Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီက​ နေအိမ်​ပေါင်း တစ်သိန်းတစ်​သောင်းခန့်ကိုမီးရှို့ဖျက်ဆီး

စစ်တပ်အာဏာသိမ်းပြီး ၂၀၂၁ ​ဖေ​ဖော်ဝါရီလက​နေ ၂၀၂၅ ဇန်နဝါရီလ အထိ ​လေးနှစ်ခန့်အတွင်း မှာ ပြည်သူ​တွေရဲ့နေအိမ်ပေါင်း တစ်သိန်းတစ်​သောင်း​ (၁၁၃,၁၀၄ )ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ Data For Myanmar က​ဖော်ပြပါတယ်။

People’s Spring

စစ်တပ်အာဏာသိမ်းပြီး ၂၀၂၁ ​ဖေ​ဖော်ဝါရီလက​နေ ၂၀၂၅ ဇန်နဝါရီလ အထိ ​လေးနှစ်ခန့်အတွင်း မှာ ပြည်သူ​တွေရဲ့နေအိမ်ပေါင်း တစ်သိန်းတစ်​သောင်း​ (၁၁၃,၁၀၄ )ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ Data For Myanmar က​ဖော်ပြပါတယ်။

စစ်​ကောင်စီရဲ့လက်​အောက်ခံ လက်နက်ကိုင်အဖွဲ့အစည်း​တွေက မီးရှို့ဖျက်ဆီးတဲ့ ​နေအိမ်​ပေါင်း ၁၀၉,၂၆၁ ထိရှိပါတယ်။ ဒါ့အပြင် မီးရှို့တဲ့အဖွဲ့အစည်းအတည်မပြုနိုင်တဲ့ ​​နေအိမ်မီးရှို့ဖျက်ဆီးခဲရတာက ၃,၈၄၃ အိမ်ရှိပါတယ်။ အင်တာနက်နဲ့ ဖုန်းလိုင်းခက်ခဲတာ ၊တချို့ ဝေးလံတဲ့​ဒေသ​တွေက အချက်အလက်ရရှိဖို့ခက်ခဲတာ​တွေ​ကြောင့် စစ်​ကောင်စီ လက်​အောက်ခံတပ်​တွေကမီးရှို့ဖျက်ဆီးတဲ့ ​နေအိမ် အ​ဆောက်အအုံအ​ရေအတွက်​တွေဟာ ကျန်ရှိနိုင်​သေးပြီး အခုထက်ပိုများနိုင်ပါတယ်။

​နေအိမ်​ပေါင်း တစ်သိန်းတစ်​သောင်း​ကျော် မီးရှို့ဖျက်ဆီးခံရတာမှာ စစ်ကိုင်းတိုင်းကအများဆုံးဖြစ်ပြီးတစ်နိုင်ငံလုံးမီးရှို့ဖျက်ဆီးခံရတာရဲ့ ၆၇ ရာခိုင်နှုန်းရှိပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ရှမ်း - ကရင်နီပြည်နယ်အစပ်ရှိ မိုးဗြဲမြို့အား စစ်ကောင်စီတပ်က မီးလောင်ဗုံးများဖြင့်ဆက်လက်တိုက်ခိုက်နေပြီး ဖယ်ခုံမြို့ပေါ် နေအိမ်များကိုလည်း မီးရှို့နေကြောင်း ဒေသတွင်းစစ်ဘက် သတင်းရင်းမြစ်များက လူထုနွေဦးသို့ ပြောသည်။

သတင်း

စစ်ကောင်စီအာဏာသိမ်းထားတဲ့ ၃ နှစ်ကျော်ကာလအတွင်းအရပ်သားနေအိမ်တစ်သိန်းကျော် မီးရှို့ဖျက်ဆီးခံရကြောင်း Data for Myanmar အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က ကျေးရွာတစ်ရွာမှ နေအိမ်အချို့ကို မီးရှို့ဖျက်ဆီးသည့်အပြင် လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်၍ ကလေးငယ်တစ်ဦး ဒဏ်ရာရခဲ့ကြောင်း မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ကဖ) မှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အတွင်း စစ်ကောင်စီတပ်ဝင်ရောက်လာပြီးနောက် ဒေသခံများ​၏ နေအိမ်များကို မီးရှို့ဖျက်ဆီးနေကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG)က ယနေ့ထုတ်ပြန်သည်။