Connect with us

Hi, what are you looking for?

သတင်း

ပုသိမ်ထောင်မှာ ထောင်တွင်းတင်းကျပ်မှုတွေရှိလာ

ရခိုင်ပြည်နယ်တောင်ပိုင်းကနေ ဧရာဝတီတိုင်းထဲ တိုက်ပွဲတွေ ဧရိယာ ကျယ်ပြန့်လာချိန်မှာပဲ ပုသိမ်အကျဉ်းထောင်ထဲ မှာ ထောင်တွင်း တင်းကျပ်မှုတွေ ကိုထောင်အာဏာပိုင်တွေက လုပ်ဆောင်လာတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများကွန်ရက် (PPNM) ဆီကသိရပါတယ်။

ဆိုင်းမင်း/People’s Spring

ရခိုင်ပြည်နယ်တောင်ပိုင်းကနေ ဧရာဝတီတိုင်းထဲ တိုက်ပွဲတွေ ဧရိယာ ကျယ်ပြန့်လာချိန်မှာပဲ ပုသိမ်အကျဉ်းထောင်ထဲ မှာ ထောင်တွင်း တင်းကျပ်မှုတွေ ကိုထောင်အာဏာပိုင်တွေက လုပ်ဆောင်လာတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများကွန်ရက် (PPNM) ဆီကသိရပါတယ်။

ပုသိမ်ထောင်မှာ ထောင်တွင်းကိုပေးပို့တဲ့ ထောင်ဝင်စာပါဆယ်တွေကို စိစစ်တင်းကျပ်တာအပြင် စာအုပ်ပေးပို့တာကို လုံးဝ ကန့်သတ် လိုက်တယ်လို့ PPNM မှ တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက ပြောပါတယ်။

နိုင်ငံရေးပုဒ်မနဲ့ထောင်ကျနေတဲ့ နိုင်ကျဉ်းတွေကိုထောင်အာဏာပိုင်တွေက အခုရက်ပိုင်းတွေအတွင်း ခေါ်ယူစစ်ဆေးမေးမြန်းတာ မျိုးတွေ လည်းပြုလုပ်လာတယ်လို့ PPNM ထံက သိရပါတယ်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်လို့ ဖမ်းဆီးအကျဉ်းချခံရသူ နိုင်ကျဉ်းဦးရေက ပုသိမ်ထောင်မှာ တစ်ထောင်ခန့် ရှိတယ်လို့ PPNM က ခန့်မှန်းထားပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလအတွင်းကလည်း ရခိုင်ပြည်နယ် ၊စစ်တွေ ထောင်ကနေ နိုင်ငံရေးအကျဉ်းသားအများစုအပါအဝင် အကျဉ်းသား ၃၀၀ ကျော်ကို ပုသိမ်ထောင်ဆီ စစ်ကောင်စီက ပြောင်းရွှေ့ထားတာရှိပါတယ်။

စစ်တွေမြို့ကို AA က စစ်ရေးအရ ဝန်းရံပိတ်ဆို့ထားချိန်မှာ စစ်တွေထောင်ကနေ အကျဉ်းသားအချို့ကို ပုသိမ်ထောင်ဆီ ကြိုတင်ရွေ့ခဲ့တာပါ။

အခုတစ်ခေါက်မှာတော့ ရခိုင်နဲ့ဧရာဝတီတိုင်းအစပ် ၊ ပုသိမ်မြို့နယ်ထဲက ရွှေသောင်ယံမြို့အပိုင်နယ်နိမိတ်ထဲထိ တိုက်ပွဲတွေ ဖြစ်လာချိန်မှာ ပုသိမ်ထောင်ကို ပါ စစ်ကောင်စီက တင်းကျပ်လာတာပါ။

ပုသိမ်ထောင်ဟာ ပုသိမ်မြို့ လူနေရပ်ကွက်တွေအနီးမှာ တည်ရှိပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းကတော့ ပုသိမ်မြို့ ၊ရွှေသောင်ယံမြို့နယ်ခွဲက ရွာအချို့မှာ စစ်ကောင်စီတပ်နဲ့ AA ပူးပေါင်းတပ်တွေ ကြား တိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်ခဲ့တာပါ။

ဆက်စပ်သတင်းများ

သတင်း

ဧရာဝတီတိုင်း နဲ့ ရခိုင်ပြည်နယ်နယ်စပ်ဒေသတွေဖြစ်တဲ့ငါးသိုင်းချောင်း၊ရေကြည်နဲ့ သာပေါင်းမြို့နယ်ထဲမှာ တိုက်ပွဲတွေပြင်းထန်နေပြီးလေကြောင်းတိုက်ခိုက်မှုတွေနဲ့လက်နက်ခဲယမ်းပေါက်ကွဲသံတွေကို မြို့ပေါ်တွေကနေကြားနေတယ်လို့ဒေသခံတွေကပြောပါတယ်။

သတင်း

ဧရာဝတီတိုင်းမှာ ရေကာတာတွေ ရေယိုစိမ့်နေတာကို လူမှုကွန်ရက်ပေါ်တင် ဖြန့်ဝေသူကို အရေးယူမယ်လို့ စစ်တပ်လက်အောက်ခံဌာနဆိုင်ရာတွေက ဒေသခံတွေကို ဖိအားပေး ခြိမ်းခြောက်ထားပါတယ်။

သတင်း

ဧရာဝတီတိုင်း၊ရေကြည်မြို့နယ်ထဲက အမြောက်တပ် အမတ(၃၄၄)အနီးမှာ ယနေ့ည တိုက်ပွဲပြင်းထန်နေပြီးစစ်တပ်ကလေကြောင်းကရော ၊လက်နက်ကြီးနဲ့ပါ ပစ်ကူ​ပေးပစ်ခတ်နေတယ်လို့ မြို့ခံတွေကပြောပါတယ်။

သတင်း

ဧရာဝတီတိုင်းက ရေဘေးသင့်ဒေသတွေမှာ ဝမ်းရောဂါနဲ့ တခြားကူးစက်ရောဂါအချို့စတင်ဖြစ်ပွားနေပြီ ဘေးသင့်ပြည်သူတွေရဲ့ကျန်းမာရေးအတွက် စစ်ကောင်စီရဲ့ ဌာနဆိုင်ရာက လုံလောက်တဲ့ကျန်းမာရေးစောင့်ရှောက်မှုမပေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။