Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီက​ နေအိမ်​ပေါင်း တစ်သိန်းတစ်​သောင်းခန့်ကိုမီးရှို့ဖျက်ဆီး

စစ်တပ်အာဏာသိမ်းပြီး ၂၀၂၁ ​ဖေ​ဖော်ဝါရီလက​နေ ၂၀၂၅ ဇန်နဝါရီလ အထိ ​လေးနှစ်ခန့်အတွင်း မှာ ပြည်သူ​တွေရဲ့နေအိမ်ပေါင်း တစ်သိန်းတစ်​သောင်း​ (၁၁၃,၁၀၄ )ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ Data For Myanmar က​ဖော်ပြပါတယ်။

People’s Spring

စစ်တပ်အာဏာသိမ်းပြီး ၂၀၂၁ ​ဖေ​ဖော်ဝါရီလက​နေ ၂၀၂၅ ဇန်နဝါရီလ အထိ ​လေးနှစ်ခန့်အတွင်း မှာ ပြည်သူ​တွေရဲ့နေအိမ်ပေါင်း တစ်သိန်းတစ်​သောင်း​ (၁၁၃,၁၀၄ )ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ Data For Myanmar က​ဖော်ပြပါတယ်။

စစ်​ကောင်စီရဲ့လက်​အောက်ခံ လက်နက်ကိုင်အဖွဲ့အစည်း​တွေက မီးရှို့ဖျက်ဆီးတဲ့ ​နေအိမ်​ပေါင်း ၁၀၉,၂၆၁ ထိရှိပါတယ်။ ဒါ့အပြင် မီးရှို့တဲ့အဖွဲ့အစည်းအတည်မပြုနိုင်တဲ့ ​​နေအိမ်မီးရှို့ဖျက်ဆီးခဲရတာက ၃,၈၄၃ အိမ်ရှိပါတယ်။ အင်တာနက်နဲ့ ဖုန်းလိုင်းခက်ခဲတာ ၊တချို့ ဝေးလံတဲ့​ဒေသ​တွေက အချက်အလက်ရရှိဖို့ခက်ခဲတာ​တွေ​ကြောင့် စစ်​ကောင်စီ လက်​အောက်ခံတပ်​တွေကမီးရှို့ဖျက်ဆီးတဲ့ ​နေအိမ် အ​ဆောက်အအုံအ​ရေအတွက်​တွေဟာ ကျန်ရှိနိုင်​သေးပြီး အခုထက်ပိုများနိုင်ပါတယ်။

​နေအိမ်​ပေါင်း တစ်သိန်းတစ်​သောင်း​ကျော် မီးရှို့ဖျက်ဆီးခံရတာမှာ စစ်ကိုင်းတိုင်းကအများဆုံးဖြစ်ပြီးတစ်နိုင်ငံလုံးမီးရှို့ဖျက်ဆီးခံရတာရဲ့ ၆၇ ရာခိုင်နှုန်းရှိပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ် စစ်တောင်မြစ်အရှေ့ဘက်ခြမ်းမှာ စစ်တပ်က စစ်ကြောင်းထို နေအိမ်တွေ မီးရှို့ပြီး ဘုရားဆင်းတုတော်တွေခိုးနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁) သထုံခရိုင် ဘီးလင်းမြို့နယ် ဝင်းတာပန်ဒေသမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်ရဲ့ စစ်ကူစစ်ကြောင်းက ဝင်းတာပန်ရွာက နေအိမ်တွေကို မီးရှို့တာ၊ လေယာဉ်၊လက်နက်ကြီး ၊ပါရာမော်တာတွေ သုံးပြီး ကျေးရွာကို ပစ်မှတ်ထားတိုက်ခိုက်တာ လုပ်ဆောင်နေကြောင်း သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ချောင်းဦးမြို့နယ်မှာ နေအိမ်တွေ မီးရှို့နေတဲ့ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ သေဆုံးသူတွေနဲ့ ဖမ်းမိသူတွေရှိတယ်လို့ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး(BLDF) တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။