Connect with us

Hi, what are you looking for?

သတင်း

ဆိပ်ဖြူတွင် စစ်ကောင်စီ ကပစ – ၂၂ မှ ပစ်ခတ်သည့် လက်နက်ကြီးထိမှန်၍ မိသားစုဝင်လေးဦး သေဆုံး

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်တွင် စစ်ကောင်စီ၏ ကာကွယ်ရေးပစ္စည်းထုတ်လုပ်သည့်စက်ရုံ (ကပစ-၂၂)မှ ပစ်ခတ်သည့် လက်နက်ကြီးကျရောက်ပေါက်ကွဲ၍ မိသားစုဝင် လေးဦးထိခိုက်သေဆုံးခဲ့ကြောင်း ဒေသအခြေစိုက် စစ်ရေးသတင်းရင်းမြစ်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

စစ်ကောင်စီပစ်သည့် လက်နက်ကြီးထိမှန်၍ ထိခိုက်သေဆုံးခဲ့သော ပြည်သူလေးဦး၏ရုပ်အလောင်းများနှင့် ဒေသခံများအား တွေ့ရစဥ်(ဓာတ်ပုံ - နွေဦးတော်လှန်ရေး-မြိုင်)

ကျော်ဇော/People’s Spring

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်တွင် စစ်ကောင်စီ၏ ကာကွယ်ရေးပစ္စည်းထုတ်လုပ်သည့်စက်ရုံ (ကပစ-၂၂)မှ ပစ်ခတ်သည့် လက်နက်ကြီးကျရောက်ပေါက်ကွဲ၍ မိသားစုဝင် လေးဦးထိခိုက်သေဆုံးခဲ့ကြောင်း ဒေသအခြေစိုက် စစ်ရေးသတင်းရင်းမြစ်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

ယမန်နေ့(ဇန်နဝါရီ ၂၆ ရက်)ညနေ ၅ နာရီခွဲခန့်က ဆိပ်ဖြူအခြေစိုက် ကပစ – ၂၂ မှ စက်ရုံအရှေ့ဘက်ရှိ ကင်မွန်းတောင့်ကျေးရွာဘက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ နေအိမ်ခြံတစ်ခုအတွင်းကျရောက်ပေါက်ကွဲပြီး အမွှာကလေးငယ်နှစ်ဦးအပါအဝင် ပြည်သူလေးဦးထိခိုက်သေဆုံးပြီး နှစ်ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ၎င်းစစ်ရေးသတင်းရင်းမြစ်က ပြော သည်။

“ကပစ-၂၂ စက်ရုံနဲ့ အဲဒီရွာနဲ့က အရမ်းကြီးတော့ မဝေးဘူး။ သူတို့လက်နက်ကြီးပစ်လို့ လက်လှမ်းမီတဲ့ တကမ်းစာလောက်မှာရှိနေတာပေါ့။ ဘာတိုက်ပွဲမှမရှိဘဲ ရမ်းသမ်းပစ်တာဗျ”ဟု ဒေသစစ်ရေးသတင်းရင်းမြစ်က လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

လက်နက်ကြီးကျည်ထိမှန်၍ အသက်ဆုံးရှုံးခဲ့သော ဒေသခံပြည်သူလေးဦးမှာ မိသားစုဝင်များဖြစ်ပြီး အမွှာနှစ်ဦးမှာ အသက်(၁၀)နှစ်အောက်သာရှိသေးသည့် ကလေးငယ်များဖြစ်ကာ ကျန်နှစ်ဦးမှာ ကလေးငယ်နှစ်ဦး၏ အဘွားဖြစ်သူနှင့် ဦးလေးတို့ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ကပစ – ၂၂ရှိ စစ်ကောင်စီတပ်များ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သည့် ကင်မွန်းတောင့်ကျေးရွာမှာ ရွာကြီးတစ်ရွာဖြစ်ပြီး ဆိပ်ဖြူမြို့နယ်နှင့် ပေါက်မြို့နယ်အစပ်နားတွင်တည်ရှိသည့် ကျေးရွာတစ်ရွာ ဖြစ်သည်။

အထက်ပါ လက်နက်ကြီးထိမှန်သေဆုံးခဲ့သော ပြည်သူလေးဦးကို ကောင်းမွန်စွာသင်္ဂြိုလ်ပေးခဲ့ပြီး ဒဏ်ရာရသူနှစ်ဦးအား ဆေးကုသမှုခံယူနိုင်ရန် စီစဥ်ပေးထားကြောင်း ဒေသခံများနှင့် စစ်ရေးသတင်းရင်း မြစ်များထံမှ စုံစမ်းသိရသည်။

ဆိပ်ဖြူမြို့နယ်တွင် ဇန်နဝါရီ ၁၉ ရက်က စစ်ကောင်စီ ငွေကြေးရိုက်ထုတ်သည့်စက်ရုံ ဝါဇီစက်ရုံကို မကွေးတိုင်း ပကဖ ဒရုန်းလက် ရုံးတပ်ဖြစ်သည့် သိန်းငှက်နက်ဆိပ်ဖြူတော်လှန်ရေးတပ်ဦးအပါအဝင် တော်လှန် ရေးပူးပေါင်းတပ်များက Short Range Missile (၁၇)လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့​ သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်အတွင်းဝင်လာချိန် တိုက်ခိုက်ခံရလို့ သေဆုံးခဲ့တဲ့ ရဲကွန်မန်ဒိုတွေကို စစ်တပ်က လုံခြုံရေးယူပြီး ဆွမ်းသွပ်တရားနာပြုလုပ်ခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။