Connect with us

Hi, what are you looking for?

သတင်း

မောင်​တောမှ မြိုလူငယ်များက အာရက္ခပြည်တည်​ဆောက်​ရေးတွင်ပါဝင်ပြီး AAထံတွင်စစ်မှုထမ်း၍ ရပ်ရွာကာကွယ်မည်ဟု ချီတက်ဆန္ဒထုတ်​ဖော်

မောင်တောမြို့နယ်​မြောက်ပိုင်းမှ မြိုလူမျိုးလူငယ်များက အာရက္ခတပ်တော်(AA)၏ဦးဆောင်မှုဖြင့်ရခိုင်ပြည်တည်ဆောက်ရေးတွင်ပါဝင်ရန် နှင့် စစ်သင်တန်းတက်၍ ကိုယ့်ရပ်ရွာကိုကာကွယ်ရန် ဆန္ဒပြချီတက်ခဲ့ကြသည်။

အိမ်သွင်/People’s Spring

မောင်တောမြို့နယ်​မြောက်ပိုင်းမှ မြိုလူမျိုးလူငယ်များက အာရက္ခတပ်တော်(AA)၏ဦးဆောင်မှုဖြင့်ရခိုင်ပြည်တည်ဆောက်ရေးတွင်ပါဝင်ရန် နှင့် စစ်သင်တန်းတက်၍ ကိုယ့်ရပ်ရွာကိုကာကွယ်ရန် ဆန္ဒပြချီတက်ခဲ့ကြသည်။

မောင်တောမြို့မြောက်ပိုင်းမှ ရာနှင့်ချီ​သော မြိုလူငယ် ၁၀၀ ကျော်က အာရက္ခနိုင်ငံတော်အလံကို ကိုင်ဆောင်ကာဖေဖော်ဝါရီလ၂၃ရက်နေ့တွင် ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်သည်။

https://www.facebook.com/LuduNwayOo/videos/685566770477478

Public Service Announcement

Public Service Announcement

“အာရက္ခတိုင်းပြည်ရေ….. ငါရို့ပြည်

အာရက္ခတိုင်းပြည်ကို….. ငါရို့ပါဝင်တည်ဆောက်ဖို့

အာရက္ခတိုင်းပြည်ကို……ငါရို့ပါဝင်ကာကွယ်ဖို့”ဟု လူငယ်များက​ကြွေး​ကြော်ချီတက်ခဲ့ကြခြင်းဖြစ်သည်။

မောင်တောဒေသခံတဦးက “မြိုလူငယ်တွေက သူတို့သဘောထားကိုသူတို့ပြကြတာပါ။ မောင်တောမှာက စစ်ကောင်စီရဲ့မြေပြင်အန္တရာယ်မရှိတော့ပေမယ့် အာဆာအကြမ်းဖက်အဖွဲ့ရဲ့ အန္တရာယ်ရှိနေသေးတယ်။ ဒီအတွက် လူငယ်တွေက ကြိုတင်တွက်ဆကြပုံရပါတယ်။ သူတို့ကတပ်တော်(AA)ကိုအပြည့်အဝယုံကြည်ကြတယ်”ဟုပြောသည်။

မြိုလူငယ်များ ကြွေးကြော်ချီတက်စဉ် ဒေသခံလူထုက ဝိုင်းရံလိုက်ပါပို့ဆောင်ခဲ့ကြသည်ဟုမြိုလူငယ်အစည်းအရုံးဥက္ကဋ္ဌ ကိုအေးလွင်က နိရဉ္စရာသတင်းဌာနသို့ ပြောကြားထားသည်။

မောင်တောမြို့ကို AAက ၂၀၂၄ ဒီဇင်ဘာလ၈ရက်နေ့တွင် တိုက်ခိုက်သိမ်းယူပြီး ထိန်းချုပ်ထားခြင်းဖြစ်သည်။ မောင်တောမြို့တွင် စစ်ကောင်စီမရှိတော့သော်လည်း စစ်ကောင်စီက စစ်သင်တန်းပေးခဲ့သူများ နှင့် ARSA အဖွဲ့၏ ခြိမ်းခြောက်မှုရှိနေသည်ဟု ဒေသခံအချို့ကပြောသည်။ ARSA အပါအဝင် စစ်ကောင်စီက စစ်သင်တန်းများပေးခဲ့သည့် မွတ်ဆလင်လက်နက်ကိုင်အဖွဲ့များသည် ဘူးသီးတောင်၊မောင်တောဒေသကိုသာမက ဒေသတွင်း ဆက်စပ်အိမ်နီးချင်းနိုင်ငံများ၏ လုံခြုံရေးကိုပါခြိမ်းခြောက်နေကြောင်း AAက ထုတ်ပြန်ထားသည်။

ရုပ်သံ-Mro Youth Union

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။