Connect with us

Hi, what are you looking for?

သတင်း

မအူပင်ငလျင် အဆောက်အအုံအချို့ ပျက်စီး

မအူပင်မြို့တွင် ဗုဒ္ဓဟူး​နေ့ နံနက် နံနက်အစောပိုင်းကအင်အားအသင့်အတင့်ရှိ​သော ရစ်ခ်ျတာစကေး ၅ဒဿမ၁အဆင့်ရှိ​မြေငလျင်လှုပ်ပြီး၊ နောက်ဆက်တွဲငလျင်ငယ် ​လေးကြိမ်ထက်မနည်းလှုပ်ခဲ့ကာ ငလျင်​ကြောင့် ဘာသာရေးအဆောက်အအုံအချို့ပျက်စီးမှုရှိခဲ့သည်။

ငလျင်ကြောင့် ထိခိုက်ပျက်စီးသွားသည့် အဆောက်အုံအချို့။ ဓါတ်ပုံ- CJ

ကဖေး/People’s Spring

မအူပင်မြို့တွင် ဗုဒ္ဓဟူး​နေ့ နံနက် နံနက်အစောပိုင်းကအင်အားအသင့်အတင့်ရှိ​သော ရစ်ခ်ျတာစကေး ၅ ဒဿမ ၁ အဆင့်ရှိ​ မြေငလျင်လှုပ်ပြီး၊ နောက်ဆက်တွဲငလျင်ငယ် ​လေးကြိမ်ထက်မနည်းလှုပ်ခဲ့ကာ ငလျင်​ကြောင့် ဘာသာရေးအဆောက်အအုံအချို့ပျက်စီးမှုရှိခဲ့သည်။

ဧရာဝတီတိုင်း ၊မအူပင်မြို့ စိမ်းမြကန်သာစေတီတော်နှင့် ဘုန်းကြီးကျောင်းအဆောက်အအုံပျက်စီးခဲ့ခြင်းဖြစ်သည်။

ငလျင်သည် မတ်လ ၅ရက် နံနက် ၄နာရီ ၃၆မိနစ်တွင် အင်အားရစ်ခ်ျတာစကေး ၅ဒဿမ ၁အဆင့်ရှိ ​မြေငလျင်စက္ကန့်ပိုင်းအကြာလှုပ်ခဲ့သည်။ထို​နောက် ၄နာရီ ၅၄ မိနစ်၌ အင်အားရစ်(ခ်) တာစကေး ၄ ဒသမ ၇ ဖြင့် ​နောက်ဆက်တွဲငလျင်ထပ်မံလှုပ်ရှားခြင်းဖြစ်သည်။ ထိုအပြင် ​နေ့ခင်း ပိုင်းအထိ ​နောက်ဆက်တွဲ ​မြေငလျင်ငယ် သုံးကြိမ်ထပ်မံလှုပ်ရှားခဲ့​ကြောင်း ထိုင်းဘူမိ​ နှင့် မိုးဇလ ဌာနကလည်းထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

မအူပင်မြို့အနီး ဗဟိုပြု၍ လှုပ်ခြင်းဟု အမေရိကန်ဘူမိလေ့လာရေး အသင်း USGS က ထုတ်ပြန်ထားသည်။

“ဆက်တိုက်ကိုလှုပ်တာ။အခုနံရံတွေပြိုကျပျက်စီးတဲ့ဘုန်းကြီးကျောင်းက ပညာရှင်နဲ့ဆောက်ထားတာမဟုတ်ဘူး။ ဘုန်းကြီးတွေဆောက်ထားတာ။ ကြံ့ခိုင်မှုမကောင်းဘူး”ဟုမအူပင်မြို့ခံတဦးကပြောသည်။

သို့သော် ကနဦးရရှိ​သောသတင်းများအရ ငလျင်ကြောင့် လူထိခိုက်မရှိကြောင်း မြို့ခံများကပြောသည်။

ငလျင်ကို ရန်ကုန်မြို့၌လည်း သိသိသာသာခံစားလိုက်ရသည်။ရန်ကုန်တွင် တာမွေ၊ မင်္ဂလာတောင်ညွန့်၊ ဒဂုံဆိပ်ကမ်း၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ တောင်ဒဂုံ၊ကမာရွတ်၊ ရန်ကင်းနှင့်စမ်းချောင်းစ​သော မြို့နယ်တို့တွင်လည်း ငလျင်လှုပ်ရှားမှုကိုသိသိသာသာခံစားလိုက်ရသည်။ဧရာဝတီတိုင်းတွင် မအူပင်၊ညောင်တုန်း၊ ကျိုက်လတ်မြို့တို့၌ ငလျင်လှုပ်ရှားခဲ့သည်။

လွန်ခဲ့သည့် နှစ်ရက် မတ်လ ၃ရက် နံနက်၁၀နာရီခန့်ကလည်းဧရာဝတီတိုင်းဖျာပုံမြို့ကိုဗဟိုပြု၍ ရစ်ခ်ျတာစကေး ၄ဒဿမ၅ အဆင့် ငလျင် လှုပ်ခဲ့စဉ် ရန်ကုန်မြို့၌ သိသိသာသာ ခံစားခဲ့ရသည်။ ၄၈နာရီမပြည့်မီ ရန်ကုန်အနီး ငလျင်ထပ်မံလှုပ်ရှားခြင်းဖြစ်သည်။

ရန်ကုန်သည် ရန်ကုန်မြစ်ဝအနီးရှိ ပြတ်ရွေ့များကြောင့် ငလျင်လှုပ်နိုင်သလို ဒေးဒရဲ ပြတ်ရွှေ့ကြောင့်လည်း ငလျင်လှုပ်ရှားနိုင်သည်။ ပဲခူးမြို့ကို ဖြတ်သွားသည့် စစ်ကိုင်းပြတ်ရွေ့၏ တောင်ဘက်စွန်းပိုင်းလှုပ်ရှားပါကလည်း ရန်ကုန်မြို့တွင် ငလျင် လှုပ်စေသည်။ လူဦးရေနှင့် အထပ်မြင့်အဆောက်အဦများသော ရန်ကုန်သည် ငလျင်အန္တရာယ်သတိပြုနေထိုင်သင့်ကြောင်း ပညာရှင်များက သတိပေးထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဇူလိုင် ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးကြောင့် သေဆုံးသူဟာ နှစ်ဒါဇင် နီးပါးထိ များပြားလာခဲ့ပါတယ်။

သတင်း

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့အနီးကို ဗဟိုပြုပြီး ၄.၆ အဆင့်ရှိ အင်အား အတော်အသင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ဂျပန် နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ပြင်းထန်တဲ့ ငလျင်ကြီးကြောင်း သေဆုံးသူ အရေအတွက်ဟာ ၁၃ ဦးထိ မြင့်တက်လာကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့တဲ့နောက် ဆူနာမီ ရေလှိုင်းအန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။