Connect with us

Hi, what are you looking for?

သတင်း

ထိန်းချုပ်နယ်မြေရှိပြည်သူများ လက်နက်အပ်ပြီးဆုငွေယူရန် CDF မင်းတပ် ကြေညာ

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ် ချင်းဒေသကာကွယ်ရေးတပ်(CDF)က ထိန်းချုပ်နယ်မြေအတွင်းရှိ ပြည်သူများအနေဖြင့် လက်နက်များ မတ်လ ၁၅ရက် နောက်ဆုံးထား၍ အပ်နှံကြရန် ဖေဖော်ဝါရီ ၂၅ရက်တွင် ထပ်မံ ကြေညာခဲ့သည်။

မင်းတပ်မြို့အပြီးသိမ်းပြီး တပ်ရင်းအသီးသီးသို့ ပြန်လည်တာဝန်ထမ်းဆောင်ကြမည့် တပ်ဖွဲ့ဝင်များအား ဗျူဟာမှူးက အမှာစကားပြောကြားနေသည်ကို ၂၀၂၃ ဒီဇင်ဘာက တွေ့ရစဉ်။ ဓာတ်ပုံ - CDF-Mindat

မတ်လ ၁၅ရက်နောက်ဆုံးထား အပ်နှံရန် သတ်မှတ်ထားပြီး မလိုက်နာပါက အရေးယူမည်ဟု အသိပေး

ဟန်နွေ/People’s Spring

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ် ချင်းဒေသကာကွယ်ရေးတပ်(CDF)က ထိန်းချုပ်နယ်မြေအတွင်းရှိ ပြည်သူများအနေဖြင့် လက်နက်များ မတ်လ ၁၅ရက် နောက်ဆုံးထား၍ အပ်နှံကြရန် ဖေဖော်ဝါရီ ၂၅ရက်တွင် ထပ်မံ ကြေညာခဲ့သည်။

CDF မင်းတပ်အနေဖြင့် ထိန်းချုပ်နယ်မြေအတွင်း လက်နက်ခဲယမ်း ထိန်းချုပ်နိုင်ရေး ၊ ပြည်သူလူထုကို လက်နက်ခဲယမ်းနှင့် ဖောက်ခွဲရေး ပစ္စည်းအန္တရာယ်မှ ကာကွယ်နိုင်ရေးအတွက် ယခုကဲ့သို့ ဆောင်ရွက်ခြင်းဖြစ်ကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

ထိန်းချုပ်နယ်မြေအတွင်း နေထိုင်ကြသည့် အရပ်သား ပြည်သူများအနေဖြင့် မင်းတပ်မြို့သိမ်း တိုက်ပွဲမှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များထံမှရရှိသော လက်နက်ခဲယမ်းဖြစ်စေ ၊ အခြားတနည်းနည်းဖြင့် ရရှိသော လက်နက်ခဲယမ်းဖြစ်စေ တိုက်ခိုက်ရေးမောင်းပြန်ရိုင်ဖယ်နှင့် အခြားလက်နက်ခဲယမ်းများကို နီးစပ်ရာ တပ်ရင်းတပ်ဖွဲ့များထံသို့ မတ်လ ၁၅ရက် နောက်ဆုံးထားအပ်နှံရန် ဖော်ပြထားသည်။

ထိုသို့ အပ်နှံပြီးသတ်မှတ်ထားသော ဆုကြေး ထုတ်ယူရန်၊ အကယ်၍ဝယ်ယူထားသည့် လက်နက်ဖြစ်ပါက ဝယ်ယူကြောင်းခိုင်လုံမှုရှိပါက တန်ဖိုးငွေ ထုတ်ယူရန် CDF မင်းတပ်က အသိပေးသည်။

သတ်မှတ်ရက်ကျော်လွန်ပြီး လက်နက်ခဲယမ်းများ ကိုင်ဆောင်ခြင်း၊ လက်ဝယ်ထားရှိခြင်း ၊ ရောင်းဝယ် ဖောက်ကားခြင်းများ ပြုလုပ်ပါက ပြင်းထန်စွာ အရေးယူခံရမည်ဟုလည်း ထုတ်ပြန်ခဲ့သည်။

CDF မင်းတပ်နှင့် မဟာမိတ်များသည် မင်းတပ်မြို့ကို ၂၀၂၄ ဒီဇင်ဘာ ၂၁ရက်တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

CDF မင်းတပ်သည် ၂၀၂၄ ဖေဖော်ဝါရီ ၁ရက်ကလည်း အသိပေးချက်ထုတ်ပြန်ပြီး ပြည်သူများအနေဖြင့် တိုက်ခိုက်ရေးမောင်းပြန်ရိုင်ဖယ် လက်ဝယ်ထားရှိပါက စစ်ဦးစီးချုပ်ရုံးသို့ လာရောက်အပ်နှံရန် အသိပေးခဲ့ပြီး မလိုက်နာပါက အရေးယူမည်ဟု ကြေညာခဲ့သည်။

ယခုကဲ့သို့ ပြည်သူများ လက်နက်အပ်နှံရန် ထုတ်ပြန်ထားချက်နှင့်ပတ်သက်၍ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ နှင့် CDF မင်းတပ် တာဝန်ရှိသူ အချို့ထံသို့ ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ဟားခါးမြို့နယ် အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါး တပ်ဖွဲ့တွင်း ဦးဆောင်သူအချင်းချင်း ပစ်ခတ်မှုမှာ အဖွဲ့ ဒုဥက္ကဋ္ဌဟောင်း ဆလိုင်းဆန်းလင်းကွယ်လွန်သွားခဲ့ပါတယ်။

သတင်း

စစ်ရေးအခြေအနေတွေကြောင့် ဟားခါးမြို့အနီးဝန်းကျင်ရှိ တောတောင်များ၊ စစ်ရေးလှုပ်ရှားမှုဖြစ်ပွားနိုင်တဲ့ နေရာတွေနဲ့ လူသွားလာမှုနည်းပါးတဲ့ ဒေသတွေကို မလိုအပ်ဘဲ သွားလာခြင်းမပြုကြဖို့ ချင်းဒေသကာကွယ်ရေးတပ်(CDF)- ဟားခါးက ပြည်သူတွေကို မေတ္တာရပ်ခံလိုက်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ ဟားခါးမြို့က လူငယ် ၃ဦးကို ဖမ်းဆီးသတ်ဖြတ်ပြီး ရုပ်အလောင်းဘေး လက်နက်တွေချကာ ဓာတ်ပုံရိုက်ဝါဒဖြန့်တဲ့ စစ်ကောင်စီတပ်ရဲ့ လုပ်ရပ်ကို ကန့်ကွက်ရှုတ်ချကြောင်း ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါးက ထုတ်ပြန်ပါတယ်။

သတင်း

ချင်းတော်လှန်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ ချင်းပြည်ကောင်စီနဲ့ ချင်းညီနောင်တို့သာ ညီညွတ်ခဲ့ရင် ချင်းပြည်မှာ စစ်ကောင်စီကင်းစင်နေလောက်ပြီလို့ယူဆကြောင်း ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါး အတွင်းရေးမှူး ဆလိုင်းဇကျုံးလျန်က ပြောပါတယ်။