Connect with us

Hi, what are you looking for?

သတင်း

ဆိပ်ဖြူ ကပစ(၂၂)က တိုက်ခိုက်မခံရရေး ဘေးပတ်ဝန်းကျင်ကျေးရွာများ စစ်ကြောင်းထိုးနေ

မကွေးတိုင်း၊ ဆိပ်ဖြူမြို့အခြေစိုက် စစ်ကောင်စီ​၏ အမှတ်(၂၂) ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၂၂)က တိုက်ခိုက်မခံရရေးအတွက် ဘေးပတ်ဝန်းကျင်ရှိ ကျေးရွာများအား စစ်ကြောင်းထိုးပစ်ခတ်နေကြောင်း ဆိပ်ဖြူမြောင်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်မှတာဝန်ရှိသူ ကိုသူရိန်က လူထုနွေဦးသို့ ပြောသည်။

စစ်ကောင်စီတပ်စစ်ကြောင်းထိုးမှုကြောင့် ထွက်ပြေးနေရသည့် ဒေသခံပြည်သူများဖြစ်သည်။(ဓာတ်ပုံ - ဆိပ်ဖြူမြောက်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်၊တပ်ရင်း ၁၉)

ရဲခေါင်၊ကျော်ဇော/People’s Spring

မကွေးတိုင်း၊ ဆိပ်ဖြူမြို့အခြေစိုက် စစ်ကောင်စီ​၏ အမှတ်(၂၂) ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၂၂)က တိုက်ခိုက်မခံရရေးအတွက် ဘေးပတ်ဝန်းကျင်ရှိ ကျေးရွာများအား စစ်ကြောင်းထိုးပစ်ခတ်နေကြောင်း ဆိပ်ဖြူမြောင်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်မှတာဝန်ရှိသူ ကိုသူရိန်က လူထုနွေဦးသို့ ပြောသည်။

အင်အား ၆၀ထက်မနည်းသည့် စစ်ကောင်စီတပ် စစ်ကြောင်းသည် ယမန်နေ့(ဇန်နဝါရီ ၃၀ရက်)က စ၍ ကျောက်ကြီး၊ညောင်ဂွေးဝ၊တောင်ဖြူနှင့်ရှားတောကျေးရွာများအား စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးမှုများပြုလုပ်ခဲ့သည်ဟု ဆိုသည်။

“မနေ့က စပြီး ညောင်ဂွေးဝမှာ ထိတွေ့မှုရှိခဲ့တယ်။အခုတော့ သူတို့စစ်ကြောင်းက ကပစ ၂၂ နားမှာ ပြန်ပြီးတပ်စွဲထားတယ်။လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေရှိသလို ပေါက်-ဆိပ်ဖြူလမ်းပိုင်းမှာလည်း အင်အားအလုံးအရင်းချထားတာရှိတယ်”ဟု ကိုသူရိန်က ပြောသည်။

Public Service Announcement

Public Service Announcement

ဆိပ်ဖြူမြို့နယ်၊ ရွှေဘိုးကျွန်းကျေးရွာရှိ ကပစ -၂၂အား ကာကွယ်ရန် စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုးမှုကြောင့် ပတ်ဝန်းကျင်ကျေးရွာများဖြစ်သော ကျောက်ကြီး၊ညောင်ဂွေးဝ၊တောင်ဖြူနှင့်ရှားတော အပါအဝင် ကျေးရွာရှစ်ရွာမှ ဒေသခံပြည်သူ ၇,၀၀၀ကျော်မှာ အရေးပေါ်စစ် ရှောင်နေရကြောင်းလည်း သိရသည်။

“ကပစ -၂၂ ရဲ့တောင်ဘက်ခြမ်းမှာရှိတဲ့ တပေါင်းရွာမှာ တပ်စွဲထားတဲ့ စကစတပ်သားတွေပါ အခုစစ်ကြောင်းမှာ လာပေါင်းထားတယ်။အင်အား ၆၀ လောက်ရှိမယ်”ဟု ဆိပ်ဖြူမြို့စစ်ရေးသတင်းရင်းမြစ်က လူထုနွေဦးသို့ပြောသည်။

ထို့အပြင် ဆိပ်ဖြူမြို့နယ်တွင် ကျေးရွာများဝင်ရောက်စစ်ကြောင်းထိုးပြီး နေအိမ်များမီးရှို့ဖျက်ဆီးနေသည့် စစ်ကောင်စီတပ်အား ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

ယမန်နေ့(ဇန်နဝါရီ ၃၀ရက်)က ဆိပ်ဖြူနယ်၊ ရွှေဘိုကျွန်းကျေးရွာစာသင်ကျောင်းမှတဆင့် ကျောက်ကြီး ညောင်ဂွေးဝကျေးရွာဘက်သို့ အင်အား ၄၀ခန့်ဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်အား ညောင်ဂွေးဝတောင်ဘက် ဘုရားကုန်းအနီးရောက်ရှိလာစဥ် တော်လှန်ရေးရဲဘော်များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဟု ၎င်းက ပြောသည်။

“စကစ တွေဝင်လာတဲ့အချိန် တလရ အဖွဲ့တွေက ခုခံပြစ်ခတ်ပြီး နောက်ဆုတ်ခဲ့ပါတယ် ခင်ဗျာ။ ကြာချိန် ၃၀ မိနစ်ပါ။ ကျနော်တို့ဘက်ကတော့ အထိအခိုက်မရှိဘူး။ စကစ ဘက်ကတော့ မသိရသေးဘူး”ဟု ဆိပ်ဖြူမြောက်ပိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ပြန်ကြားရေးတာဝန်ခံက လူထုနွေဦးသို့ ပြောသည်။

ဇန်နဝါရီ၃၀ရက် ညနေပိုင်းကလည်း ကပစ(၂၂)မှ ထွက်လာသော စစ်ကောင်စီတပ် စစ်ကြောင်းတစ်ခုသည် အလယ်စုကျေးရွာသို့ဝင်ရောက်၍ နေအိမ်ငါးလုံး မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူအချို့အား ဖမ်းဆီးသွားသည်ဟု စုံစမ်းသိရပြီး ဖမ်းဆီးခံရသည့်ပြည်သူအရေအတွက်အား မသိရသေးပေ။

ဇန်နဝါရီ၂၆ ရက်ကလည်း ကပစ – ၂၂မှ လက်နက်ကြီးဖြင့်ရမ်းသမ်းပစ်ခတ်ခဲ့ရာ ကင်မွန်းတောင့်ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲပြီး အမွှာကလေးငယ်နှစ်ဦးအပါအဝင် ပြည်သူငါးဦးသေဆုံးကာ နှစ်ဦးထိခိုက်ဒဏ်ရာရခဲ့​သေးသည်။

ဆိပ်ဖြူမြို့နယ်ရှိ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ-၂၁ နှင့် ၂၂ ရှိပြီး လေယာဥ်ဗုံးနှင့် လက်နက်ငယ်များကို အဓိကထားထုတ်လုပ် ကြောင်း သိရသည်။

တစ်နိုင်ငံလုံးတွင် စစ်ကောင်စီ၏ ကာကွယ်ရေး ပစ္စည်းစက်ရုံ ၂၅ခုရှိပြီး မကွေးတိုင်းတွင် ၁၅ ခု၊ပဲခူးတိုင်းတွင် ခုနစ်ခုနှင့် ရန်ကုန်၊နေပြည်တော်၌ သုံးခုရှိသည်။

မကွေးတိုင်းအတွင်း စလင်း၊ ပွင်ဖြူနှင့် ယောဒေသများတွင်လည်း တိုက်ပွဲများ ပြင်းထန်နေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်က တပ်မ ၄ခုအထိသုံးပြီး မကွေးတိုင်း၊ဆိပ်ဖြူမြို့နယ်က ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ) တွေကို အင်အားထပ်ဖြည့်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်မှာ စစ်တပ် ရှေ့ပြေးကင်းအဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ခြောက်ဦးထက်မနည်းသေဆုံးတယ်လို့ ဆိပ်ဖြူမြောက်ပိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံကိုသူရိန်က လူထုနွေဦးကို ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ ပါရာမော်တာတစ်စီးပျက်ကျတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့ကပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်အခြေစိုက် အမှတ်(၂၂)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၂၂)ကို ပါရာမော်တာသုံးစီးရောက်ရှိပြီးနောက် နီးစပ်ရာ ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်မှုတွေ စတင်ပြုလုပ်နေတယ်လို့ ဆိပ်ဖြူမြောက်ပိုင်းပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။