Connect with us

Hi, what are you looking for?

သတင်း

သာပေါင်းမြို့မရဲစခန်းမှူး ဒုရဲမှူးဝင်းနိုင်ဦး AA စနိုက်ဘာကျည်ထိမှန်သေဆုံး

ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်အတွင်း ယနေ့(ဇန်နဝါရီ ၂၈ ရက်​နေ့ )ဖြစ်ပွားသောတိုက်ပွဲ၌ သာပေါင်းမြို့မရဲစခန်းမှူး ဒုရဲမှူးဝင်းနိုင်ဦးသည် အာရက္ခတပ်တော်(AA)၏ စနိုက်ဘာကျည်ထိမှန်သေဆုံးသွားကြောင်း သတင်းရရှိသည်။

ရဲသုံးဦးတွင် အလယ်မှ ရဲသည် ဒုရဲမှူးဝင်းနိုင်ဦးဖြစ်သည်။ ဓါတ်ပုံ- စစ်​ကောင်စီ

ကဖေး/People’s Spring

ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်အတွင်း ယနေ့(ဇန်နဝါရီ ၂၈ ရက်​နေ့ )ဖြစ်ပွားသောတိုက်ပွဲ၌ သာပေါင်းမြို့မရဲစခန်းမှူး ဒုရဲမှူးဝင်းနိုင်ဦးသည် အာရက္ခတပ်တော်(AA)၏ စနိုက်ဘာကျည်ထိမှန်သေဆုံးသွားကြောင်း သတင်းရရှိသည်။

သာပေါင်းမြို့နယ်၊ ကျားခေါင်းရွာ၌ တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ပြီး ဒုရဲမှူးဝင်းနိုင်ဦးသေဆုံးကြောင်း ဧရာဝတီတိုင်ရဲတပ်ဖွဲ့မှူးရုံးနှင့် နီးစပ်သူတဦးက လူထု​နွေဦးသို့ အတည်ပြုပြောကြားသည်။

“စနိုက်ဘာ ထိတာတဲ့ဗျ။ သူ့တပည့် နယ်ထိန်းက ထွက်ပြေးလာတယ်” ဟု အဆိုပါသတင်းရင်းမြစ်ကပြောသည်။

Public Service Announcement

Public Service Announcement

ကျားခေါင်းရွာသည် ဇန်နဝါရီလ ၁၆ ရက်နေ့က AAသိမ်းယူခဲ့သည့် ရွှေသောင်ယံမြို့၊ ဘောမိကျေးရွာနှင့် ဆက်စပ်တည်ရှိသည်။ ဘောမိရွာတိုက်ပွဲပြီးသည့်နောက်ပိုင်း သာပေါင်းမြို့နယ်အတွင်း တိုက်ပွဲဆက်ဖြစ်နေခြင်းဖြစ်သည်။

ဒုရဲမှူးဝင်းနိုင်ဦးသည် စစ်ကောင်စီထောက်ခံသည့် သဘောထားတင်းမာသူအဖြစ်လူသိများသည်။ပြီးခဲ့သည့် ဇန်နဝါရီလ ပထမလပတ်ကရွှေသောင်ယံမြို့၊ မကျီးစင်ကျေးရွာမှ ရဲတပ်ဖွဲ့ဝင်ရှစ်ဦး ထွက်ပြေးရာ စစ်ကောင်စီကပြန်လည်ဖမ်းမိပြီးနောက် သာပေါင်းရဲစခန်းသို့ပိုဆောင်ခဲ့သည်။

အဆိုပါရဲ့တပ်ဖွဲ့ဝင်ရှစ်ဦးသည် တော်လှန်ရေးအင်အားစုများထံ ထွက်ပြေးခြင်းဖြစ်ကြောင်း ဒုရဲမှူးဝင်းနိုင်ဦးက စွပ်စွဲကာ ရိုက်နှက်စစ်ဆေးခဲ့သည်ဟု စုံစမ်းသိရသည်။

မကျီးစင်ကျေးရွာကို ဇန်နဝါရီလ၈ရက်နေ့တွင် AAက တိုက်ခိုက်ပြီး သိမ်းယူထားပြီးဖြစ်သည်။

AA သည် စခန်းသိမ်းတိုက်ပွဲများတွင် စနိုက်ဘာကိုလည်း ကောင်းကောင်းအသုံးချနေပြီး အမ်းမြို့ရှိ အ​နောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) သိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ပစ်ခတ်နေသည့်ရုပ်သံမှတ်တမ်းများကို ထုတ်ဖော်ပြသဖူးသည်။

ဧရာဝတီတိုင်း၊ပဲခူးတိုင်းနှင့် မကွေးတိုင်းနယ်စပ်ဒေသများ တွင် စစ်တပ်စခန်း နှင့် စစ်​ကြောင်းများကို တိုက်ခိုက်ပြီး စခန်းများသိမ်းယူ​နေကြောင်း AAက ဇန်နဝါရီ ၂၇ ရက်ညတွင်သတင်းထုတ်ပြန်ထားသည်။ရခိုင်-ဧရာဝတီနယ်စပ်မှ စစ်ကောင်စီပွိုင့် (၂၆၃) စခန်း ပွိုင့် (၃၆၉) စခန်းကို ဇန်နဝါရီလ (၂၆ ) ရက်နှင့်ဇန်နဝါရီလ (၂၁ ) ရက်၌ သိမ်းယူခဲ့ကြောင်း AA က အသိ​ပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းအမျိုးသားအဖွဲ့ချုပ်/ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNO/CNDF) ရဲ့ အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို မေလ ၁၅ရက်မှာ ပြုလုပ်ခဲ့ရာ စစ်ဆင်ရေးမှာ လိုအပ်မယ့် လက်နက်ကြီးများ၊ ဒရုန်းများ၊ စနိုက်ပါလက်နက်များနဲ့ လက်နက်ခဲယမ်းများကိုလည်း တစ်ပါတည်း ဖြည့်တင်းပေးအပ်ခဲ့တယ်လို့ CNO/CNDFက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဘော့စ်နီးယား စစ်ပွဲကာလအတွင်း အီတလီ နိုင်ငံသားတွေက ဒေသခံ အရပ်သား ပြည်သူတွေကို စနိုက်ပါနဲ့ ပစ်ခတ်ပြီး အပျော်တမ်း အမဲလိုက်တဲ့ သဘောမျိုး သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ ကိစ္စကို အီတလီမှာ အမှုဖွင့် စုံစမ်းနေပါတယ်။

သတင်း

ပဲခူးတိုင်း၊ သဲကုန်းမြို့အဝင် တယ်သီးပင်ရွာရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်ကို စနိုက်ဘာဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပြည်ခရိုင်တပ်ရင်း ၃၆၀၁ မှ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ရှဲဒိုးက ပြောသည်။

နိုင်ငံတကာ

အမေရိကန် နိုင်ငံမှာ တောမီးကို ငြှိမ်းသတ်နေတဲ့ မီးသတ်သမားတွေကို စနိုက်ပါနဲ့ ချောင်းမြောင်း ပစ်ခတ်ခဲ့သူကို သေဆုံးလျက် ရှာတွေ့ခဲ့ကြောင်း သိရပါတယ်။