Connect with us

Hi, what are you looking for?

သတင်း

တော်လှန်ရေးတွင်ပါဝင်လိုသည့် လူငယ်များကို တပ်သားသစ်အဖြစ် CNDFဖိတ်ခေါ်

အခြေခံစစ်သင်တန်း တက်ရောက်ရန် သင်တန်းသားအသစ်ခေါ်ယူကြောင်း ချင်းပြည်နယ်အခြေစိုက် ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF)က ဇန်နဝါရီ ၁၅ရက်တွင် ထုတ်ပြန်သည်။

ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) အခြေခံစစ်ပညာသင်တန်း အမှတ်စဉ် (၄၁) သင်တန်းဆင်းပွဲမှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - CNDF

ဟန်နွေ/People’s Spring

အခြေခံစစ်သင်တန်း တက်ရောက်ရန် သင်တန်းသားအသစ်ခေါ်ယူကြောင်း ချင်းပြည်နယ်အခြေစိုက် ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF)က ဇန်နဝါရီ ၁၅ရက်တွင် ထုတ်ပြန်သည်။

ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF)မှ ၂၀၂၅အတွက် အခြေခံစစ်သင်တန်းဖွင့်လှစ်မည် ဖြစ်၍ CNDFတွင် တာဝန်ထမ်းဆောင်ရန် သင်တန်းသားအသစ်စတင်ခေါ်ယူနေကြောင်း အသိပေးသည်။

“အားလုံးအတွက်ပါ။ ဘယ်သူမဆို မခွဲခြားဘဲနဲ့ CNDFတပ်ဖွဲ့ ဝင် ပြီး တော်လှန်ရေးမှာ တကယ်စိတ်ဓာတ်ရှိပြီးမှ တကယ်တော်လှန်ရေးလုပ်ချင်တဲ့လူငယ်တွေအကုန်လုံးကို ကျနော်တို့ ဖိတ်ခေါ်ပါတယ်”ဟု CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတီမီက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်အာဏာရှင်အမြစ်ပြတ်ချေမှုန်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ပါဝင်လိုသည့် လူငယ်(ကျား၊မ)မရွေး သင်တန်းသားအရည်အချင်းသတ်မှတ်ချက် ပြည့်မီပါက သင်တန်းတက်ရောက်နိုင်သည်ဟု အသိပေးသည်။

သင်တန်းကာလ (၃)လ ကြာမည်ဖြစ်ပြီး အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း လူငယ်များ တက်ရောက်နိုင်သည်ဟု ဆိုသည်။

ကိုယ်လက်အင်္ဂါပြည့်စုံသူ၊ ကျန်းမာရေးကောင်းမွန်သူ၊ စစ်စည်းကမ်းလိုက်နာနိုင်သူဖြစ်ရမည်ဖြစ်ပြီး CNDF တွင် အနည်းဆုံး (၁)နှစ် တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်ဟုလည်း ထုတ်ပြန်သည်။ ထို့ပြင် နေရာဒေသမရွေး တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်ဟုသင်တန်းသား အရည်အချင်းသတ်မှတ်ချက်၌ ဖော်ပြသည်။

CNDFသည် ချင်းညီနောင်အဖွဲ့ဝင် ဒေသကာကွယ်ရေးတပ်ဖြစ်ပြီးလက်ရှိတွင် ချင်းပြည်နယ် ဖလမ်းမြို့သိမ်း စစ်ဆင်ရေးကို ဆင်နွှဲလျက်ရှိရာ မြို့ကို ထိန်းချုပ်ထားပြီး လက်ကျန်စစ်ကောင်စီ ခလရ(၂၆၈)တပ်ရင်းဌာနချုပ်ကို ဆက်လက်ထိုးစစ်ဆင်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

အတွေးအမြင်

ကလေးတွေကို ကြီးလာရင် ဘာဖြစ်ချင်လဲ၊ လူငယ်တွေကို အနာဂတ်မှာ ဘာဖြစ်ချင်လဲ။ ဘာလုပ်ဖို့ရည်ရွယ်ထားလဲ ဆိုတာမျိုး မေးတတ်ကြပါတယ်။ ဆရာဝန်ဖြစ်ချင်သလား။ အင်ဂျင်နီယာဖြစ်ချင်သလား။ စီးပွားရေးလုပ်ငန်းရှင်ဖြစ်ချင်သလား။ နိုင်ငံခြားမှာ ပညာသင်ချင် သလား။ တစ်ခါတလေမှာတော့ လူငယ်တစ်ယောက်ကို အနာဂတ်မှာ ဘာဖြစ်ချင်လဲ လို့ မေးလိုက်တာဟာ လွယ်ပါတယ်။

သတင်း

မကွေးမြို့မှာလည်း အသက်(၁၉)နှစ်အရွယ် လူငယ် ၁ဦး ပျောက်ဆုံးသွားလို့ လူမှုကွန်ရက်ကနေ အကူအညီတောင်းခံကာ ရှာဖွေနေရပါတယ်။

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တွေမှာ လူငယ်တွေကို လိုက်လံဖမ်းဆီးနေတဲ့အဖွဲ့တွေ သောင်းကျန်းနေပြီး လာဖမ်းရင် အဖမ်းမခံဘဲ ခုခံကြဖို့ ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာက စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ဝင်းဇော်က ပြောပါတယ်။