Connect with us

Hi, what are you looking for?

သတင်း

ဖလမ်းမြို့သိမ်းတိုက်ပွဲ ပြင်းထန်နေဟု CNDFပြော၊ စစ်ကောင်စီတပ် လေကြောင်းမှ အပြင်းအထန်ခုခံနေဟုဆို

ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်းစစ်ဆင်ရေးကို ချင်းညီနောင်နှင့် မဟာမိတ်များက ဆင်နွှဲလျက်ရှိရာ ယခုရက်ပိုင်းအတွင်း တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အပြင်းအထန် ပြုလုပ်ခုခံနေသည်ဟု ချင်းညီနောင်အဖွဲ့ဝင် ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတီမီက ပြောသည်။

မတူပီမြို့နယ်အခြေစိုက် အမှတ် (၃၀၄) ခြေမြန်တပ်ရင်းအား ချင်းညီနောင်အဖွဲ့နှင့် ပူးပေါင်းတပ်များက ၂၀၂၄ ဇွန်လ ၁၇ ရက်တွင် တိုက်ခိုက်သိမ်းပိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - ချင်းညီနောင်

ဟန်နွေ/People’s Spring

ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်းစစ်ဆင်ရေးကို ချင်းညီနောင်နှင့် မဟာမိတ်များက ဆင်နွှဲလျက်ရှိရာ ယခုရက်ပိုင်းအတွင်း တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အပြင်းအထန် ပြုလုပ်ခုခံနေသည်ဟု ချင်းညီနောင်အဖွဲ့ဝင် ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတီမီက ပြောသည်။

ချင်းညီနောင်မဟာမိတ်များသည် ၂၀၂၄ နိုဝင်ဘာ ဒုတိယပတ်ကစ၍ ဖလမ်းမြို့သိမ်း တိုက်ပွဲ ဆင်နွှဲလျက်ရှိရာ လေးလအကြာ မတ်လ ဒုတိယပတ်တွင် နောက်ဆုံးကျန်ရှိနေသည့် စစ်ကောင်စီတပ်ကုန်း ခလရ(၂၆၈)တပ်ရင်းအား စစ်ရှိန်မြှင့်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“တိုက်ပွဲကတော့ နေ့တိုင်းလို ပြင်းထန်ပါတယ်။ နေ့တိုင်းလို အနည်းနဲ့အများ ရှိတာပေါ့။လေကြောင်းကတော့ တကယ်ကို ပြင်းထန်ပါတယ်။ မနေ့ညတင်ပဲ ၁၅၀ကျော် ၂၀၀နီးပါးပေါ့။ Y12နဲ့ ဆိုလို့ရှိရင် ဗုံးသီးချတာရှိတယ်။ အနီးအနားမှာရှိတဲ့ရွာတွေကိုလည်း ပတ်ပြီးတော့ဗုံးချတယ်ပေါ့။ နှစ်ဖက်တိုက်ပွဲက ပြင်းထန်နေတဲ့ အခြေအနေရှိပါတယ်”ဟု ဆလိုင်းတီမီက ပြောသည်။

Public Service Announcement

Public Service Announcement

မတ်လ ၁၁ရက်ကစ၍ ခလရ(၂၆၈)တပ်ရင်းအား အပြီးသတ်သိမ်းနိုင်ရေး ထိုးစစ်ဆင်နေခြင်းဖြစ်ပြီး စစ်ကောင်စီက မတ်လ ၁၄ရက်ကစ၍ တိုက်ပွဲဖြစ်ပွားမှုမရှိသည့် မြို့အနီး ကျေးရွာများအား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေကြောင်း ရှင်းပြသည်။

ထိုသို့ တိုက်ခိုက်ခဲ့၍ မိန်းကလေးအပါအဝင် ၂ဦး ဒဏ်ရာရရှိထားသော်လည်း အသက်အန္တရာယ် စိုးရိမ်စရာမရှိဟု ဆလိုင်းတီမီက ပြောသည်။

မတ်လ ဒုတိယပတ်တွင် ဖလမ်းမြို့သိမ်း စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များအား စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရရှိထားကြောင်းလည်း ဆလိုင်းတီမီက ပြီးခဲ့သည့် ရက်ပိုင်းတွင် ပြောထားသည်။

ဒေသသတင်းရင်းမြစ်အချို့၏ အသိပေးချက်အရ ချင်းညီနောင် မဟာမိတ်တပ်ဖွဲ့များဘက်ကလည်း ထိခိုက်ကျဆုံးအချို့ရှိသည်ဟု ဆိုသည်။

ချင်းညီနောင်နှင့် မဟာမိတ်များသည် မတူပီ၊ ကျင်ဒွေး၊ မင်းတပ်၊ ကန်ပက်လက်မြို့များကို အပြီးသတ် သိမ်းပိုက်ထားပြီး ဖလမ်းမြို့ သိမ်းနိုင်ရေးကြိုးစားနေခြင်းဖြစ်ကာ လက်ရှိတွင် မြို့အပါအဝင် မြို့နယ်အတွင်း ဧရိယာအများစုကို ထိန်းချုပ်ထားသည်။

စစ်ကောင်စီဘက်ကလည်း ဖလမ်းမြို့မကျရေး လေကြောင်း ပစ်ကူအပြင်းအထန် ပြုလုပ်နေသည့်အပြင် ယခင်က လေကြောင်းမှ စစ်ကူအင်အားဖြည့်တင်းရန် ကြိုးပမ်းခဲ့သည်။

ထိုသို့ ကြိုးပမ်းခဲ့သော်လည်း ချင်းညီနောင်၏ တိုက်ခိုက်မှုကြောင့် စစ်ကူတပ်များ အထိနာခဲ့ပြီး စစ်သုံ့ပန်းအများအပြားကို ချင်းညီနောင်မဟာမိတ်များက ဖမ်းဆီးထားနိုင်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF) ဇိုဖေ ဌာနချုပ်ကို စစ်တပ်က လေယာဉ်နဲ့ အပြင်းအထန် ဗုံးကြဲခဲ့သလို တိုက်ခိုက်မှုမျိုး အာဏာသိမ်းစစ်တပ်က ထပ်မံ လုပ်ဆောင်လာနိုင်တာကို တွက်ဆထားပြီးဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က လတ်တလော ပြန်လည်စိုးမိုးထိန်းချုပ်ထားတဲ့ နယ်မြေဒေသ မြို့ရွာတွေဟာ အဆုံးသတ်တိုက်ပွဲမဟုတ်ဘဲ တော်လှန်ရေးဘက်က ပြန်လည်တုံ့ပြန်သွားဖို့ရှိတယ်လို့ ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

မေးမြန်းခန်း

CNF/CNAပြောရေးဆိုခွင့်ရှိသူဆလိုင်းထက်နီနဲ့ မေးမြန်းခန်း

သတင်း

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို သတ်မှတ်နေအိမ်မှာ အကျဉ်းကျခံစေဖို့ စစ်အုပ်စုကကြေညာတာ၊ သမ္မတဦးဝင်းမြင့်ကို လွှတ်ပေးတာတွေဟာ စစ်အုပ်စုရဲ့ နိုင်ငံရေးလှည့်ကွက်ဖြစ်ပြီး တော်လှန်ရေးကိုဖြိုခွဲဖို့လုပ်ဆောင်ခြင်းဖြစ်ကြောင်း ချင်းညီနောင် ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဆလိုင်းယောမာန်က သတိပေးပြောကြားလိုက်ပြီးအချိန်မရွေး ပြန်လည်ဖမ်းဆီးတာ လုပ်ဆောင်နိုင်တယ်လို့ ပြောပါတယ်။