Connect with us

Hi, what are you looking for?

သတင်း

ရခိုင်နှင့် ဧရာဝတီအစပ်တိုက်ပွဲများမှဒဏ်ရာရစစ်ကောင်စီတပ်ဖွဲ့ဝင်များကို ​စစ်​ကောင်စီကဆေးကုပြီး​ရှေ့တန်းပြန်ပို့​နေ

ရခိုင် နှင့် ဧရာဝတီနယ်စပ်ဒေသမှတိုက်ပွဲများတွင် ဒဏ်ရာရစစ်ကောင်စီတပ်ဖွဲ့ဝင်များ နှင့် စစ်သားစုဆောင်းခံရသူများ တိုက်ပွဲပြင်းထန်နေသည့် ရခိုင်နှင့်ပဲခူးတိုင်းနယ်စပ်သို့ ထပ်မံပို့ဆောင်ခံနေရ​ကြောင်းတပ်မိသားစုဝင်အချို့က​ပြောသည်။

ရခိုင် နှင့် ပဲခူးတိုင်းအစပ် ရခိုင်ရိုးမ​ပေါ်မှ မိုးထိ​တောင်စခန်းကို အာရက္ခတပ်ဖွဲ့ဝင်များက သိမ်းပိုက်ပြီး​နောက်​တွေ့ရစဥ်။ ဓါတ်ပုံ-AA Info Desk

ကဖေး/People’s Spring

ရခိုင် နှင့် ဧရာဝတီနယ်စပ်ဒေသမှတိုက်ပွဲများတွင် ဒဏ်ရာရစစ်ကောင်စီတပ်ဖွဲ့ဝင်များ နှင့် စစ်သားစုဆောင်းခံရသူများ တိုက်ပွဲပြင်းထန်နေသည့် ရခိုင်နှင့်ပဲခူးတိုင်းနယ်စပ်သို့ ထပ်မံပို့ဆောင်ခံနေရ​ကြောင်းတပ်မိသားစုဝင်အချို့က​ပြောသည်။

ရခိုင်နှင့် ဧရာဝတီနယ်စပ်ဒေသ ဂွနှင့် ရေကြည်မြို့နယ်အနီး ပြီးခဲ့သည့်၂၀၂၄ခုနှစ် နိုဝင်ဘာလကတိုက်ပွဲများတွင် ဒဏ်ရာရသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ရေကြည် နှင့်ပုသိမ်မြို့ရှိ ဆေးရုံများတွင်ကုသ​ပေးခဲ့သည်။ထို​နောက် အနားယူခွင့်မ​ပေးပဲ ရခိုင်နှင့်ပဲခူးတိုင်းနယ်စပ်သို့ ပို့ဆောင်နေခြင်းဖြစ်သည်ဟုစုံစမ်းသိရသည်။

“တပ်ကိုပြန်မနားရဘဲ ရှေ့တန်းကို ထပ်လွှတ်တာ။ လူကို တွေ့ခွင့်ပေးတယ်။ ပြန်ခေါ်လာလို့မရဘူး။ ခေါ်သွားတုန်းက စစ်မှုထမ်းမဲပေါက်လို့ လိုက်သွားရတာ။ အခုတော့ ကိုယ့်သားကိုယ် ဝအောင်တောင်မကြည့်ခဲ့ရဘူး” ဟု ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်၊ နတ်မော် ကျေးရွာမှ ဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါနတ်မော်ကျေးရွာတွင် စစ်ကောင်စီ၏ အမှတ် ၁၈ ခြေလျင်တပ်ရင်း (ခလရ-၁၈)ရှိသည်။ ဒေသခံလူငယ်အများအပြားကို စစ်မှုထမ်းဥပဒေအကြောင်းပြ၍ ခေါ်ဆောင်ပြီး စစ်သင်တန်းပေးကာ ရှေ့တန်းသို့ ပို့ဆောင်ခြင်းဖြစ်သည်။

၂၀၂၄ ခုနှစ် နိုဝင်ဘာလက AA၏ဂွမြို့သိမ်းတိုက် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များအပြားသေဆုံးသလို ငါးသိုင်းချောင်း-ဂွလမ်းမှတဆင့် စစ်ကူပို့သည့် စစ်ကောင်စီစစ်ကြောင်းကိုလည်း AA က ဖြတ်​တောက်ပိတ်ဆို့တိုက်ခိုက်ရာ စစ်​ကြောင်းများပျက်ခဲ့သည်။

ဂွမြို့သို့ စစ်ကူပို့ခံရသည် ဟင်္သာတမြို့အခြေစိုက် ခလရ (၁၈) တပ်ရင်း၊အိမ်မဲမြို့အခြေစိုက်ခလရ (၆၃)၊ ခလရ (၅၁) နှင့် ရန်ကုန်၊ လှိုင်သာယာအခြေစိုက် ခမရ (၅၃၂)မှ စစ်ကောင်စီအင်အား ၂၀၀ နီးပါးကို ဂွမြို့နယ်၊သံခဲချိုင်ကျေးရွာကမ်း

ခြေအနီး နှင့်ကင်းပုံကျေးရွာအနီးတွင် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၁၂၀ကျော်သေဆုံးပြီး စစ်သုံ့ပန်းအချို့ဖမ်းဆီးရမိသည်ဟု AAကဒီဇင်ဘာ ၆ ရက်တွင်သတင်းထုတ်ပြန်ခဲ့သည်။

ထိုတိုက်ပွဲများတွင် ဒဏ်ရာရပြီး လွတ်မြောက်လာသူများကို စစ်ကောင်စီက ရေကြည်နှင့်ပုသိမ်ဆေးရုံသို့ပို့ဆောင်ခဲ့သည်။ဆေးရုံ၌ထပ်မံသေဆုံးသူများလည်းရှိပြီး အသေးစားဒဏ်ရသူများသည် ယခုရက်ပိုင်းအတွင်း ဆေးရုံမှဆင်းခွင့်ရခဲ့သည်။ သို့သော်အိမ်ပြန်ခွင့်မရဘဲ ရခိုင် နှင့် ပဲခူးတိုင်းနယ်စပ်ဖြစ်သည် ဥသျှစ်ပင်မြို့၊ ပန်းတောင်းမြို့များသို့ ပို့‌ဆောင်ခံနေရခြင်းဖြစ်သည်။

ဧရာဝတီတိုင်း၊ပဲခူးတိုင်းနှင့် မကွေးတိုင်းနယ်စပ်ဒေသများ၌ တိုက်ပွဲများဆက်လက်ဖြစ်နေကြောင်း AAက ဇန်နဝါရီလ ၂၇ရက်၌သတင်းထုတ်ပြန်ထားသည်။ရခိုင်-ဧရာဝတီနယ်စပ်မှ စစ်ကောင်စီပွိုင့် (၂၆၃) စခန်း ပွိုင့် (၃၆၉) စခန်းကို ဇန်နဝါရီလ (၂၆ ) ရက်နှင့် ဇန်နဝါရီလ (၂၁ ) ရက်၌ သိမ်းယူခဲ့ကြောင်း လည်းအသိ​ပေးခဲ့သည်။

ထို့အပြင် တောင်ကုတ်မြို့နယ်နှင့်ထိစပ်နေသော ရခိုင်ရိုးမတောင်တန်း ပေါ်မှ စစ်တောင်စီ၏ မိုးထိတောင်စခန်းကို ဇန်နဝါရီလ (၂၆) ရက်​နေ့တွင် သိမ်းပိုက်နိုင်သည်။ ယင်းဒေသများတွင် တိုက်ပွဲများလည်း ဆက်ဖြစ်ပွားနေသည်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ်မြို့သိမ်းတိုက်ပွဲများအတွင်း ဖမ်းမိထားသည့် စစ်သုံ့ပန်းများအနက် သုံ့ပန်းနှင့် မိသားစုဝင် ၁၀၀ကျော်ကို အာရက္ခတပ်တော်(AA)က ပြန်လွတ်ပေးလိုက်သည်။

သတင်း

ကဖေး/People’s Spring ရှေးဟောင်းယဥ်ကျေးမှုနယ်မြေဖြစ်သည့် မြောက်ဦးမြို့တွင် တိုက်ပွဲကာလအတွင်း စစ်ကောင်စီထောင်ထားခဲ့သည့်မြေမြုပ်မိုင်းများကို အာရက္ခတပ်တော်(AA)က ရှင်းလင်း ရေးလုပ်ဆောင်နေသည်။ သျှစ်သောင်းဘုရားနှင့် ကိုးသောင်းဘုရားများအနီးဝန်းကျင်တွင် မိုင်ရှင်လင်း‌ ရေးလုပ်ဆောင်နေခြင်းဟု မြောက်ဦးမြို့မှ ဒေသခံတစ်ဦးက ပြောသည်။ မြောက်ဦးမြို့ကို AAက ၂၀၂၄ ဖေဖော်ဝါရီ၂၈ရက်တွင် အပြီးသတ်တိုက်ခိုက်သိမ်းယူခဲ့ခြင်းဖြစ်သည်။ မသိမ်းပိုက်မီ တိုက်ပွဲများပြင်းထန်နေစဉ် ၂၀၂၃...

သတင်း

ရခိုင်ပြည်နယ်တောင်ပိုင်းကနေ ဧရာဝတီတိုင်းထဲ တိုက်ပွဲတွေ ဧရိယာ ကျယ်ပြန့်လာချိန်မှာပဲ ပုသိမ်အကျဉ်းထောင်ထဲ မှာ ထောင်တွင်း တင်းကျပ်မှုတွေ ကိုထောင်အာဏာပိုင်တွေက လုပ်ဆောင်လာတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများကွန်ရက် (PPNM) ဆီကသိရပါတယ်။

သတင်း

စစ်ကိုင်းနဲ့ ဧရာဝတီတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (ဖေဖော်ဝါရီ ၄)မှာ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။