Connect with us

Hi, what are you looking for?

သတင်း

ဆိပ်ဖြူမှာ ပါရာမော်တာတစ်စီးပျက်ကျ

မကွေးတိုင်း၊ဆိပ်ဖြူမြို့နယ်မှာ ပါရာမော်တာတစ်စီး ပျက်ကျခဲ့တယ်လို့ ဒေသခံအချို့က ‌ပြောပါတယ်။

(၂၀၂၅ဧပြီလက ‌ပခုက္ကူမြို့နယ်မှာ တော်လှန်ရေးတပ်တွေ ပစ်ချခဲ့တဲ့ ပါရာမော်တာကို​တွေ့ရစဥ်။ဓါတ်ပုံ-မြိုင်ပကဖ)

စက်တင်ဘာ-၇၊၂၀၂၆။ဖိုးသား/People’s Spring

မကွေးတိုင်း၊ဆိပ်ဖြူမြို့နယ်မှာ ပါရာမော်တာတစ်စီး ပျက်ကျခဲ့တယ်လို့ ဒေသခံအချို့က ‌ပြောပါတယ်။

ဆိပ်ဖြူအခြေစိုက်အမှတ်(၂၂)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ ၂၂)ကနေတက်လာတဲ့ ပါရာမော်တာက စက်တင်ဘာ ၇ ရက် မနက် ၁၀ နာရီ ၁၆ မိနစ်၀န်းကျင်မှာ ရွှေဘိုကျွန်းရွာအနီး ပျက်ကျခဲ့တာလို့ ဆိုပါတယ်။

“ကပစ ၂၂ ​​​​ေးခြံအနီးတဝိုက်မှာဘဲပျံသန်းဝဲနေချိန်ပျက်ကျတာ။စက်ချို့ယွင်းတာလို့ ယူဆတယ်။သူတို့(စစ်တပ်)နယ်နမိတ်ထဲပဲ ပျက်ကျတယ်ပြောရမယ်”လို့ ဆိပ်ဖြူမြို့နယ်စစ်ရေးသတင်းရင်းမြစ်က ‌ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဖြစ်စဉ်အသေးစိတ်နဲ့ ထိခိုက်မှုအခြေအနေတွေကို ဆက်လက်စောင့်ကြည့်ပြီး ထပ်မံအသိပေးမယ်လို့ သူက ဆက်ပြောပါတယ်။

“လေထီးလန်ပြီးစက်ကိုအုပ်ပြီးပြုတ်ကျတယ်လို့ သိရတယ်”လို့ဆိပ်ဖြူမြို့နယ်ကာကွယ်ရေးတပ်တွေနဲ့ နီးစပ်သူတဦးကပြောပါတယ်။

ပါရာမော်တာပျက်ကျမှုနဲ့ပတ်သက်လို့ အာဏာသိမ်း စစ်တပ်ကထုတ်ပြန်တာမရှိသေးပါဘူး။

မကွေးတိုင်းထဲက ပခုက္ကူနဲ့ ပေါက်မြို့နယ်တွေမှာ စစ်တပ်ရဲ့ ပါရာမော်တာတွေကို တော်လှန်ရေးတပ်တွေက ပစ်ချဖျက်ဆီးနိုင်ခဲ့တာရှိပါတယ်။ဒါ့အပြင် ပဲခူး၊မုံရွာ ၊ ကရင်နဲ့ ရခိုင်ပြည်နယ်က တိုက်ပွဲတွေမှာပါရာမော်တာတွေ ပျက်ကျခဲ့တာရှိတယ်လို့ သတင်းတွေထွက်ခဲ့ဖူးပါတယ်။

၂၀၂၅ ခုနှစ်ကစပြီး စက်တပ်လေထီးတွေကို အာဏာသိမ်းစစ်တပ်က ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနေပြီး အထူးသဖြင့် ကျေးရွာတွေကို ဗုံးကြဲမှုကြောင့် အရပ်သားသေဆုံးမှုရာနဲ့ချီရှိနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်မှာ အာဏာသိမ်းစစ်တပ်စစ်ကြောင်း၀င်တဲ့ ကျေးရွာက ပြည်သူတွေကို ကယ်ထုတ်ဖို့သွားရင် ပခုက္ကူခရိုင် တပ်ရင်း(၁၉)တပ်ခွဲ-၃ က ရဲဘော် တချို့ကျဆုံးပြီး တပ်ခွဲမှူး ဗိုလ်မထား ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ၊ဒီပဲယင်းမြို့နယ်၊မူးကမ်းကြီးရွာ အာဏာသိမ်းစစ်တပ်က ​အောက်တိုဘာ ၈ ရက်နေ့လယ်ပိုင်းမှာ လေကြောင်းက​နေဗုံးကြဲခဲ့လို့ မိသားစုဝင် ၄ ဦး သေဆုံးခဲ့ပါတယ်။

သတင်း

လေယာဉ်နဲ့ကြဲချတဲ့ ဗုံးတွေထုတ်လုပ်နေတဲ့ ဆိပ်ဖြူမြို့နယ်က အဓိကလမ်းပိုင်းတွေကို စစ်တပ်က စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်း မြစ်တွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်မှာ စစ်တပ် စစ်ကြောင်း၀င်ရောက်ပြီး ကျေးရွာတွေ မီးရှို့ကာ ‌ဒေသခံ ပြည်သူ ၃၀ နီးပါး ဖမ်းဆီးခံထားရတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ‌ပြောပါတယ်။