Connect with us

Hi, what are you looking for?

သတင်း

တရုတ်က မြန်မာပြည်သူလူထုမျက်နှာထက် နေပြည်တော်မျက်နှာကို ကြည့်သလို ဖြစ်နေဟု NUG နိုင်ငံခြားရေးဝန်ကြီးပြော

အိမ်နီးချင်းတရုတ်နိုင်ငံသည် မြန်မာပြည်သူလူထုထက်မျက်နှာထက် နေပြည်တော်(စစ်ကောင်စီ)၏မျက်နှာကို ကြည့်သလို ဖြစ်နေကြောင်း အမျိုးသားညီညတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောသည်။

NUG နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီး ဒေါ်ဇင်မာအောင် ရှင်းလင်းနေစဥ်

အီယိုရီ/People’s Spring

အိမ်နီးချင်းတရုတ်နိုင်ငံသည် မြန်မာပြည်သူလူထုထက်မျက်နှာထက် နေပြည်တော်(စစ်ကောင်စီ)၏မျက်နှာကို ကြည့်သလို ဖြစ်နေကြောင်း အမျိုးသားညီညတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောသည်။

တရုတ်အပါအဝင် အိမ်နီးချင်းနိုင်ငံများအနေဖြင့် အာဏာသိမ်းစစ်ကောင်စီက အဖြေမဟုတ်သည်ကို ယခုထက် ပို၍ သဘောပေါက်ရန် လိုအပ်ပြီး ကျားဖြန့်ကဲ့သို့ နယ်စပ်ဖြတ်ကျော်မှုခင်းများ၊ ရာဇဝတ်မှုများသည် စစ်အာဏာသိမ်းမှုအောက်တွင် ပိုမိုကြီးထွားလာကြောင်း NUG နိုင်ငံခြားရေးဝန်ကြီးက ပြောသည်။ ယင်းကိစ္စရပ်များသည် ပြည်တွင်းရေး ကိစ္စသာ မဟုတ်တော့ဘဲ ဒေသတွင်းတည်ငြိမ်မှုကို ခြိမ်းခြောက်လာသည့်အနေအထားမျိုးဖြစ်သည်ဟု ဆက်ပြောသည်။

“မြန်မာပြည်သူလူထုမျက်နှာထက် နေပြည််တော်ရဲ့ မျက်နှာကို ကြည့်နေသလို ဖြစ်နေတယ်လို့ ကျွန်မ ပွင့်ပွင့်လင်းလင်းဖြေကြားချင်ပါတယ်” ဟု ဝန်ကြီး ဒေါ်ဇင်မာအောင်က ယနေ့(ဇန်နဝါရီ ၂၉ရက်)ကျင်းပသော NUG နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းစာရှင်းလင်းပွဲ၌ ပြောသည်။

Public Service Announcement

Public Service Announcement

မြန်မာ့အိမ်နီးချင်းနိုင်ငံများ အထူးသဖြင့် တရုတ်အနေဖြင့် NUG အစိုးရနှင့် ဆက်သွယ်ဆောင်ရွက်ရာတွင် မြန်မာပြည်သူလူထု၏ ဆန္ဒအတိုင်း ဖြစ်မနေဘဲ တကယ်ဖြစ်ပျက်နေသည့် အခြေအနေအပေါ် ထင်ဟပ်ခြင်းမရှိသော သတင်းအချက်အလက်များအပေါ် အခြေခံကာ မြန်မာ့အရေးအပေါ် ဆုံးဖြတ်နေကြောင်း NUG နိုင်ငံခြားရေးဝန်ကြီးက သုံးသပ်သည်။

“ဒါကြောင့်မို့ ကျွန်မတို့ဘက်က engagement တွေ ဆက်သွယ်ဆောင်ရွက်မှုတွေကိုတော့ တဖက်သတ်ပင် ဖြစ်စေကာမူ တိုးပြီးဆောင်ရွက်နေတာတွေ ရှိပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

ထို့အပြင် တရုတ်သည် မြန်မာ့အရေးကို ကိုင်တွယ်ရာတွင် တသတ်မတ်တည်းမရှိဘဲ ရှေ့နောက်မညီသော ချဥ်းကပ်မှုများဖြင့် ဆောင်ရွက်လာနေသည်ကို တွေ့ရကြောင်း NUG နိုင်ငံခြားရေးဝန်ကြီးက ဆိုသည်။

“ဒါက ဘာကိုပြနေသလဲဆိုရင် မြန်မာ့အရေးကို သူ(တရုတ်)ဘယ်လိုကိုင်တွယ်ရမှန်းမသိဘူး။ နေပြည်တော်က စစ်ခေါင်းဆောင်တွေကို စိတ်တိုင်းကျသလားဆိုတော့လည်း စိတ်တိုင်းမကျဘူး”ဟု ဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောသည်။

မြန်မာ့အရေးနှင့်ပတ်သက်၍ တရုတ်အစိုးရအနေဖြင့် လက်တွေ့ကျကျ အမှန်မြင်လာအောင် ဆက်လက်ကြိုးစားလုပ်ဆောင်ရမည်ဖြစ်ကြောင်းနှင့် တော်လှန်ရေးအင်အားစုများအနေဖြင့် တရုတ်၏ အကျိုးစီးပွားကို ရေရှည်ကာကွယ်နိုင်မည့် နိုင်ငံရေးစနစ်မျိုး၊ ပြည်ထောင်စုစနစ်မျိုး ထူထောင်နေခြင်းမျိုး နည်းလမ်းများကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း NUG နိုင်ငံခြားရေးဝန်ကြီးက ဆက်ပြောသည်။

“တည်ငြိမ်မှုကို ဖော်ဆောင်နေတာဖြစ်တယ်ဆိုတဲ့ နိုင်ငံရေးသတင်းစကားအပြင် လက်တွေ့ကျတဲ့ မြေပြင်မှာ တည်ငြိမ်မှုကို ကျွန်မတို့ ဘယ်လိုဖော်ဆောင်နိုင်မလဲ ဒါကိုလည်း ကျွန်မတို့ လက်တွေ့ကျကျ ဆောင်ရွက်နိုင်မှသာလျှင် တရုတ်သွားနေတဲ့ ချဥ်းကပ်ပုံတွေ၊ မြန်မာ့အရေးအပေါ်မှာ အမြင်တွေကို ထိုက်သင့်သလောက် ပြောင်းလဲနိုင်မှာလို့ မြင်မိပါတယ်။ စိန်ခေါ်မှုတော့ ကြီးကြီးမားမား ရှိတယ်လို့ ဖြေချင်ပါတယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

NUG နိုင်ငံခြားရေး ဒုဝန်ကြီး ဦးမိုးဇော်ဦးကလည်း ယခု ၂၀၂၅ ခုနှစ်အတွင်း NUG အနေဖြင့် ဒေသတွင်းနှင့် အိမ်နီးချင်းနိုင်ငံများနှင့် ပိုမိုထိတွေ့ဆက်ဆံမှုများ လုပ်ဆောင်သွားမည်ဖြစ်ပြီး နိုင်ငံတကားနှင့် ပူးပေါင်းလုပ်ဆောင်ရန် အမြဲအသင့်ရှိနေကြောင်းလည်း ယနေ့ သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ် စစ်တပ်ထဲက ထိပ်တန်း စစ်ဗိုလ်ချုပ်တွေကို ဖယ်ရှားရှင်းလင်းခဲ့တဲ့ သမ္မတ ရှီကျင့်ဖျင်ရဲ့ အစီအမံတွေကို အဓိက ဦးဆောင် တာဝန်ယူပေးခဲ့သူ စစ်ဗိုလ်ချုပ် တစ်ဦးဟာ အခုအခါ ရာထူး တိုးသွားခဲ့ပါတယ်။

နိုင်ငံတကာ

တရုတ် ကုမ္ပဏီတွေက ကြော်ငြာစာချုပ်တွေ ရပ်ဆိုင်းတာ အပါအဝင် ပြင်းထန်တဲ့ တုံ့ပြန်မှုတွေ ကြုံလာတဲ့နောက် ပြင်သစ် လက်ရွေးစင် အသင်း တိုက်စစ်မှူး ကိုင်လီယန် အမ်ဘက်ပေက တရုတ် ကွန်မြူနစ်ပါတီ (CCP) ထူထောင်သူ မော်စီတုန်းကို အာဏာရှင်လို့ ရည်ညွှန်းခဲ့မိတဲ့ သူ့စကားအတွက် ပြန်လည် တောင်းပန်ခဲ့ပါတယ်။

နိုင်ငံတကာ

တရုတ်နဲ့ အိန္ဒိယ နယ်စပ်တလျှောက်မှာ နှစ်ဖက် လုံခြုံရေး တပ်ဖွဲ့တွေကြား ထိပ်တိုက်ရင်ဆိုင်တွေ့မှုတွေ ဆက်ဖြစ်နေတယ်လို့ အိန္ဒိယ နယ်စပ် ရဲတပ်ဖွဲ့က အတည်ပြုခဲ့ပါတယ်။

သတင်း

နေပြည်တော်မှာ အမြင်အာရုံမကောင်းတဲ့ အသက်(၂၃)နှစ်အရွယ် လူငယ် ၁ဦး ပေါ်တာဆွဲခံလိုက်ရကြောင်း ဒေသခံအချို့က ပြောပါတယ်။

Facebook