Connect with us

Hi, what are you looking for?

သတင်း

ရိုဟင်ဂျာများနေရပ်ပြန်ရေး နိုင်ငံရေးအရ အဖြေရရှိနိုင်မှုကို အလေးထားသင့်ဟု မြန်မာသံအမတ်ကြီး တိုက်တွန်း

စစ်တပ်၊ စစ်အာဏာရှင်တို့က ပြဿနာ၏ ဇစ်မြစ်ဖြစ်ကြောင်း ကုလ၌ ထပ်မံရှင်းလင်း

ကုလသမဂ္ဂအစည်းအဝေး၌ မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်း မိန့်ခွန်းပြောကြားနေစဥ်။ ဓာတ်ပုံ - မြန်မာအမြဲတမ်းကိုယ်စားလှယ်ရုံး

အီယိုရီ/People’s Spring

ရိုဟင်ဂျာများနေရပ်ပြန်ရေး လုပ်ငန်းစဥ်တွင် နိုင်ငံရေးအရ အဖြေရရှိနိုင်မှု ရှာဖွေသွားရေးကိစ္စကို အလေးထားလုပ်ဆောင်သင့်ကြောင်းနှင့် စစ်တပ်၊ စစ်အာဏာရှင်တို့က ပြဿနာ၏ ဇစ်မြစ်ဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားသည်။

နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်တွင် မြန်မာနိုင်ငံရှိ ရိုဟင်ဂျာမွတ်ဆလင်များနှင့် အခြားသော လူနည်းစုများဆိုင်ရာ အဆင့်မြင့် နိုင်ငံတကာကွန်းဖရင့် ကျင်းပပြုလုပ်ရေးနှင့်ပတ်သက်၍ Modality အဆိုမူကြမ်းအား ပထမအကြိမ် အလွတ်သဘော ဆွေးနွေးသည့် အစည်းအဝေးကို ယမန်နေ့(ဖေဖော်ဝါရီ ၂၈ရက်)တွင် ကျင်းပပြုလုပ်ခဲ့ရာ ယခုတင်သွင်းသည့် အဆိုမူကြမ်းကို ကြိုဆိုကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောသည်။

ရိုဟင်ဂျာများ ဘေးကင်းလုံခြုံစွာ၊ ဆန္ဒအလျောက်နှင့် သိက္ခာရှိစွာ နေရပ်ပြန်လည်ရောက်ရှိနိုင်ရေး အပါအဝင် ရိုဟင်ဂျာ အရေးကိစ္စအား ရေရှည်တည်တံ့သောအဖြေ ရရှိရေး ဆောင်ရွက်မှု သည် အားလုံးအတွက် အလွန် အရေးကြီးသကဲ့သို့ နေရပ်ပြန်လည် သွားရောက်နိုင်ရေးအတွက် သင့်လျော်သော အခြေအနေတစ်ရပ် ဖန်တီးပေးရေးကလည်း အထူးလိုအပ်ကြောင်း မြန်မာသံအမတ်ကြီးက ပြောသည်။

Public Service Announcement

Public Service Announcement

ရေရှည်တည်တံ့သောအဖြေ ရရှိရေးအတွက် ပြဿနာ၏ ဇစ်မြစ်အား ကိုင်တွယ်ဖြေရှင်းရန်နှင့် နိုင်ငံရေးအရ အဖြေ ရရှိရန် လိုအပ်သည်ကို သံအမတ်ကြီးက အလေးထား ပြောကြားပြီး စစ်တပ်နှင့် စစ်အာဏာရှင်စနစ်တို့က ပြဿနာ၏ ဇစ်မြစ်ဖြစ်သည်မှာ ရှင်းလင်းကြောင်း ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအား ထပ်လောင်းအသိပေးသည်။

ပြီးခဲ့သော (၄) နှစ်ကျော်(စစ်တပ်အာဏာသိမ်းမှု)ကာလအတွင်း၌ စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများကြောင့် မြန်မာပြည်သူများအတွက် နေ့ရက်တိုင်းသည် ကြေကွဲဖွယ်ဖြစ်ကြောင်းနှင့် ပြည်သူများအနေဖြင့် အကြောက်တရားဖြင့် နေထိုင်နေရပြီး မည်သူတစ်ဦးတစ်ယောက်ကမျှ လုံခြုံ စိတ်ချမှုကို မခံစားရကြောင်း သံအမတ်ကြီးက အစီရင်ခံသည်။

ကုလသမဂ္ဂအစည်းအဝေး၌ မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်း မိန့်ခွန်းပြောကြားနေစဥ်။ ဓာတ်ပုံ – မြန်မာအမြဲတမ်းကိုယ်စားလှယ်ရုံး

ပြည်သူအားလုံး အထူးသဖြင့် အမျိုးသမီးများနှင့် မိန်းကလေးငယ်များ၊ ကလေးသူငယ်များအနေဖြင့် စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုဒဏ်ကို ခါးစည်းခံနေရပြီး မြန်မာနိုင်ငံ၏ အခြေအနေတရပ်လုံးသည်သာမက လူသားချင်းစာနာမှုအခြေအနေကလည်း အမှန်တကယ်ပင် အလွန်အမင်း ဆိုးရွားနေသည်ဟု ဆိုသည်။

စစ်တပ်သည် အရပ်သားလူထုအပေါ် လေကြောင်းမှတဆင့် မဆင်မခြင် ဗုံးကြဲတိုက်ခိုက်မှုများကို ဆက်၍သာ ကျူးလွန်နေပြီး ရခိုင်ပြည်နယ်တွင် နေထိုင်သူများအပါအဝင် ပြည်သူအားလုံးအတွက် လုံခြုံမှုမရှိဘဲ ပြည်သူများ ကြုံတွေ့နေရသော ဒုက္ခဆင်းရဲများမှာ ယခုပင် ချုပ်ငြိမ်းသင့်ကြောင်းလည်း သံအမတ်ကြီးက ကုလအစည်းအဝေး၌ ပြောသည်။

ရိုဟင်ဂျာအရေးကိစ္စအပါအဝင် မြန်မာနိုင်ငံ ပြဿနာ တစုံလုံးအတွက် ရေရှည်တည်တံ့စွာ ဖြေရှင်းနိုင်မည့်နည်းလမ်းကို ရှာဖွေရာ၌ မြန်မာပြည်သူများ၏ စိတ်ဆန္ဒနှင့် အကျိုးစီးပွားတို့ဖြင့် ကိုက်ညီမှုရှိသည့် ထိရောက်သော နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုနှင့် ထောက်ခံအားပေးမှု တို့ကို မြန်မာပြည်သူများက လိုအပ်ကြောင်း သံအမတ်ကြီးက ရှင်းလင်းပြောကြားသည်။

ဆက်စပ်သတင်းများ

သတင်း

လက်ရှိ အခြေအနေမှာ ရိုဟင်ဂျာတွေကို ပြန်ပို့တာမျိုး လုံးဝ မဖြစ်သင့်သေးကြောင်း APHR သတိပေး

သတင်း

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ဆင်တက်မော်ကျေးရွာကနေ မလေးရှားကို စက်လှေနဲ့ သွားခဲ့ကြတဲ့ ရိုဟင်ဂျာဒုက္ခသည် ၂၇၀ကျော်ဟာ ပင်လယ်ပြင်အတွင်း ပျောက်ဆုံးနေပြီး အခုထိ အဆက်အသွယ်မရသေးဘူးလို့ ဒေသခံရိုဟင်ဂျာတွေက ပြောပါတယ်။

သတင်း

ရေဆက်တက်နေတဲ့ရခိုင်ပြည်နယ်၊ဘူးသီးတောင်မြို့မှာ ရေနစ်နေတဲ့ ဆယ်နှစ်အရွယ်ရိုဟင်ဂျာကလေးငယ်တဦးကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA)လက် အောက်ခံကယ်ဆယ်ရေးအဖွဲ့က ကယ်ဆယ်နိုင်ခဲ့တယ်လို့​​ဒေသခံအချို့က​ပြောပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)ရဲ့ထိုးစစ်ကိုရင်ဆိုင်နေရတဲ့ အာဏာသိမ်းစစ်တပ်ဟာ စစ်တွေမြို့အဝင် ဂိတ်တွေကို တင်း ကြပ်ထားပြီး မြို့ထဲဝင်မယ့် ရိုဟင်ဂျာတွေကိုငွေတောင်းတာ၊ ရိုက်နှက်စစ်ဆေးတာတွေ လုပ်နေတယ်လို့ မြို့ခံတွေ နဲ့ ရိုဟင်ဂျာတွေက ပြောပါတယ်။