ခံခဲ့ရသည်။

မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်သည် အကျဉ်းထောင်အတွင်း ကျန်းမာရေးဆိုးဝါးစွာခံစားရပြီးနောက် အောက်တိုဘာ ၇ရက်တွင် ကွယ်လွန်ခဲ့သည်။ ယနေ့ လွတ်ငြိမ်းတွင် ကျန်တိုင်းနှင့်ပြည်နယ်ဝန်ကြီးချုပ်များ ပါဝင်မှုရှိ၊မရှိ မသိရသေးပေ။

စစ်ကောင်စီသည် ကချင်ပြည်နယ်အစိုးရအဖွဲ့တွင် ဝန်ကြီးချုပ်အပြင် သယံဇာတဝန်ကြီးဦးဒါရှီလဆိုင်းလမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းညွန့်၊ စည်ပင်သာယာရေးဝန်ကြီးဦးနော်လီ၊ ကချင်ပြည်နယ်လူဝင်မှုကြီးကြပ်ရေး(လဝက)ဝန်ကြီး ဦးဇော်ဝင်းနှင့် လူမူရေးဝန်ကြီး ဦးနေဝင်းတို့ကိုလည်း ဖမ်းဆီး ထောင်ချခဲ့သည်။ ကျန်ဝန်ကြီးငါးဦးသည် ၂၀၂၃အတွင်း လွတ်ရက်စေ့၍ ပြန်လည်လွတ်မြောက်ပြီးဖြစ်သည်။

ယနေ့ (ဇန်နဝါရီ ၄ရက်) ကျရောက်သည့် (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့တွင် စစ်ကောင်စီကအကျဉ်းထောင်အသီးသီးရှိ အကျဉ်းသား၊ အကျဉ်းသူ ၅,၈၆၄ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးလိုက်သည်ဟု ကြေညာသည်။

၎င်းတို့သည် နောက်တကြိမ်ပြစ်မှုထပ်မံကျူးလွန်ပါက ယခုကျခံရန် ကျန်ရှိသည့် ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်ဟူသော သတ်မှတ်ချက်ဖြင့် လွတ်ငြိမ်းခွင့်ပေးလိုက်ခြင်းဖြစ်သည်။

ထို့အပြင် ထောင်ဒဏ်တသက် ကျခံနေရသူ အကျဉ်းသား ၁၄၄ ဦးကိုလည်း ထောင်ဒဏ် ၁၅နှစ်သို့ လျော့ပေါ့ပြောင်းလဲပေးခဲ့ကြောင်း၊ နိုင်ငံခြားသားအကျဉ်းသား ၁၈၀ ကိုလည်း ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုပြီး ပြည်နှင်ဒဏ်ပေးကြောင်းလည်း စစ်ကောင်စီက ထုတ်ပြန်သည်။

စစ်ကောင်စီသည် အကျဉ်းသားများအား လွတ်ငြိမ်းခွင့်ပေးရာတွင် မတရားဖမ်းဆီးခဲ့သော နိုင်ငံရေးအကျဉ်းသားများအား အနည်းငယ်သာ ထည့်သွင်းလေ့ရှိသည်။ ယနေ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်တွင်လည်း နိုင်ငံရေးအကျဉ်းသား မည်မျှပါဝင်သည်ကို မသိရှိရသေးပေ။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့မှာသံဃာတွေကိုဆွမ်းလောင်းပြီး မွေးနေ့ဆုတောင်းပေးခဲ့တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီရဲ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းဒေါက်တာစောနိုင်ကိုအာဏာသိမ်းစစ်တပ်ကဖမ်းဆီးပြီးနောက် ထောင်ဒဏ်သုံးနှစ်ချလိုက်တယ်လို့ ပါတီနဲ့နီးစပ်သူအချို့ဆီကသိရပါတယ်။

ဆောင်းပါး

နေပြည်တော် အာဏာသိမ်းစစ်အုပ်စုက ငြိမ်းချမ်းရေးလို့ ခေါင်းစဥ်တပ်ကာ တွေ့ဆုံဆွေးနွေးပွဲတွေ ပြုလုပ်နေချိန်မှာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲအနိုင်ရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီက ‘တွေ့ဆုံညှိနှိုင်းအဖြေရှာရေး’မူကို ကိုင်စွဲကြောင်း ထုတ်ပြန်လာပါတယ်။

သတင်း

အာဏာစစ်အုပ်စုကို အသိအမှတ်မပြုမိစေဖို့ အရေးကြီးဟု NLD ပြော

သတင်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဥက္ကဋ္ဌ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ဆုတောင်းပေးမှုတွေကို ကျေးဇူးတင်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက် ရေးလှုံ့ဆော်မှုအဖွဲ့ (CRPP-NLD)က ဒီကနေ့ ထုတ်ပြန်ပါတယ်။