Connect with us

Hi, what are you looking for?

သတင်း

ပြင်ဦးလွင်မှာ ဆိုင်ကယ်ဘီးကြီးအုပ်စုဖွဲ့ မောင်းနှင်ပွဲကြောင့် ယာဥ်ကြောတွေပိတ်ကုန်လို့ ဝေဖန်ခံနေရ

မန္တလေး-ပြင်ဦးလွင်လမ်းမှာ အစီးရေရာချီတဲ့ ဆိုင်ကယ်ဘီးကြီးအုပ်စုလိုက်မောင်းနှင်တဲ့ပွဲကြောင့် ယာဥ်ကြောပိတ်ဆို့မှုတွေ ဖြစ်ပွားခဲ့လို့ ဝေဖန်ခံနေရပါတယ်။

Screenshot

ဇူလိုင်-၂၉၊ ၂၀၂၆။ ဟာနာဆန်/People’s Spring

မန္တလေး-ပြင်ဦးလွင်လမ်းမှာ အစီးရေရာချီတဲ့ ဆိုင်ကယ်ဘီးကြီးအုပ်စုလိုက်မောင်းနှင်တဲ့ပွဲကြောင့် ယာဥ်ကြောပိတ်ဆို့မှုတွေ ဖြစ်ပွားခဲ့လို့ ဝေဖန်ခံနေရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၆ ရက် မနက်ပိုင်းက မန္တလေးမြို့ကနေ ပြင်ဦးလွင်မြို့ကို အစီးရေရာချီပါဝင်တဲ့ ဆိုင်ကယ်ဘီးကြီးမောင်းသမားတွေရဲ့ အုပ်စုလိုက်မောင်းနှင်ပွဲကြောင့် မန္တလေး-ပြင်ဦးလွင် သွားလာကြတဲ့ ကုန်တင်ယာဥ်တွေ၊ ခရီးသည်တင်ယာဥ်တွေနဲ့ တနိုင်တပိုင် ကုန်ရောင်းချသူတွေ အချိန်အတန်ကြာ ယာဥ်ကြောပိတ်ဆို့မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

“လမ်းလုံးအပြည့် ဖြန့်မောင်းကြဝာာ။ ဝမ်းရေးအတွက် သွားလာကြတဲ့သူတွေ အကုန်ကားတွေပိတ်လို့ စောင့်လိုက်ရတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ပွဲစီစဥ်သူတစ်ဦးကတော့ သူတို့ဟာ အာဏာသိမ်းစစ်တပ်ကို ခွင့်တောင်းပြီးမှသွားတာ ဖြစ်ပြီး လမ်းတလျှောက် ရဲတပ်ဖွဲ့နဲ့ မီးသတ်က လုံခြုံရေးယူပေးတာ၊ လမ်းရှင်းတာတွေ ပြုလုပ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

ပြင်ဦးလွင်မြို့ရှောင်လမ်းမှာ ဆိုင်ကယ်ဘီးကြီးသမားတွေဟာ အလှပြစီးလေ့ရှိပြီး ယာဥ်တိုက်မှုတွေလည်းဖြစ်ပွားကာ ဆိုင်ကယ်သမားသေဆုံးမှုတွေ မကြာခဏ ဖြစ်ပွားနေပါတယ်။

မန္တလေးမြို့မှာတော့ အာဏာသိမ်းစစ်တပ်ဟာ အခြေခံလူတန်းစားတွေ၊ နေ့စားသမားတွေရဲ့ဆိုင်ကယ်တွေကို ဖမ်းဆီးငွေညှစ်တာ၊ အလုပ်သမားနဲ့ ပုဂ္ဂလိကဝန်ထမ်းငယ်တွေကို ပေါ်တာဆွဲဖမ်း​ဆီးတာတွေ ပြုလုပ်နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ သထုံမြို့မှာ ဆိုင်ကယ်နဲ့ ကားတိုက်မိပြီး ဆိုင်ကယ်မောင်းလာတဲ့ အသက် ၇၀ကျော်အရွယ်အမျိုးသား သေဆုံးသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်က ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ဟာ ဒေသခံတွေပိုင်ဆိုင်တဲ့ ကားအချို့နဲ့ ဆိုင်ကယ်တွေကို ယူဆောင်သွားသလို နေအိမ်အချို့ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

နေပြည်တော်၊တပ်ကုန်းမြို့နယ်မှာ ဆိုင်ကယ်အသံကျယ်လောင်စွာမောင်းလို့ဆိုပြီး ဖမ်းဆီးခံရတဲ့ လူငယ်ဟာ စစ်မှုထမ်းပါသွားခဲ့တယ်လို့ ဒေသခံတချို့က ပြောပါတယ်။

Photo Essay

ကချင်ပြည်နယ်မိုးညှင်းမြို့မှာဆိုင်ကယ်နဲ့ ဈေးလိုက်ရောင်းချသူနှစ်ဦးကို အာဏာသိမ်းစစ်တပ်နဲ့ရှမ်းနီတပ်(SNA)တို့ကပေါ်တာဆွဲဖမ်းဆီးသွားလို့ ဒေသခံတွေက ဆိုင်ကယ်ကို ထိန်းသိမ်းထားပေးပြီး လက်ကျန်ကုန်စည်တွေကိုလိုက်ရောင်းပေး​နေတဲ့ဓါတ်ပုံဖြစ်ပါတယ်။

Facebook