Connect with us

Hi, what are you looking for?

သတင်း

ဟင်္သာတလေယာဉ်ကွင်းကို စစ်ကောင်စီပြုပြင်နေ

ဧရာဝတီတိုင်းတွင် ရေကြည်မြို့နှင့် ရွှေသောင်ယံမြို့၌ လေယာဉ်ကွင်းငယ်အရေးပေါ် ဆောက်နေသည့်စစ်ကောင်စီက ဟင်္သာတမြို့ရှိ လေယာဉ်ကွင်းကိုလည်း ပြန်လည်ပြုပြင်နေသည်။

ဇော်ဂျီ(ဧရာဝတီ)/People’s Spring

ဧရာဝတီတိုင်းတွင် ရေကြည်မြို့နှင့် ရွှေသောင်ယံမြို့၌ လေယာဉ်ကွင်းငယ်အရေးပေါ် ဆောက်နေသည့်စစ်ကောင်စီက ဟင်္သာတမြို့ရှိ လေယာဉ်ကွင်းကိုလည်း ပြန်လည်ပြုပြင်နေသည်။

ဟင်္သာတ – ပုသိမ်ကားလမ်းမကြီးဘေးရှိ ဟင်္သာတလေယာဉ်ကွင်းကို ယခု ဇန်နဝါရီလဆန်းပိုင်းကစ၍ စစ်ကောင်စီက ပြန်လည်ပြင်ဆင်နေခြင်းဖြစ်သည်။

” လေယာဉ်ကွင်းကို စပြီး ပြင်နေပြီ။ ကွင်းကမသုံးတာကြာတော့ အခု အကြီးစားပြန်ပြင်နေတာ။ ဧရာဝတီတိုင်းထဲ စစ်ရေးအခြေအနေလှုပ်လာတော့ ပြန်သုံးမယ်ထင်တယ်”ဟု မြို့ခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် စစ်ကောင်စီသည် စစ်မှုထမ်းသင်တန်းဆင်းများအပါအဝင် အင်အား ၂၀၀ကျော်အား လေယာဉ်ကွင်းအတွင်း ပို့ဆောင်ထားကြောင်း သတင်းရရှိသည်။

” ညဘက် လာပို့သွားတာ။ ကုန်တင်ကားတွေနဲ့” ဟု ဟင်္သာတမြို့၊ နတ်မော်ကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။

နတ်မော်ကျေးရွာသည် အမှတ်(၁၈)ခြေလျင်တပ်ရင်း(ခလရ-၁၈)နှင့် နီးပြီး ဟင်္သာတလေယာဉ်ကွင်းမှာ ခလရ(၁၈)ရှေ့၌ တည်ရှိသည်။

အဆိုပါလေယာဉ်ကွင်းကို ၁၉၈၀ ခုနှစ်ကာလဝန်းကျင်က နောက်ဆုံးအသုံးပြုခဲ့ပြီး ယင်းနောက်ပိုင်းတွင် လေယာဉ်အတက်၊အဆင်းမရှိတော့ဘဲ ဂေါက်ကွင်းအဖြစ် အသုံးပြုထားသည်။

စစ်ကောင်စီသည် ရေကြည်မြို့၊ မြောက်စမ်းရွာရှိ အမတ(၃၄၄)ဝင်း၌လည်း လေယာဉ်ကွင်းငယ်အရေးပေါ် ဆောက်လုပ်နေသည်။ ထို့အပြင် ရွှေသောင်ယံမြို့ မကျီးဇင်ကျေးရွာ၌လည်း လေယာဉ်ကွင်းငယ်တစ်ခု ဆောက်လုပ်ရန် စစ်ကောင်စီက ပြင်ဆင်နေကြောင်းသတင်းရရှိသည်။

လက်ရှိတွင် ပုသိမ်မြို့လေယာဉ်ကွင်းအား အသုံးပြု၍ စစ်ကောင်စီတိုက်လေယာဉ်ပျံသန်းမှုများ၊ ရခိုင်ပြည်နယ်နှင့် မကွေးတိုင်းဘက်သို့ လေကြောင်းတိုက်ခိုက်မှုများရှိနေသည်။

ဧရာဝတီတိုင်းနှင့်နယ်စပ်ဖြစ်သောဂွမြို့အပြင် တောင်ကုတ်မြို့နယ်တို့ကို အာရက္ခတပ်တော်(AA)က သိမ်းယူပြီးနောက် စစ်ကောင်စီက ဧရာဝတီတိုင်းအတွင်းခံစစ်ပြင်နေပြီး လေယာဉ်ကွင်းအသစ်တည်ဆောက်ခြင်း၊ ကွင်းဟောင်းများပြုပြင်ခြင်းများပြုလုပ်နေသည်။

ထို့အပြင် စစ်ကောင်စီသည် မကွေးတိုင်း၊ ပခုက္ကူမြို့ရှိ လေယာဉ်ကွင်းကိုလည်း အကြီးစားပြင်ဆင်မှုများပြုလုပ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။