Connect with us

Hi, what are you looking for?

သတင်း

နေပြည်တော်နှင့် ကရင်နီပြည်တွင် စစ်ကောင်စီတပ်သား ၁၁ဦး အလင်းဝင်လာ

နေပြည်တော်နှင့် ကရင်နီပြည်နယ်တို့တွင် စစ်ကောင်စီတပ်သား ၁၁ဦး အလင်းဝင်လာကြောင်း အဆိုပါဒေသများရှိ တော်လှန်ရေးတပ်ဖွဲ့တာဝန်ရှိသူများက လူထုနွေဦးသို့ ပြောသည်။

ဓာတ်ပုံ - KNDF

ရဲခေါင်/People’s Spring

နေပြည်တော်နှင့် ကရင်နီပြည်နယ်တို့တွင် စစ်ကောင်စီတပ်သား ၁၁ဦး အလင်းဝင်လာကြောင်း အဆိုပါဒေသများရှိ တော်လှန်ရေးတပ်ဖွဲ့တာဝန်ရှိသူများက လူထုနွေဦးသို့ ပြောသည်။

အလင်းဝင်လာသူများသည် စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်းများအဖြစ် အတင်းအဓမ္မစုဆောင်းခြင်းခံရပြီး ရှေ့တန်းတိုက်ပွဲများသို့ ပို့ဆောင်ခံရသူများ ဖြစ်ကြသည်။

“စစ်ကောင်စီဘက်က အတင်းအဓမ္မ စုဆောင်းထားတဲ့ တပ်သားတွေက အခုလိုမျိုး စစ်မြေပြင်ရောက်တဲ့အခါ တော်လှန်ရေးတပ်ဖွဲ့တွေဆီဘက်ပြောင်းခိုလှုံတာများလာတယ်။မြေပြင်တိုက်ပွဲ ပိုပြင်းထန်လေလေ သူတို့ဘက်က ဘက်ပြောင်းတဲ့သူများလာလေပဲ။နေ့စဥ်နဲ့အမျှ ဘက်ပြောင်းတဲ့သူတွေရှိနေတယ်လို့ ပြောလို့ရတယ်”ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တာဝန်ရှိသူက လူထုနွေဦးသို့ပြောသည်။

Public Service Announcement

Public Service Announcement

ယနေ့(ဇန်နဝါရီ ၂၆ရက်)တွင် KNDF၏ ထုတ်ပြန်ချက်အရ စစ်ကောင်စီတပ်သား (၇)ဦးမှာ KNDF တပ်ရင်းအသီးသီးထံသို့ ထွက်ပြေးခိုလှုံလာခဲ့ကြောင်း အသိပေးထားသည်။

၎င်းတို့ ခုနစ်ဦးသည် လွိုင်ကော်မြို့ပြင်ရှိ ကင်းစခန်းတစ်ခုမှ လက်နက်မဲ့ထွက်ပြေးလာခဲ့သော ခမရ (၄၃၀) တပ်ရင်းမှ တပ်သား သုံးဦးနှင့် လွိုင်လင်လေးမြို့ပြင်ရှိ ထီးစဲခါးကင်းစခန်းတစ်ခုမှ ထွက်ပြေးလာခဲ့ခြင်းဟု သိရသည်။

လွိုင်လင်လေးစခန်းမှ ထွက်ပြေးလာသည့် ခလရ (၂၄၇)တပ်ရင်းမှ တပ်သားလေးဦးမှာ MA-3 သုံးလက် ၊ MA-1 တစ်လက်တို့ ပါရှိကြောင်း ဖော်ပြထားသည်။

ထို့အပြင် စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်းအဖြစ် အဓမ္မစုဆောင်းခံခဲ့ရသည့် တပ်စိပ်မှူးအပါအဝင် တပ်သား(၇)ဦးမှာ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ရှေ့တန်းစခန်းမှတဆင့်ဘက်ပြောင်းခိုလှုံလာခဲ့ကြောင်း နေပြည်တော်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ယနေ့ ထုတ်ပြန်သည်။

ဘက်ပြောင်းခိုလှုံလာသော တပ်သားများမှယူဆောင်လာသော လက်နက်များမှာ MA-3 နှစ်လက်၊ MA-1 ​လေးလက်၊ ကျည် ၅၉၃ တောင့်နှင့် ကျည်ဘောက် ၁၃ ဘောက်တို့ ပါရှိသည်ဟု ဆိုသည်။

စစ်ကောင်စီ၏ တပ်သားများအဖြစ် ကျန်ရှိနေသော တပ်ဖွဲ့ဝင်များအနေဖြင့် စစ်အာဏာရှင်လူတစ်စု၏ အကျိုးစီးပွားအတွက် ရပ်တည်နေမည့်အစား စစ်ကောင်စီတပ်သားအဖြစ်မှ အချိန်မီ စွန့်ခွာပြီး ပြည်သူ လူထုထံခိုလှုံခြင်းဖြင့် ဂုဏ်သိက္ခာရှိစွာ ရှင်သန်ရန်လည်း တော်လှန်ရေးအင်အားစုများက တိုက်တွန်းသည်။

ပြီးခဲ့သည့် နှစ်လအတွင်း ၂၀၂၄ ခုနှစ် ဒီဇင်ဘာ နှင့် ၂၀၂၅ ဇန်နဝါရီအထိ စစ်ကောင်စီတပ်မှ အဓမ္မစစ်မှုထမ်းရသူ ရာနှင့်ချီ၍ အလင်းဝင်လာကြောင်း KNDF တာဝန်ရှိသူက လူထုနွေဦးသို့ ပြောထားသည်။

အာဏာသိမ်းစစ်တပ်က အဓမ္မတပ်သားသစ် စုဆောင်းခံရသူများသည် ရှေ့တန်းရောက်ချိန်တွင် နယ်မြေခံတော်လှန်ရေးအင်အားစုများနှင့်ချိတ်ဆက်ကာ အလင်းဝင်လာသည့် ဖြစ်စဥ်များ နေရာအများအပြားတွင် ရှိနေသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF)-စီးယင်း တပ်ဖွဲ့ထံအာဏာသိမ်းစစ်ကောင်စီတပ်က တပ်သား ၄ဦး လက်နက်နဲ့အတူ အလင်းဝင်လာကြောင်း CDF စီးယင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပဲခူးနဲ့ ဧရာဝတီတိုင်းမှာ ပေါ်တာဆွဲခံရတဲ့ ပခုက္ကူမြို့နယ်အခြေစိုက် ခလရ (၂၃၅) တပ်ရင်းက စစ်မှုထမ်းတပ်သား ၂ ဦးဟာ COBRA ONE Pakokku တပ်ဖွဲ့ထံ အလင်းဝင်ရောက်လာခဲ့တယ်လို့ အဲဒီတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်သားတွေကို မူးယစ်ဆေးရောင်းချပြီး ပျော်အောင်ထား လိုရာစေခိုင်းနေဟု အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား ဖွင့်ဟ