Connect with us

Hi, what are you looking for?

သတင်း

ကွတ်ခိုင်တွင် မိုင်းပေါက်ကွဲ၍ ကလေးငယ် ၂ဦးသေ၊ ၂ဦး ဒဏ်ရာရ

တအာင်းတပ်မတော်(TNLA) သိမ်းပိုက်ထားသည့် ကွတ်ခိုင်မြို့နယ် နမ့်ဆိုင်ကျေးရွာတွင် ကလေးငယ် (၄)ဦး မိုင်းထိခဲ့ပြီး ၂ဦးသေဆုံးခဲ့ကြောင်း TNLA က သတင်းထုတ်ပြန်သည်။

ဟန်နွေ၊ကဖေး/People’s Spring

တအာင်းတပ်မတော်(TNLA) သိမ်းပိုက်ထားသည့် ကွတ်ခိုင်မြို့နယ် နမ့်ဆိုင်ကျေးရွာတွင် ကလေးငယ် (၄)ဦး မိုင်းထိခဲ့ပြီး ၂ဦးသေဆုံးခဲ့ကြောင်း TNLA က သတင်းထုတ်ပြန်သည်။

ဖေဖော်ဝါရီ ၂ရက် နံနက် ၁၁နာရီခွဲက ကလေးငယ်များ ချောင်းအတွင်းငါးသွားဖမ်းနေစဥ် လက်လုပ်မိုင်း နင်းမိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

သေဆုံးသွားသည့် (၂)ဦးသည် အသက်(၄)နှစ်အရွယ် လွေးအေးနွေနှင့် အသက် (၅)နှစ်အရွယ် မိုင်းအနိုင်တို့ဖြစ်ကြပြီး အသက် (၉)နှစ်အရွယ် မိုင်းထွန်းအောင်နှင့် အသက် (၈)နှစ်အရွယ် မိုင်းအညို့ တို့ဒဏ်ရာရရှိခဲ့၍ ဆေးကုသရန် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ဟု TNLA ကထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

” ကလေးနှစ်ဦးက အဲ့နေရာမှာတင်သေဆုံးတာ။ စုစုပေါင်း လေးယောက်သွားတာာ နှစ်ယောက်က ဒဏ်ရာရတယ်။ ဆေးကုနေရတယ်” ဟု ကွတ်ခိုင်ဒေသခံတစ်ဦးကပြောသည်။

၂၀၂၄ အောက်တိုဘာ ၃ရက်ကလည်း ကွတ်ခိုင်မြို့နယ် လွယ်ဆိုင်ကျေးရွာတွင် အမျိုးသားတစ်ဦး ကျွဲရှာနေစဥ် မြေမြှုပ်မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက် ဆုံးရှုံးသွားခဲ့သည်ဟု အသိပေးထားသည်။

၁၀၂၇ စစ်ဆင်ရေးဖြင့် မြို့သိမ်းတိုက်ပွဲများဖော်ဆောင်ခဲ့သည့် ရှမ်းမြောက်ဒေသများတွင် စစ်ကျန်မိုင်းများကြောင့်အရပ်သားသေဆုံးထိခိုက်မှုများ မကြာခဏဖြစ်ပေါ်လျက်ရှိသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၂၅ရက်ကလည်း ခလရ (၂၃)တပ်စခန်းအနီးတွင် စစ်ကောင်စီတပ်ထောင်ထားသည့် လက်ကျန်မြေမြုပ်မိုင်းတစ်လုံးကို သွားရောက်ဖြုတ်ယူခဲ့သည့် အမျိုးသားနှစ်ဦးမိုင်းပေါက်ကွဲမှုကြောင့် သေဆုံးခဲ့သည်။

ထို့ပြင် ဇန်နဝါရီ၂၂ရက်ကလည်း သီ‌ပေါမြို့ ခမရ (၅၀၄)တပ်ရင်းအနီးတွင် အမျိုးသားတစ်ဦး မိုင်ထိ၍ပြင်းထန်စွာဒဏ်ရာရခဲ့သည်။ ဇန်နဝါရီ ၇ရက်ကလည်း သီပေါမြို့နယ်စံဖိတ်ကျေးရွာခံအမျိုးသားတစ်ဦးခြံဝင်းရှင်းလင်းနေမိုင်းနင်းမိပြီး ဒဏ်ရာရာရှိခဲ့သည်။

TNLA အနေဖြင့်လည်း မိုင်းအပါအဝင် စစ်ကျန် လက်နက်ခဲယမ်းများအန္တရာယ် သတိပြုရန်ယခင်ကထုတ်ပြန်ထားပြီး ထိုသို့လက်နက်ခဲယမ်းများ တွေ့ရှိပါကသက်ဆိုင်ရာသို့အကြောင်းကြားရန်အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့‌ရှိ စစ်ဘေးရှောင်များတိမ်းရှောင်ခိုလှုံနေသည့် ဘုန်းကြီးကျောင်းအား စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ရာ လက်တလောစာရင်းအရ သံဃာ ၉ပါးအပါအဝင် ၁၄ဦး သေဆုံးခဲ့ရကြောင်း အဆိုပါမြို့ ဒေသခံက ပြောသည်။

သတင်း

ရရှိထား​သော ​အောင်မြင်မှုများ တာရှည်ခံ​စေရန် အစမ်းသပ်ခံကာလဖြစ်သည်ဟုရှုမြင်​ကြောင်းမြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA) ဖွဲ့စည်းမှု နှစ်ပတ်လည်နေ့သို့ ညီ​နောင်မဟာမိတ်အဖွဲ့များဖြစ်​သော အာရက္ခတပ်တော် (AA) နှင့် တအာင်းအမျိုးသားလွတ်​မြောက်​ရေးတပ်မတော်(TNLA)တို့က ​ပေးပို့​သောသဝဏ်လွှာ တွင်​ဖော်ပြထားသည်။

သတင်း

ကချင်ပြည်နယ်၊ ကွတ်ခိုင်မြို့နယ် မုံးစီးဒေသ ပြိန်းခမ်းကျေးရွာအနီး ရွှေတူဖော်မှုကို ဒေသခံများတားမြစ်ရာမှ ခိုက်ရန်ဖြစ်ပွားသည့် ဖြစ်စဉ် တွင် ကိုးကန့်တပ်မတော်(MNDAA)က ပစ်ခတ် ခဲ့၍ ဒေသခံ ၆ဦးသေဆုံးခဲ့သည်နှင့်ပတ်သက်ပြီး ဒေသခံများက MNDAAအား ဆက်လက်ဆန္ဒထုတ်ဖော်ခဲ့ဟု ဒေသသတင်းရင်းမြစ်က ပြောသည်။

သတင်း

ကွတ်ခိုင်မြို့ နယ် မုံးစီးဒေသ၌ မတ်လ ၅ရက်ကဖြစ်ပွားခဲ့သည့် ကိုးကန့်တပ်မတော် (MNDAA)၏ ပစ်ခတ်မှုကြောင့် သေဆုံးသူ အရပ်သား ၆ဦးအထိရှိပြီး အားလုံးသည် အရပ်သားများသာဖြစ်သည်ဟု ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ဒေသသတင်းရင်းမြစ်တို့က ပြောသည်။