ဆိုင်းမင်း/People’s Spring
ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသမှာ ၂၀၂၄ခုနှစ် တစ်နှစ်တာအတွင်း စစ်ကောင်စီတပ် နဲ့ လက်အောက်ခံပြည်သူ့စစ်အဖွဲ့တွေလက်ချက်ကြောင့် သေဆုံးရသူ အရပ်သား ၁၄၀ ကျော် ရှိတယ်လို့ ကချင်လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (KHRW) က ဇန်နဝါရီ ၂ရက်မှာ ထုတ်ပြန်ပါတယ်။
ကချင်လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (KHRW) ကနေ ကောက်ယူရရှိတဲ့ အချက်အလက်အရ ၂၀၂၄ ခုနှစ်အတွင်းမှာ စုစုပေါင်းအရပ်သား ဦးရေ ၁၄၂ ဦး သေဆုံးခဲ့တာပါ။
လက်နက်ကြီး ပစ်ခတ်မှု နဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အခုလို အရပ်သားတွေသေဆုံးတာ ဖြစ်ပြီး စစ်ကောင်စီဟာ မြို့တွေနဲ့ အရပ်သားတွေနေထိုင်ရာကိုပစ်မှတ်ထားတိုက်ခိုက်ခဲ့တာလို့ KHRW က ဖော်ပြပါတယ်။
ပြီးခဲ့တဲ့ နှစ်အတွင်း ကချင်နဲ့ ရှမ်းမြောက်မှာ အရပ်သားတွေ ထိခိုက်သေဆုံးမှုအများဆုံးလက ဇူလိုင် ၊ သြဂုတ်နဲ့ ဒီဇင်ဘာလတို့ဖြစ်ပြီး ၃ လအတွင်း အရပ်သား၆၆ ဦး သေဆုံးခဲ့ရပါတယ်။
ဒါအပြင် ဒဏ်ရာရသူ အရပ်သား ၁၆၇ ဦးထိရှိခဲ့သလို စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခံရသူဦးရေဟာလည်း ၂၁၉ ဦး ရှိခဲ့ပါတယ်။