Connect with us

Hi, what are you looking for?

သတင်း

ပြင်ဦးလွင်မှာ ဆိုင်ကယ်ဘီးကြီးအုပ်စုဖွဲ့ မောင်းနှင်ပွဲကြောင့် ယာဥ်ကြောတွေပိတ်ကုန်လို့ ဝေဖန်ခံနေရ

မန္တလေး-ပြင်ဦးလွင်လမ်းမှာ အစီးရေရာချီတဲ့ ဆိုင်ကယ်ဘီးကြီးအုပ်စုလိုက်မောင်းနှင်တဲ့ပွဲကြောင့် ယာဥ်ကြောပိတ်ဆို့မှုတွေ ဖြစ်ပွားခဲ့လို့ ဝေဖန်ခံနေရပါတယ်။

Screenshot

ဇူလိုင်-၂၉၊ ၂၀၂၆။ ဟာနာဆန်/People’s Spring

မန္တလေး-ပြင်ဦးလွင်လမ်းမှာ အစီးရေရာချီတဲ့ ဆိုင်ကယ်ဘီးကြီးအုပ်စုလိုက်မောင်းနှင်တဲ့ပွဲကြောင့် ယာဥ်ကြောပိတ်ဆို့မှုတွေ ဖြစ်ပွားခဲ့လို့ ဝေဖန်ခံနေရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၆ ရက် မနက်ပိုင်းက မန္တလေးမြို့ကနေ ပြင်ဦးလွင်မြို့ကို အစီးရေရာချီပါဝင်တဲ့ ဆိုင်ကယ်ဘီးကြီးမောင်းသမားတွေရဲ့ အုပ်စုလိုက်မောင်းနှင်ပွဲကြောင့် မန္တလေး-ပြင်ဦးလွင် သွားလာကြတဲ့ ကုန်တင်ယာဥ်တွေ၊ ခရီးသည်တင်ယာဥ်တွေနဲ့ တနိုင်တပိုင် ကုန်ရောင်းချသူတွေ အချိန်အတန်ကြာ ယာဥ်ကြောပိတ်ဆို့မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

“လမ်းလုံးအပြည့် ဖြန့်မောင်းကြဝာာ။ ဝမ်းရေးအတွက် သွားလာကြတဲ့သူတွေ အကုန်ကားတွေပိတ်လို့ စောင့်လိုက်ရတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ပွဲစီစဥ်သူတစ်ဦးကတော့ သူတို့ဟာ အာဏာသိမ်းစစ်တပ်ကို ခွင့်တောင်းပြီးမှသွားတာ ဖြစ်ပြီး လမ်းတလျှောက် ရဲတပ်ဖွဲ့နဲ့ မီးသတ်က လုံခြုံရေးယူပေးတာ၊ လမ်းရှင်းတာတွေ ပြုလုပ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

ပြင်ဦးလွင်မြို့ရှောင်လမ်းမှာ ဆိုင်ကယ်ဘီးကြီးသမားတွေဟာ အလှပြစီးလေ့ရှိပြီး ယာဥ်တိုက်မှုတွေလည်းဖြစ်ပွားကာ ဆိုင်ကယ်သမားသေဆုံးမှုတွေ မကြာခဏ ဖြစ်ပွားနေပါတယ်။

မန္တလေးမြို့မှာတော့ အာဏာသိမ်းစစ်တပ်ဟာ အခြေခံလူတန်းစားတွေ၊ နေ့စားသမားတွေရဲ့ဆိုင်ကယ်တွေကို ဖမ်းဆီးငွေညှစ်တာ၊ အလုပ်သမားနဲ့ ပုဂ္ဂလိကဝန်ထမ်းငယ်တွေကို ပေါ်တာဆွဲဖမ်း​ဆီးတာတွေ ပြုလုပ်နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ယာဥ်တိုက်မှုကြောင့် လူ ၁၀ဦးထပ်မနည်း သေဆုံးခဲ့ရတဲ့ နယူးမန္တလာထွန်းယာဥ်လိုင်းက ဖြစ်စဥ်အတွက် Facebook လူမှုကွန်ရက်ကနေ တောင်းပန်ထားပြီး ၎င်းတို့ရဲ့ ရန်ကုန်-ပြင်ဦးလွင်ခရီးစဥ်ကို သက်ဆိုင်ရာက ပြေးဆွဲခွင့် ယာယီပိတ်သိမ်းထားကြောင်း အဆိုပါယာဥ်လိုင်းက ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေး-ပြင်ဦးလွင်အဆင်းလမ်းပိုင်း ၁၉မိုင် မှာ ဒီနေ့ညနေပိုင်းက ခရီးသည်တင်အဝေးပြေးကားလမ်းဘေးချောက်ထဲကျသွားတဲ့ဖြစ်စဉ်မှာ သေဆုံးသူ ၁၂ဦးထိရှိခဲ့တယ်လို့သိရပါတယ်။

သတင်း

မန္တလေး-ပြင်ဦးလွင်အဆင်းလမ်းပိုင်း ၁၉မိုင် မှာ ဒီနေ့ညနေပိုင်းက ခရီးသည်တင်အဝေးပြေးကားလမ်းဘေးချောက်ထဲပြုတ်ကျသွားတဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင် မကြာခဏလာနေတဲ့ ပြင်ဦးလွင်မြို့က 7Glory ဖုန်းဆိုင် ဓားပြတိုက်ခံရမှု ဒီကနေ့ ညနေပိုင်းက ဖြစ်ပွားခဲ့ပါတယ်။