Connect with us

Hi, what are you looking for?

သတင်း

မဟာမိတ်များမှဦးဆောင်မှုထက်မြက်သူများကို အစိုးရအဖွဲ့အတွင်း အားသစ်လောင်းနိုင်ပါက ကျယ်ပြန့်သည့်တော်လှန်ရေးလုပ်ငန်းစဉ် ဖော်ဆောင်နိုင်မည်ဟု ယာယီသမ္မတ ပြော

ပသုံးလုံး ပြုပြင်ပြောင်းလဲရေး လက်မနှေးသင့်၊ အလုပ်ဖြစ်ရုံပြောင်းလဲခြင်းထက်ပိုသင့်ဟု သတိပေး

ဟန်နွေ/People’s Spring

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)အဖွဲ့တွင်း၌ တိုင်းရင်းသား မဟာမိတ်အင်အားစုများမှ ဦးဆောင်မှုထက်မြက်သည့် ပုဂ္ဂိုလ်များကို အားသစ်လောင်းနိုင်ပါက ပိုမိုကျယ်ပြန့်သည့် တော်လှန်ရေးလုပ်ငန်းစဉ်ကို ဖော်ဆောင်နိုင် မည်ဟုယုံကြည်ကြောင်း ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။

ယနေ့(ဇန်နဝါရီ ၁၄ရက်)ကျင်းပသည့် အစိုးရ အဖွဲ့အစည်းအဝေး၌ ပြောကြားသည့် ယာယီသမ္မတမိန့်ခွန်းတွင် မဟာမိတ်ဆက်ဆံရေးကဏ္ဍကို ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“တိုင်းရင်းသားမဟာမိတ် အဖွဲ့တွေနဲ့ မဟာမိတ်ဆက်ဆံရေးကို ခိုင်မာအောင် တည်ဆောက်တဲ့နေရာမှာ လက်တွေ့ကျတဲ့ တပ်ပေါင်းစု ဖြစ်ဖို့ လိုတယ်လို့ ထင်ပါတယ်။ မဟာမိတ်အင်အားစုတွေထဲက ဦးဆောင်နိုင်မှုထက်မြက်တဲ့ လူပုဂ္ဂိုလ်တွေကို ကျွန်တော်တို့ အစိုးရအဖွဲ့အတွင်းမှာ အားသစ်လောင်း ဖြည့်ဆည်းခြင်းအားဖြင့် တည်ဆဲ အခြေအနေထက် ပိုမိုကျယ်ပြန့်တဲ့ တော်လှန်ရေးလုပ်ငန်းစဉ်တွေကို ဆက်လက် အကောင်အထည် ဖော်နိုင်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်”ဟု ယာယီသမ္မတ ဒူဝါလရှီးလက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့ပြင် တော်လှန်ရေးအုတ်မြစ်ဖြစ်သည့် လူထုနှင့် နေ့စဉ်ထိတွေ့နေသည့်ယန္တရားများဖြစ်သော ပသုံးလုံး(ပြည်သူ့ကာကွယ်ရေး၊ ပြည်သူ့အုပ်ချုပ်ရေး၊ ပြည်သူ့လုံခြုံရေး) အဖွဲ့များ တော်တည့်ဖြောင့်မတ် ရေးသည်များစွာအရေးကြီးကြောင်း ပြောကြားသည်။

“ကျွန်တော်တို့ဟာ ပသုံးလုံး ပြုပြင်ပြောင်းလဲရေးကို အကောင်အထည်ဖော်ရာမှာ လက်လည်း မနှေးသင့်သလို၊ အလုပ်ဖြစ်ရုံမျှ ပြုပြင်ပြောင်းလဲရေး ဆိုတာထက်လည်း ပိုသင့်တယ်လို့ ထင်ပါတယ်”ဟု ယာယီသမ္မတက ပြောသည်။

ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းကလည်း ” အခုဆိုရင် အုပ်ချုပ်ရေးကဏ္ဍဘက်နဲ့ အခွန် ဘဏ္ဍာဆိုင်ရာကဏ္ဍ တွေဘက်မှာ အသံတွေ အတော်ထွက်ပြီး တချို့မြို့နယ်တာဝန်ရှိသူတွေ အနေနဲ့ တော်လှန်ရေးလမ်းကြောင်းကို သွေဖယ်လာတာမျိုး တွေလည်းရှိတာမို့ တင်းတင်းကြပ်ကြပ် စီမံဆောင်ရွက်သွားကြဖို့လည်းမှာကြားရင်း နိဂုံးချုပ် ပါတယ်”ဟု ပြောကြားခဲ့သည်။

အစိုးရအဖွဲ့အစည်းအဝေးတွင် ယာယီသမ္မတက စစ်ကောင်စီ လက်အောက်ခံတပ်သားများ ပြည်သူ့ရင်ခွင်ခိုလှုံလာရန် ဖိတ်ခေါ်ထားမှုကို ထပ်လောင်း ပြောကြားသည်။

“ပြည်သူ့ရင်ခွင် ခိုလှုံလာတဲ့ အရေးကိစ္စကလည်း အကြမ်းဖက်စစ်ကောင်စီရဲ့ ဒေါက်တိုင်ကို ဖြိုချတဲ့နေရာနဲ့ စစ်အာဏာရှင်စနစ်ဖျက်သိမ်းရေးခရီးမှာ အဓိကအရေးကြီးတဲ့အတွက် ထိထိရောက်ရောက်လုပ်ဆောင်ဖို့ တိုက်တွန်းကြောင်း ပြောကြားခဲ့ပါတယ်”ဟု ယာယီသမ္မတက မှာကြားသည်။

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA)နဲ့ မဟာမိတ်တွေ စစ်ရေးအရှိန်မြင့်ထားတဲ့ ရခိုင်ပြည်နယ်အစပ်ဧရာဝတီတိုင်း၊မကွေးတိုင်းထဲစစ်မျက်နှာ​တွေက စစ်တပ်ရဲ့ရှေ့တန်းစခန်းတွေကို​တော်လှန်​ရေးတပ်​တွေက ထပ်မံသိမ်းယူနိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ အရေးကြီးတဲ့ ထောက်လှမ်းရေး အကြီးအကဲ ရာထူးနေရာတစ်ခုမှာ အတွေ့အကြုံ မရှိတဲ့ မဟာမိတ် တစ်ဦးကို ရွေးချယ် ခန့်အပ်လိုက်ပါတယ်။

သတင်း

အမှတ်(၁၆) ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၁၆) ဦးတည်တဲ့ ထိုးစစ်တွေကြောင့် တိုက်ပွဲတွေပြင်းထန်နေတဲ့ ပန်းတောင်းမြို့နယ်မှာ စစ်တပ်ဂိတ်တွေကို အစစ်အဆေးမရှိဖြတ်ကျော်လာတဲ့ စိတ်ကြွဆေးပြား သိန်း ၃၀‌ကျော်ကို အာရက္ခတပ်တော်(AA)နဲ့ မဟာမိတ်တွေက ဖမ်းဆီးနိုင်ခဲ့ပါတယ်။

သတင်း

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်ထဲ အမြောက်တပ် အမတ ၃၄၄ကို အာရက္ခတပ်တော်(AA)နဲ့မဟာမိတ်တွေကမေလ ၁၅ရက်နေ့မှာ ယာယီထိန်းချုပ်နိုင်ခဲ့ပြီး လေကြောင်းရန်ကြောင်း ပြန်ဆုတ်ထားသလို အပြီးသတ်သိမ်းပိုက်နိုင်ရေး ဆက်လက်ထိုးစစ်ဆင်နေတယ်လို့စစ်​ရေးသတင်းရင်းမြစ်​တွေက​ပြောပါတယ်။