ဆိုင်းမင်း/People’s Spring
မန္တလေး အိုးဘိုထောင်မှာ လူ ၆၀ ကျော် ပြီးခဲ့တဲ့ ရက်ပိုင်းက ဝမ်းပျက် ဝမ်းလျှော ဖြစ်ပွားပြီး လုံလောက်တဲ့ ဆေးဝါးကုသမှု မရဘဲ ဖြစ်နေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်း သားများ ကွန်ရက် (PPNM ) က ဇန်နဝါရီလ ၂၃ ရက် ထုတ်ပြန်ပါတယ်။
ထောင်တွင်းမှာ လုံလောက်တဲ့ ဆေးဝါးစောင့်ရှောက်မှု မရဘဲ ဝမ်းလျှောသူတွေ ကို ဝမ်းပိတ်ဆေး နဲ့ ဓာတ်ဆားတစ်ထုပ်စီသာပေးတယ်လို့ PPNM က ဆိုပါတယ်။
” ရေနဲ့လည်းဆိုင်သလို ကျွေးတဲ့အစားစားတွေပေါ်မူတည်တယ်ဗျ၊ ထမင်းနဲ့ပဲဟင်းကလည်း အခန့်မသင့်ရင် ဝမ်းပျက်၊ ဝမ်းလျှောဖြစ်တယ်”လို့ PPNM ရဲ့ တာဝန်ရှိသူ ကိုသိုက်ထွန်းဦး က ပြောပါတယ်။

Public Service Announcement
ဇန်နဝါရီလ ဒုတိယပတ်ကစတင်ပြီး ထောင်တွင်းမှာ ဝမ်းပျက် ဝမ်းလျှော စတင်ဖြစ်ပွားတာဖြစ်ပြီး အကျဉ်းသား ၄၀ ခန့်၊ အကျဉ်းသူ ၂၅ ဦးဝန်းကျင် ဝေဒနာ ခံစားခဲ့ရတာလို့သိရပါတယ်။
ဝမ်းပျက်ဝမ်းလျှော ဖြစ်သွားသူတွေထဲ ထောင်ဆေးရုံမှာ တက်ပြီး ဆေးကုသမှု ခံယူရသူတွေလည်းရှိပါတယ်။
