Connect with us

Hi, what are you looking for?

သတင်း

စစ်ဘေးရှောင်တွေအတွက် ပိုင်ဖြိုးသု အကယ်ဒမီရုပ်ကမ်ပိန်း

တန်ဖိုးထားတဲ့ အကယ်ဒမီရုပ်ထုကို စစ်ဘေးရှောင်တွေအတွက် ပံ့ပိုးပေးနိုင်ဖို့ ရည်ရွယ်ချက်နဲ့ ကမ်ပိန်းပြုလုပ်တဲ့အကြောင်း တော်လှန်အနုပညာရှင် ပိုင်ဖြိုးသုက အသိပေးလာပါတယ်။

ဆဏ်း / People’s Spring

တန်ဖိုးထားတဲ့ အကယ်ဒမီရုပ်ထုကို စစ်ဘေးရှောင်တွေအတွက် ပံ့ပိုးပေးနိုင်ဖို့ ရည်ရွယ်ချက်နဲ့ ကမ်ပိန်းပြုလုပ်တဲ့အကြောင်း တော်လှန်အနုပညာရှင် ပိုင်ဖြိုးသုက အသိပေးလာပါတယ်။

“ပြည်သူက အားပေးလို့ ‘အကယ်ဒမီ ပိုင်ဖြိုးသု’ ဆိုတဲ့ ဘဝကို ရရှိခွင့်ရခဲ့တဲ့ သုသုအနေနဲ့ စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် ဆင်းရဲဒုက္ခမျိုးစုံနဲ့ စစ်ဘေးရှောင်နေရတဲ့ ကိုယ့်ပြည်သူတွေအတွက် သုသု တန်ဖိုးထားရတဲ့ ဒီအရုပ်လေးကို အသုံးပြုပြီး ပြန်ကူညီပေးချင်ပါတယ်။” လို့ ပိုင်ဖြိုးသုကပြောပါတယ်။

ပိုင်ဖြိုးသုက ၂၀၁၇ ခုနှစ်အတွက် အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆုရရှိခဲ့တာဖြစ်ပြီး ဒီဆုရတဲ့အတွက် သူမရဲ့ ရှေ့ဆက်ရမယ့်လမ်းအတွက်အားဖြစ်စေခဲ့သလို အခုလိုရုပ်ရှင်တွေရိုက်ခွင့်မရတော့တဲ့ အချိန်မှာလည်းပိုတန်ဖိုးထားရတယ်လို့ဆိုပါတယ်။

Public Service Announcement

Public Service Announcement

“ဒီအရုပ်လေးဟာ သုသုအတွက် ဘယ်လောက်ပဲ တန်ဖိုးကြီးကြီး သုသုတို့ ပြည်သူတွေရဲ့ အသက်တွေ၊ သွေး၊ ချွေးတွေရဲ့ တန်ဖိုးနဲ့ နှိုင်းယှဥ်လို့ မရပါဘူး။” လို့ သူမရဲ့ခံယူချက်ကိုပြောပါတယ်။

ဒါကြောင့် အကယ်ဒမီရုပ်ကမ်ပိန်းကို ဖေဖော်ဝါရီ ၁ ကနေ ၂၀ ရက်အထိ ပြုလုပ်ဖို့ရည်ရွယ်ထားပြီး ပါဝင်လိုသူတွေက ကိုယ်ပါဝင်ချင်သလောက်ငွေကြေးပမာဏနဲ့ သက်ဆိုင်ရာ Fundraiser တွေဆီမှာပါဝင်နိုင်မှာဖြစ်ပါတယ်။

ပါဝင်မှုတစ်ကြိမ်စီအတွက် Serial No ပါတဲ့ ဂုဏ်ပြုမှတ်တမ်းတွေရရှိမှာဖြစ်ပြီး ဖေဖော်ဝါရီ ၂၁ ရက်မှာ ပိုင်ဖြိုးသုကိုယ်တိုင်မဲနှိုက်ရွေးချယ်ပေးမှာဖြစ်ပါတယ်။

ပထမဆုအ‌နေနဲ့ ရွှေတစ်ကျပ်သား‌‌ ရွှေကြယ်ပါမယ့် ပိုင်ဖြိုးသုရဲ့အကယ်ဒမီရုပ်ထု၊ ဒုတိယဆုအနေနဲ့ ပိုင်ဖြိုးသုလက်မှတ်ပုံပါမယ့် ရွှေဆွဲကြိုးနဲ့ တတိယဆုအနေနဲ့ ပိုင်ဖြိုးသုဝတ်ဆင်ခဲ့တဲ့ တွယ်ချိတ်ပုံ နားကပ်နဲ့ ပုံစံတူ နားကပ်သုံးစုံကို ပေးအပ်သွားမှာဖြစ်ပါတယ်။

” အကယ်ဒမီဆုရပြီး ရက်ပိုင်းအတွင်းမှာပဲ ဒီအရုပ်လေးမှာပါတဲ့ ရွှေကြယ် ၅ ကျပ်သားကို လိုအပ်နေတဲ့ သုသုရဲ့ လုပ်ဖော်ကိုင်ဖက် စက်အဖွဲ့တွေနဲ့ ကိုလူချောတို့အတွက် ဆန်တွေ၊ ဆီတွေ ပေးဝေခဲ့ပြီးဖြစ်လို့ မရှိတော့တဲ့ မူလရွှေသားကြယ်နေရာမှာ ဒီကမ်ပိန်းအကြောင်း ကြားသိလိုက်တဲ့ USA က အလှူရှင်တယောက်က ၁ ကျပ်သား ရွှေကြယ် ကို ထည့်ဝင်ပံ့ပိုးပေးတဲ့အတွက်လည်း ကျေးဇူးအများကြီးတင်ပါတယ်” လို့ပိုင်ဖြိုးသုကပြောထားပါတယ်။

ဒီကမ်ပိန်းက စစ်ဘေးရှောင်တွေအတွက် ကူညီပေးမှာဖြစ်တာကြောင့် ပါဝင်ပေးဖို့လည်း ပိုင်ဖြိုးသုက ဖိတ်ခေါ်ထားပါတယ်။

ပါဝင်လိုသူတွေအနေနဲ့ ဒီလင့်ခ် (https://www.facebook.com/share/p/1EQETKoxJe/) ကနေ သက်ဆိုင်ရာ Fundraiser တွေဆီကိုဆက်သွယ်နိုင်တယ်လို့ အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ငါးပတ်ချောင်းရွာရဲ့ အနောက်ဘက် ရှေးဟောင်းသမိုင်းဝင်သစ္စာရဘုရားအနီး စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာမို့ အသက် ၇၆နှစ်အရွယ် စစ်ဘေးရှောင်အဘိုးအိုတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ ကွမ်းယာရောင်းနေတဲ့ စစ်ရှောင်သားအဖ ၂ဦး ဓားထိုးခံရပြီး ဖခင်ဖြစ်သူသေဆုံးတဲ့ဖြစ်စဥ်တစ်ခု ဇူလိုင်၂၉ရက်က ဖြစ်ပွားခဲပါတယ်။

သတင်း

ထားဝယ်ဒေသအတွင်း လူသားချင်းစာနာထောက်ထားရေး၊ ပညာရေး လုပ်ငန်းများ ဆောင်ရွက်နေတဲ့ လူငယ် ၃ဦးကို စစ်တပ်က ဖမ်းဆီးပြီး ရက်စက်စွာ သတ်ဖြတ်ခဲ့တာ ကြားသိရတဲ့အပေါ် ဝမ်းနည်းကြေကွဲကြောင်း ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီ(ထားဝယ်ခရိုင်)က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ရာဇဝတ်မှု ကျူးလွန်ခြင်းတွေကြောင့် ကရင်ပြည်နယ်အတွင်း အစုလိုက်၊အပြုံလိုက် နေရပ်စွန့်ခွာရတာ ပိုများလာကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က ထုတ်ပြန်ပါတယ်။