Connect with us

Hi, what are you looking for?

သတင်း

ကမ္ဘာမကြေဘူး သီချင်းပိုင်ရှင် နိုင်မြန်မာ ကွယ်လွန်

‘ကမ္ဘာမကြေဘူး’သီချင်းအပါအဝင် အနုပညာဖြင့် အာဏာရှင်ကိုတော်လှန်ခဲ့သည့် တေးရေးနိုင်မြန်မာသည် ယနေ့(ဖေဖော်ဝါရီ ၇ရက်) နံနက်တွင် နှလုံးရောဂါဖြင့် ကွယ်လွန်သွားကြောင်း ၎င်းနှင့်နီးစပ်သည့် အသိုင်းအဝိုင်းက ပြောသည်။

ဆဏ်း/People’s Spring

‘ကမ္ဘာမကြေဘူး’သီချင်းအပါအဝင် အနုပညာဖြင့် အာဏာရှင်ကိုတော်လှန်ခဲ့သည့် တေးရေးနိုင်မြန်မာသည် ယနေ့(ဖေဖော်ဝါရီ ၇ရက်) နံနက်တွင် နှလုံးရောဂါဖြင့် ကွယ်လွန်သွားကြောင်း ၎င်းနှင့်နီးစပ်သည့် အသိုင်းအဝိုင်းက ပြောသည်။

“အပါး ဦး (နိုင်မြန်မာ) ဒီမနက်မှာပဲ ကွယ်လွန်ပါတယ်၊ငြိမ်းချမ်းသွားပါပြီ အပါး၊လွတ်လပ်သွားရပါပြီ အပါးရေ”ဟု အဆိုတော်ဗျူဟာ၏ ဇနီးက ၎င်း၏ဖေ့စ်ဘွတ်ခ်တွင် ရေးသားထားသည်။

နိုင်မြန်မာသည် သန်လျင်မြို့နေအိမ်၌ ကွယ်လွန်ခြင်းဖြစ်ပြီး နာရေးအစီအစဉ်နှင့်ပတ်သက်၍ မသိရသေးပေ။

Public Service Announcement

Public Service Announcement

နိုင်မြန်မာ၏ ကမ္ဘာမကြေဘူးသီချင်းသည် ၈၈ အရေးတော်ပုံကာလတွင် တော်လှန်သီချင်းဖြစ်ခဲ့သလို ၂၀၂၁ အရေးတော်ပုံတွင်လည်း ပြည်သူများအကြားထင်ရှားသည့် သီချင်းဖြစ်သည်။

နိုင်မြန်မာသည် ပြည်တွင်း၌သာနေထိုင်သောကြောင့် ကဗျာများရေးသား၍ ၎င်း၏ ရပ်တည်မှုကို ပြသခဲ့သည့် အနုပညာရှင်တစ်ဦးဖြစ်သည်။

ဝါဆို၊ ချစ်လူမိုက်၊ အခုတော့ပါးစပ်ရာဇဝင်လေး တစ်ခုဖြစ်လို့ကျန်၊ ပလက်ဖောင်းရှိုး စသည့်သီချင်းများအပါအဝင် အဆို‌တော်များ၏ နာမည်ကြီးတေးသီချင်းများစွာကို ရေးသားခဲ့သည်။

နိုင်မြန်မာကွယ်လွန်သွားသည့်အပေါ် နှမြောတသဖြစ်ရကြောင်း အနုပညာအသိုင်းအဝိုင်းနှင့် ပရိသတ်များက ရေးသားထားကြသည်။

သားဖြစ်သူ ဗျူဟာသည် စစ်ကောင်စီ၏ လျှပ်စစ်မီးစီမံခန့်ခွဲမှုအပေါ် လူမှုကွန်ရက်မှ ဝေဖန်ခဲ့သောကြောင့် ထောင်ဒဏ် နှစ်(၂၀) ချမှတ်ခံထားရသည်။

ဆက်စပ်သတင်းများ

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးတာဝန်ထမ်းဆောင်ခဲ့သူ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုမျိုးဇော်သိန်း (ခ)ကိုဘိုဘို (ခ)ကိုဘီလားဟာ ဧပြီ ၇ရက် ညနေပိုင်းက ကွယ်လွန်သွားခဲ့ပါတယ်။

သတင်း

​စစ်ကိုင်းတိုင်း၊ ကလေးအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ကိုဝင်းမြင့်စိုးဟာ ထောင်တွင်းကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာမရရှိတာကြောင့်ကွယ်လွန်သွားခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှားမှာ ပွက်ပွက်ဆူနေတဲ့ ရေနွေးကို သောက်ဖို့ အတင်းအကျပ် ဖိအားပေး ခံခဲ့ရတဲ့ ကလေးငယ် တစ်ဦးဟာ မသေဆုံးခင်မှာ သူ့ကို အဓမ္မ ခိုင်းစေခဲ့သူကို ဖော်ထုတ်သွားခဲ့ပါတယ်။

သတင်း

မန္တလေးမြို့က ထင်ရှားတဲ့ စာရေးဆရာ သင့်နော် ဒီကနေ့ စက်တင်ဘာ ၂၇ ရက် နေ့လယ်ပိုင်းမှာ ကွယ်လွန်သွားခဲ့ပါတယ်။