ရန်ကုန်မြို့၊ သန်လျင်မြို့နယ်ရှိ တောင်ပိုင်းခရိုင်ရွေးကောက်ပွဲကော်မရှင်ရုံးအား အပြင်းစားမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခံရကြောင်း ဒေသခံများက ပြောသည်။
“ရွေးကောက်ပွဲ မဲပေးဖို့ စာရင်းကောက်တယ်ဆိုပြီး စစ်မှုထမ်းစာရင်းကောက်နေလို့ တီးခံရတာပါ” ဟု ဒေသခံတစ်ဦးက ပြောသည်။
ဖေဖော်ဝါရီ ၂၁ ရက် ည ၁၂နာရီခန့်တွင် အဆိုပါကော်မရှင်ရုံးအား တိုက်ခိုက်ခံရခြင်းဖြစ်ပြီး ထိခိုက်မှုအခြေအနေကိုမသိရသေးကြောင်း ၎င်းက ပြောသည်။

Public Service Announcement
အဆိုပါပေါက်ကွဲမှုဖြစ်သည့်အသံကို သန်လျင်တစ်မြို့လုံး ကြားရကြောင်း မြို့ခံများက ပြောသည်။
ပေါက်ကွဲမှုဖြစ်ပြီးချိန်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ၊ ပျူစောထီးများ ရောက်ရှိလာကာ ရှာဖွေစစ်ဆေးမှုများပြုလုပ်သွားဟု ဒေသခံများက ပြောသည်။
အဆိုပါ ဖောက်ခွဲတိုက်ခိုက်မှုကို မည်သည့်အဖွဲ့အစည်းက ပြုလုပ်သည်ကို မသိရသေးပေ။
အဆိုပါ ခရိုင်ရွေးကောက်ပွဲကော်မရှင်ရုံးသည် လက်ရှိတွင် စစ်ကောင်စီအတွက် စစ်မှုထမ်းဥပဒေဖြင့် စစ်သားစုဆောင်းရေး စာရင်းကောက်ခံနေသည့် ဌာနအဖြစ် အသုံးပြုနေကြောင်း သန်လျင်မြို့ခံများက ပြောသည်။
ထို့အပြင် သန်လျင်မြို့နယ်အတွင်း စစ်မှုထမ်းနှင့်ပတ်သက်၍ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ငွေညှစ်တောင်းခံမှုများလည်းရှိနေကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“အောင်ချမ်းသာအုပ်ကြီးနဲ့ လူမိုက်ကြက်ကလေးတို့က ပြည်သူတွေကို ဆိုးဆိုးရွားရွာငွေညှစ်စစ်မှုထမ်းခိုင်းနေတာပါ။ စစ်မှုမထမ်းချင်ရင် သိန်း ၃၀ပေးရမယ်ဆိုပြီး လူမိုက်ကြက်ကလေးနဲ့သူ့တပည့်တွေကပေါ်တင်ငွေညှစ်နေတာ”ဟု ဒေသခံတစ်ဦးက ပြောသည်။


















































