Connect with us

Hi, what are you looking for?

သတင်း

လူငယ်တွေ အာဏာရှင်အတွက် အသက်ပေးမလား၊ တိုက်ထုတ်မလား ရွေးချယ်ရမယ့်အချိန်ရောက်ပြီလို့ မန္တလေး PDF သတိပေး

လူငယ်တွေအနေနဲ့ အာဏာရှင်အတွက် အသက်ပေးမလား၊ အာဏာရှင်စနစ်ဆိုးကို တွန်းလှန်တိုက်ထုတ်ရင်း တိုက်ပွဲဝင်မှာလားဆိုတဲ့ တခုခုကို ရွေးချယ်ရမယ့်အချိန် ကို ရောက်ရှိလာပြီဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (မန္တလေး PDF)က သတိပေးထုတ်ပြန်ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - မန္တလေး PDF

မတ်-၂၄၊၂၀၂၅။မင်းညိုဟန်​နွေ/People’s Spring

လူငယ်တွေအနေနဲ့ အာဏာရှင်အတွက် အသက်ပေးမလား၊ အာဏာရှင်စနစ်ဆိုးကို တွန်းလှန်တိုက်ထုတ်ရင်း တိုက်ပွဲဝင်မှာလားဆိုတဲ့ တခုခုကို ရွေးချယ်ရမယ့်အချိန် ကို ရောက်ရှိလာပြီဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (မန္တလေး PDF)က သတိပေးထုတ်ပြန်ပါတယ်။

စစ်ကောင်စီဟာ လူငယ်‌တွေကို အတင်းအကြပ်စစ်မှုထမ်းစေပြီး အသေခံတပ်သားတွေ မွေးထုတ်နေတာ အခုဆို စစ်မှုထမ်းအပတ်စဉ်(၁၂)ကို ရောက်လာပြီဖြစ်ကြောင်း၊ စစ်ကောင်စီဟာ အရင်က ကျေးလက်နေ လူငယ်ထု ၊ နယ်မြို့တွေမှာရှိတဲ့ လူငယ်ထုကို ပစ်မှတ်ထား စုဆောင်းနေရာကနေ အခုဆို မန္တလေးလို မြို့ကြီးပေါ်က လူငယ်တွေကိုပါ စစ်မှုထမ်းဖို့ ပေါ်ပေါ်ထင်ထင် ကြေငြာမောင်းခတ်လာပြီ ဖြစ်ကြောင်း မန္တလေး PDFက ဒီကနေ့ မတ်လ(၂၄)ရက်မှာ သတိပေးပါတယ်။

မြို့နယ်အလိုက် ၊ ရပ်ကွက်အလိုက် ၊ မိသားစုအလိုက် လူငယ်လူရွယ်တွေကို အတင်းအကြပ် မဲနှိုက်ရွေးချယ်ပြီး စစ်သင်တန်းပေး ရှေ့တန်းပို့ အသေခံခိုင်းဖို့ လုပ်ဆောင်နေတာဖြစ်ပြီး ဒီလိုလုပ်နေတာဟာ စစ်ကောင်စီက လူအရေအတွက် များများစတေးတဲ့နည်းနဲ့ သူတို့လိုအပ်နေတဲ့အချိန်ကို ဆွဲဆန့်နေတာလို့ မန္တလေး PDFက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

နောက်ပြီး စစ်မှုထမ်းအပတ်စဉ်ဆိုတာကလဲ အပတ်စဉ် (၁၂)နဲ့တင် ပြီးသွားမှာမဟုတ်ပဲ သူတို့လိုသလောက် ဆက်တိုက်လုပ်ဆောင်သွားမှာဖြစ်လို့ ဒီကိစ္စက ကျေးလက်နေ လူငယ်လူရွယ်တွေတင်မက မြို့နေ လူငယ် ကျား၊မ မရွေးကြုံတွေ့လာရနိုင်တဲ့ ဘေးဒုက္ခပဲဖြစ်ကြောင်း မန္တလေး PDFက ထပ်မံသတိပေးပါတယ်။

“လူငယ်တွေအဖို့ စစ်အာဏာရှင် လက်အောက်မှာ အသက်ကိုစတေးပြီး စစ်မှုထမ်းမလား (သို့) တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ လက်တွဲပြီး ဒီစစ်အာဏာရှင် စနစ်ဆိုးကို တွန်းလှန်တိုက်ထုတ်မလားဆိုတာ ရွေးချယ်ကြဖို့ လို့လာပြီဖြစ်ပါတယ်။”လို့ မန္တလေး PDFက ထပ်မံသတိပေးပါတယ်။

အာဏာရှင် အသက်ဆက်နိုင်ရေး နဲ့ လူတစ်စုရဲ့ အကျိုးစီးပွါးကို ကာကွယ်ဖို့အတွက် အသက်ပေးတိုက်ပွဲဝင်မှာလား ၊ ပြည်သူလူထုတစ်ရပ်လုံးကို ဒုက္ခပေးနေတဲ့ အာဏာရှင်စနစ်ဆိုးကို တွန်းလှန်တိုက်ထုတ်ရင်း တိုက်ပွဲဝင်မှာလားဆိုတဲ့ လမ်းဆုံလမ်းခွကို ရောက်ရှိလာပြီလို့ မန္တလေး PDFက ထုတ်ပြန်ပါတယ်။

စစ်အာဏာရှင်လက်အောက်မှာ စစ်မှုမထမ်းလိုတဲ့ လူငယ်တွေ၊ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ် တွန်းလှန်တိုက်ထုတ်လိုတဲ့ လူငယ် ကျား၊မ မရွေးကို လှိုက်လှဲစွာ ဖိတ်ခေါ်နေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီဟာ ဒီကနေ့ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်မှာ မြို့နယ်လုံးကျွတ် စစ်မှုထမ်းမဲနှိုက်တာတွေပြုလုပ်နေပြီး လူငယ်အများအပြား ရွေးချယ်ခံထားရပါတယ်။

အာဏာသိမ်းစစ်ကောင်စီတပ်ဟာ ရန်ကုန်၊ မန္တလေးအပါအဝင် သူတို့ထိန်းချုပ်ထားတဲ့ မြို့ကြီးတွေမှာ စစ်မှုထမ်းဖို့ လူငယ်အများအပြားကို ဖမ်းဆီးနေပြီး တစ်နှစ်အတွင်း လူငယ်ထောင်ချီ ဖမ်းဆီးခဲ့ရာမှာ အခုဆိုရင် စစ်မှုထမ်းအပတ်စဥ် (၁၂)ကို ရောက်ရှိနေပြီဖြစ်ပါတယ်။

အဓမ္မဖမ်းဆီးခံရပြီး စစ်မှုထမ်းခံရသူတွေလည်း စစ်တပ်ကနေထွက်ပြေးပြီးတော့ တော်လှန်ရေးအဖွဲ့တွေထံ သွားရောက်ခိုလှုံသူ များပြားလာနေပါတယ်။

မန္တ​လေး PDF ရဲ့ထုတ်ပြန်ချက်မှာ”ကိုယ်ရွေးချယ်တဲဲ့ လမ်းကိုအဆုံးထိကိုယ်ပဲဆက်လျှောက်ရမှာဖြစ်သလိုရွေးချယ်မှုမမှားယွင်းဖို့လည်းလိုပါတယ်။ဒါ့ကြောင့် စစ်အာဏာရှင်ကို ဖြုတ်ချဖို့ ကျနော်တို့ဆီ ပူးပါင်းပါဝင်အားဖြည့်လှည့်ပါ” လို့ ဖိတ်ခေါ်ထားပါတယ်။

ပူးပေါင်းပါဝင်လိုသူများအနေနဲ့တယ်လီဂရမ် Telegram: @mdypdfrecruit ၊ စစ်ဂနယ် Signal: MDYPDFRECRUIT.08 တို့မှတဆင့်ဆက်သွယ်နိုင်တယ်လို့အသိပေးထားပါတယ်။

MDY PDFဟာ ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်း ၊ ဒုတိယပိုင်း​တွေမှာ တိုင်းရင်းသား တော်လှန်ရေးတပ်များနဲ့လက်တွဲပြီး စစ်​ကောင်စီတပ်ကိုတိုက်ခိုက်ပြီး​တော့ စဥ့်ကူး ၊​နောင်ချို ၊မိုးကုတ် ၊မိုးမိတ် စတဲ့မြို့သိမ်းတိုက်ပွဲ​တွေကို ​အောင်မြင်

စွာဆင်နွှဲခဲ့ပါတယ် ။ စစ်စခန်း ၄၀ ခန့်သိမ်းပိုက်ပြီး​တော့မတ္တရာမြို့နယ် အ​ရှေ့ခြမ်းကိုလည်း ထိန်းချုပ်ထားပါတယ်။

ဆက်စပ်သတင်းများ

အတွေးအမြင်

ကလေးတွေကို ကြီးလာရင် ဘာဖြစ်ချင်လဲ၊ လူငယ်တွေကို အနာဂတ်မှာ ဘာဖြစ်ချင်လဲ။ ဘာလုပ်ဖို့ရည်ရွယ်ထားလဲ ဆိုတာမျိုး မေးတတ်ကြပါတယ်။ ဆရာဝန်ဖြစ်ချင်သလား။ အင်ဂျင်နီယာဖြစ်ချင်သလား။ စီးပွားရေးလုပ်ငန်းရှင်ဖြစ်ချင်သလား။ နိုင်ငံခြားမှာ ပညာသင်ချင် သလား။ တစ်ခါတလေမှာတော့ လူငယ်တစ်ယောက်ကို အနာဂတ်မှာ ဘာဖြစ်ချင်လဲ လို့ မေးလိုက်တာဟာ လွယ်ပါတယ်။

သတင်း

မကွေးမြို့မှာလည်း အသက်(၁၉)နှစ်အရွယ် လူငယ် ၁ဦး ပျောက်ဆုံးသွားလို့ လူမှုကွန်ရက်ကနေ အကူအညီတောင်းခံကာ ရှာဖွေနေရပါတယ်။

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တွေမှာ လူငယ်တွေကို လိုက်လံဖမ်းဆီးနေတဲ့အဖွဲ့တွေ သောင်းကျန်းနေပြီး လာဖမ်းရင် အဖမ်းမခံဘဲ ခုခံကြဖို့ ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာက စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ဝင်းဇော်က ပြောပါတယ်။

သတင်း

ရန်ကုန်မှာအခုရက်ပိုင်းအတွင်းပေါ်တာဆွဲတာတွေပိုဆိုးလာတာကြောင့် လူငယ်တွေဟာ အလုပ်သွား၊အလုပ်ပြန်ဖို့ကို​တောင် စိုးရိမ်​နေကြရပါတယ် ။