Connect with us

Hi, what are you looking for?

သတင်း

သာပေါင်းမြို့မရဲစခန်းမှူး ဒုရဲမှူးဝင်းနိုင်ဦး AA စနိုက်ဘာကျည်ထိမှန်သေဆုံး

ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်အတွင်း ယနေ့(ဇန်နဝါရီ ၂၈ ရက်​နေ့ )ဖြစ်ပွားသောတိုက်ပွဲ၌ သာပေါင်းမြို့မရဲစခန်းမှူး ဒုရဲမှူးဝင်းနိုင်ဦးသည် အာရက္ခတပ်တော်(AA)၏ စနိုက်ဘာကျည်ထိမှန်သေဆုံးသွားကြောင်း သတင်းရရှိသည်။

ရဲသုံးဦးတွင် အလယ်မှ ရဲသည် ဒုရဲမှူးဝင်းနိုင်ဦးဖြစ်သည်။ ဓါတ်ပုံ- စစ်​ကောင်စီ

ကဖေး/People’s Spring

ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်အတွင်း ယနေ့(ဇန်နဝါရီ ၂၈ ရက်​နေ့ )ဖြစ်ပွားသောတိုက်ပွဲ၌ သာပေါင်းမြို့မရဲစခန်းမှူး ဒုရဲမှူးဝင်းနိုင်ဦးသည် အာရက္ခတပ်တော်(AA)၏ စနိုက်ဘာကျည်ထိမှန်သေဆုံးသွားကြောင်း သတင်းရရှိသည်။

သာပေါင်းမြို့နယ်၊ ကျားခေါင်းရွာ၌ တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ပြီး ဒုရဲမှူးဝင်းနိုင်ဦးသေဆုံးကြောင်း ဧရာဝတီတိုင်ရဲတပ်ဖွဲ့မှူးရုံးနှင့် နီးစပ်သူတဦးက လူထု​နွေဦးသို့ အတည်ပြုပြောကြားသည်။

“စနိုက်ဘာ ထိတာတဲ့ဗျ။ သူ့တပည့် နယ်ထိန်းက ထွက်ပြေးလာတယ်” ဟု အဆိုပါသတင်းရင်းမြစ်ကပြောသည်။

Public Service Announcement

Public Service Announcement

ကျားခေါင်းရွာသည် ဇန်နဝါရီလ ၁၆ ရက်နေ့က AAသိမ်းယူခဲ့သည့် ရွှေသောင်ယံမြို့၊ ဘောမိကျေးရွာနှင့် ဆက်စပ်တည်ရှိသည်။ ဘောမိရွာတိုက်ပွဲပြီးသည့်နောက်ပိုင်း သာပေါင်းမြို့နယ်အတွင်း တိုက်ပွဲဆက်ဖြစ်နေခြင်းဖြစ်သည်။

ဒုရဲမှူးဝင်းနိုင်ဦးသည် စစ်ကောင်စီထောက်ခံသည့် သဘောထားတင်းမာသူအဖြစ်လူသိများသည်။ပြီးခဲ့သည့် ဇန်နဝါရီလ ပထမလပတ်ကရွှေသောင်ယံမြို့၊ မကျီးစင်ကျေးရွာမှ ရဲတပ်ဖွဲ့ဝင်ရှစ်ဦး ထွက်ပြေးရာ စစ်ကောင်စီကပြန်လည်ဖမ်းမိပြီးနောက် သာပေါင်းရဲစခန်းသို့ပိုဆောင်ခဲ့သည်။

အဆိုပါရဲ့တပ်ဖွဲ့ဝင်ရှစ်ဦးသည် တော်လှန်ရေးအင်အားစုများထံ ထွက်ပြေးခြင်းဖြစ်ကြောင်း ဒုရဲမှူးဝင်းနိုင်ဦးက စွပ်စွဲကာ ရိုက်နှက်စစ်ဆေးခဲ့သည်ဟု စုံစမ်းသိရသည်။

မကျီးစင်ကျေးရွာကို ဇန်နဝါရီလ၈ရက်နေ့တွင် AAက တိုက်ခိုက်ပြီး သိမ်းယူထားပြီးဖြစ်သည်။

AA သည် စခန်းသိမ်းတိုက်ပွဲများတွင် စနိုက်ဘာကိုလည်း ကောင်းကောင်းအသုံးချနေပြီး အမ်းမြို့ရှိ အ​နောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) သိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ပစ်ခတ်နေသည့်ရုပ်သံမှတ်တမ်းများကို ထုတ်ဖော်ပြသဖူးသည်။

ဧရာဝတီတိုင်း၊ပဲခူးတိုင်းနှင့် မကွေးတိုင်းနယ်စပ်ဒေသများ တွင် စစ်တပ်စခန်း နှင့် စစ်​ကြောင်းများကို တိုက်ခိုက်ပြီး စခန်းများသိမ်းယူ​နေကြောင်း AAက ဇန်နဝါရီ ၂၇ ရက်ညတွင်သတင်းထုတ်ပြန်ထားသည်။ရခိုင်-ဧရာဝတီနယ်စပ်မှ စစ်ကောင်စီပွိုင့် (၂၆၃) စခန်း ပွိုင့် (၃၆၉) စခန်းကို ဇန်နဝါရီလ (၂၆ ) ရက်နှင့်ဇန်နဝါရီလ (၂၁ ) ရက်၌ သိမ်းယူခဲ့ကြောင်း AA က အသိ​ပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ပကာရီရဲစခန်းအနီး ခရီးသွားယာဥ်များအား တားဆီးစစ်ဆေး၍ ဆက်ကြေးကောက်ငွေညှစ်နေသည့် စစ်ကောင်စီတပ်သားတစ်ဦးကို စနိုက်ပါဖြင့် သွားရောက်ပစ်ခတ်ခဲ့ကြောင်း ဒူရကစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့ရှိ မီးသတ်ဦးစီးဌာနရုံး၌ တပ်စွဲထားသော စစ်ကောင်စီတပ်သားများအား သွားရောက်တိုက်ခိုက်ရာ စစ်သားတစ်ဦးသေဆုံးကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ခေါင်းဆောင် ကိုလက်ယျာက ပြောသည်။

သတင်း

မကွေးတိုင်း ထီးလင်းမြို့ စစ်ကောင်စီ အထိုင်တပ်မှ တပ်သားတစ်ဦး အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM ပြုလုပ်လာကြောင်း ယောတော်လှန်ရေးတပ်(YRA)-ထီးလင်းက သတင်းထုတ်ပြန်သည်။

နိုင်ငံတကာ

ရုရှားနဲ့ စစ်ပွဲကာလ အစောပိုင်းတွေတုန်းကလည်း ယူကရိန်း စနိုက်ပါ တစ်ယောက်ဟာ ၁.၇ မိုင် အကွာက ပစ်မှတ်ကို ချေမှုန်းနိုင်ခဲ့ဖူးကြောင်း သိရပါတယ်။