Connect with us

Hi, what are you looking for?

သတင်း

နောင်ချိုမြို့၌ စစ်ရှောင်များခိုလှုံနေသည့် ဘုန်းကြီးကျောင်း စစ်ကောင်စီလေကြောင်းတိုက်ခိုက်၊ ထိခိုက်သေဆုံးမှုများဟု ဒေသခံပြော

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့‌ရှိ စစ်ဘေးရှောင်များတိမ်းရှောင်ခိုလှုံနေသည့် ဘုန်းကြီးကျောင်းအား စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲပြီး စက်သေနတ်ဖြင့်ပါ ပစ်ခတ်သွားကြောင်း အဆိုပါ မြို့ခံများက ပြောသည်။

၂၀၂၄ နိုဝင်ဘာ ၁၂ရက်က နောင်ချိုမြို့ လန်းဆန်းလက်ဖက်ရည်ဆိုင် လေကြောင်းတိုက်ခိုက်ခံရအပြီး ပျက်စီးမှုများ။ ဓာတ်ပုံ - ပေးပို့

ကဖေး/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့‌ရှိ စစ်ဘေးရှောင်များတိမ်းရှောင်ခိုလှုံနေသည့် ဘုန်းကြီးကျောင်းအား စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲပြီး စက်သေနတ်ဖြင့်ပါ ပစ်ခတ်သွားကြောင်း အဆိုပါ မြို့ခံများက ပြောသည်။

နောင်ချိုမြို့၊ တောင်ရပ်ကွက်ရှိ စိန်ရတနာပရိယတ္တိစာသင်ကျောင်းအား ယနေ့(မတ်လ ၁၆ရက်) ညနေ ၅နာရီ ၂၆မိနစ် နှင့် ၂၇မိနစ်တို့တွင် ဗုံးလေးလုံး၊ညနေ ၅နာရီ ၃၂မိနစ်နှင့် ၃၃မိနစ်တွင် စက်သေနတ်ဖြင့် ပစ်ခတ်သွားခြင်းဟု သတင်းရရှိသည်။

လေကြောင်းတိုက်ခိုက်မှုအတွင်း လူထိခိုက်သေဆုံးမှုများသည်ဟု ကြားသိရပြီး အရေအတွက်မသိရသေးဟု နောင်ချိုမြို့ခံက ပြောသည်။

Public Service Announcement

Public Service Announcement

” စစ်ဘေးရှောင်နေလာပြီးနေတဲ့ နေရာပါ။ အဲ့ဒီကို တည်ပြီး ပစ်သွားတာပါ။ အထိအခိုက်များတယ်လို့သိရပြီး ကျနော်တို့အဲဒီကို သွားနေပါတယ်”ဟု နောင်ချိုမြို့ခံတစ်ဦးက ပြောသည်။

ဒေသခံနောက်တစ်ဦးက “အခုထိတော့ အရေအတွက် သေချာမသိရသေးဘူး။ လူသေတာအတော်များတယ်လို့ပဲ သိရသေးတယ်။ သုံးထပ်ဆောင်တည့်တည့်ကိုကျတာတဲ့”ဟုပြောသည်။

အရပ်သားထိခိုက်သေဆုံးမှုများပြားကြောင်း ကနဦးသတင်းရရှိပြီး အသေးစိတ် မသိရသေးပေ။

နောင်ချိုမြို့နယ်ရှိ အုမ္မသီးလမ်းခွဲနေရာများနှင့် တောင်းခမ်းကျေးရွာတို့တွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော်(TNLA)ပူးပေါင်းတပ်များ တိုက်ပွဲဖြစ်နေပြီး မြို့ပေါ်တွင် စစ်ရေးလှုပ်ရှားမှုမရှိကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီသည် မတ်လ ၁၄ရက် ညနေကလည်း မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ လက်ပန်လှကျေးရွာ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးခြောက်ဦးအပါအဝင် ပြည်သူ၂၇ဦး သေဆုံးပြီး ၃၈ဦး ဒဏ်ရာရခဲ့သည်။

နောင်ချိုမြို့နယ်၌ အမြောက်တပ်များရှိသော တောင်းခမ်းနှင့် ပြင်ဦးလွင်မြို့နယ်အစပ် အုမ္မသီးကျေးရွာအနီးတွင် တိုက်ပွဲများဖြစ်ပွားနေကြောင်း မြေပြင်ရှိ တော်လှန်ရေးရဲဘော်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

မတ်လ ၁၄ရက်နှင့် မတ်လ ၁၅ရက်တွင် ပြင်ဦးလွင်မြို့နယ်အစပ် နောင်ချိုမြို့နယ် အုမ္မသီးနှင့် ဂန့်ဂေါရွာအနီးတွင်လည်း တိုက်ပွဲဖြစ်ပွားနေသည်။ မတ်လ ၁၄ရက်က အုမ္မသီးကျေးရွာအနီးတိုက်ပွဲတွင် စစ်ကောင်စီက ဓာတုဗုံးအသုံးပြုပြီး လေကြောင်းမှတိုက်ခိုက်၍ တော်လှန်ရေးရဲဘော်အချို့ မူးဝေအော့အန်မှုဖြစ်ခဲ့သည်ဟု မြေပြင်ရှိ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

ထို့အပြင် မတ်လ ၁၅ရက်တွင်လည်း အုမ္မသီးကျေးရွာလမ်းဆုံအနီးတွင် တိုက်ပွဲဖြစ်ပွားနေည်ဟု ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ငါးပတ်ချောင်းရွာရဲ့ အနောက်ဘက် ရှေးဟောင်းသမိုင်းဝင်သစ္စာရဘုရားအနီး စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာမို့ အသက် ၇၆နှစ်အရွယ် စစ်ဘေးရှောင်အဘိုးအိုတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ ကွမ်းယာရောင်းနေတဲ့ စစ်ရှောင်သားအဖ ၂ဦး ဓားထိုးခံရပြီး ဖခင်ဖြစ်သူသေဆုံးတဲ့ဖြစ်စဥ်တစ်ခု ဇူလိုင်၂၉ရက်က ဖြစ်ပွားခဲပါတယ်။

သတင်း

ထားဝယ်ဒေသအတွင်း လူသားချင်းစာနာထောက်ထားရေး၊ ပညာရေး လုပ်ငန်းများ ဆောင်ရွက်နေတဲ့ လူငယ် ၃ဦးကို စစ်တပ်က ဖမ်းဆီးပြီး ရက်စက်စွာ သတ်ဖြတ်ခဲ့တာ ကြားသိရတဲ့အပေါ် ဝမ်းနည်းကြေကွဲကြောင်း ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီ(ထားဝယ်ခရိုင်)က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ရာဇဝတ်မှု ကျူးလွန်ခြင်းတွေကြောင့် ကရင်ပြည်နယ်အတွင်း အစုလိုက်၊အပြုံလိုက် နေရပ်စွန့်ခွာရတာ ပိုများလာကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က ထုတ်ပြန်ပါတယ်။