Connect with us

Hi, what are you looking for?

သတင်း

စစ်တောင်မြစ်အရှေ့ဘက်ခြမ်းမှာ စစ်တပ်က စစ်ကြောင်းထို နေအိမ်တွေ မီးရှို့၊ ဘုရားဆင်းတုတော်တွေ ခိုးယူ

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ် စစ်တောင်မြစ်အရှေ့ဘက်ခြမ်းမှာ စစ်တပ်က စစ်ကြောင်းထို နေအိမ်တွေ မီးရှို့ပြီး ဘုရားဆင်းတုတော်တွေခိုးနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

(စစ်ကောင်စီတပ်သားတွေ ခိုးယူလာတဲ့ ဆင်းတုတော်တွေနဲ့ သိမ်းရတဲ့ ခဲယမ်းတွေ။ ဓာတ်ပုံ - ပေးပို့)

ဇူလိုင်-၂၊၂၀၂၆။ဇော်၀င်း /People’s Spring

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ် စစ်တောင်မြစ်အရှေ့ဘက်ခြမ်းမှာ စစ်တပ်က စစ်ကြောင်းထို နေအိမ်တွေ မီးရှို့ပြီး ဘုရားဆင်းတုတော်တွေခိုးနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

စစ်တောင်းမြစ်အရှေ့ဘက်မှာရှိတဲ့ ဆွာရွာမစခန်းကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်ခဲ့ပြီးနောက် စစ်တပ်က အင်အား ၆၀၀ ၀န်းကျင်နဲ့ တန်ပြန်ထိုးစစ်ဆင်နေလို့ တော်လှန်ရေးတပ်တွေနဲ့ နေ့စဉ်နီးပါး တိုက်ပွဲ ဖြစ်နေတယ်လို့ ဆိုပါတယ်။

“ဘုရားဆင်းတုတော်တွေ ခိုးထားတာပိတောက်ကုန်းရွာကို ဝင်ရောက်တိုက်ခိုက်စဥ်တွေ့ရတာ။အိမ်တွေမီးရှို့ပြီး ဘုရားဆင်းတုတော်တွေကို ခိုးထားတာ။ ပြီးတော့ သူတို့စစ်သုံးကျောပိုးအိပ်တွေထဲထည့်ထားတယ် ။ဝက်ပေါက်တွေလည်းခိုးတယ်”လို့ ရေတာရှည် အခြေစိုက်တော်လှန်ရေးတပ်နဲ့ နီးစပ်သူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် စစ်ကောင်စီတပ်သားတွေခိုးယူတဲ့ ဆင်းတုတော်တွေဟာ ကြေးဆင်းတုတော်တွေကိုပဲရွေးယူထားတာတွေ့ရပြီးတဲ့ အပြင် ကျေးရွာတွေအတွင်း ဝါယာ ကြိုးတွေထဲက ကြေးတွေကိုလည်းထုတ်ပြီး လုံးကျစ်ပြီးစုထားကြတယ်လို့ ဖြစ်စဉ်ကို တွေ့ရှိသူက အသိပေးပါတယ်။

“ပိတောက်ကုန်းမှာတော့ မထိုင်ရဲတော့ဘူး။ကျွန်းကုန်းရွာမှာတော့ရှိသေးတယ်”လို့ စစ်တပ် တပ်စွဲထားတဲ့အခြေအနေကို သူက ပြောပါတယ်။

လက်ရှိတိုက်ပွဲတွေမှာလည်း စစ်တပ်က သေဆုံးထိခိုက်သူများနေတာကြောင့် လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ သိရပါတယ်။

စစ်တပ်စစ်ကြောင်းတွေဟာ ပိတောက်ကုန်း၊ နဂျပ် နဲ့ အင်းကြီးပေါက် ရွာတွကို မီးရှို့တာအပြင် လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ကျေးရွာ ၁၀ ရွာ၀န်းကျင်က ဒေသခံတွေ ဘေးလွတ်ရာတိမ်းရှောင်နေကြရပါတယ်။

“စစ်ဘေးရှောင်တွေများလာတယ်။အခုက ၂၀၀၀ ကျော်ရှိတယ်။တိုက်ပွဲအခြေအနေအရ ရှေ့လျှောက်ပိုများလာဖို့ရှိတယ်”လို့ စစ်တောင်းမြစ်အရှေ့ဘက်က စစ်ရှောင်ကူညီနေသူတစ်ဦး ပြောပါတယ်။

ရေတာရှည်မြို့နယ် စစ်ဘေးရှောင်ကူညီရေးအချက် အလက်တွေအရ ပိတောက်ကုန်း၊ အိုးမြေတူး၊စီပိုင်း၊ရှမ်းရွာလေး၊ကျွန်းကုန်း၊အင်းကြီးပေါက်၊ခင်တန်းရွာသစ်၊တောင်အင်းကုန်း၊ကြာအင်းကုန်းနဲ့ ကျိပ်ပတီး ရွာ က ‌ဒေသခံတွေ ရွာလုံးကျွတ်စစ်ရှောင်နေရပါတယ်။

ဇွန်လ ၃ ရက်က ဆွာမကြီး စခန်းတိုက်ပွဲမှာ တကရ (၆၀၁၇) တင့်ကားတပ်ရင်းက ဗိုလ်မှူးကျော်လင်းအောင်အပါအဝင် စစ်တပ်က ၂၀ ကျော် သေဆုံးပြီးနောက် ဆုတ်ခွာထွက်ပြေးသွားခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ပွဲကနေ G-3 (၁၁)လက်၊ MA-3 (၁) လက်၊ MA-11 (၁) လက်၊ ပစ္စတို (၁)လက် နဲ့ ခဲယမ်းမျိုးစုံ(၁၀၀၀) ကျော် ၊ အီ နာဂါ(၅)ခု၊ နင်းမိုင်း (၂)လုံး၊ ၁၄ မိုင်း (၃)လုံး၊ ၆၀ မမ ပို့ယမ်း (၁၅) တောင့် ၊ G3 ကျည်ဘောက် (၇)ဘောက်၊ MA ဘောက် (၂) ဘောက် သိမ်းဆည်းရရှိတယ်လို့ နေပြည်တော်တိုင်းစစ်ဌာနက ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်တိုက်ပွဲတွေအတွင်း စစ်တပ်ထံက လက်နက်ခဲယမ်းတချို့ ထပ်မံ သိမ်းဆည်းရရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စစ်ရုံးချုပ်က ဒီကနေ့( ဩဂုတ် ၁၉ ရက်) ထုတ်ပြန်ပါတယ်။

သတင်း

နောက်တန်းပြန်ဝင်ထားတဲ့ စစ်တပ်ရဲ့စစ်ကိုင်းမြို့ အခြေစိုက် တပ်မ(၃၃)ဟာ ကချင်ပြည်နယ်က ဗန်းမော်မြို့ကိုထိုးစစ်ဆင်ဖို့ဆိုပြီး မန္တလေးတိုင်းက သပိတ်ကျင်းမြို့နယ်မှာ စုဖွဲ့မှုတွေလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဆားလင်းကြီးမြို့နယ်၊​ရေခါးကျေးရွာကို စစ်တပ်က ဂျက်ဖိုက်တာ၂စီးနဲ့ လေကြောင်းတိုက်ခိုက်ခဲ့မို့ အမျိုးသမီး ၂ဦး ထိမှန်သေဆုံးပြီး ပြည်သူ ၅ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

ရခိုင်တောင်ပိုင်းမှာလည်း လေယာဉ်တွေ ဝဲနေ

Facebook