Connect with us

Hi, what are you looking for?

သတင်း

နှမ်းခါးရွာ CDM ဆရာဝန်မိသားစုသေဆုံးမှုအတွက် ဝမ်းနည်းခြင်း သပိတ်ပြုလုပ်

ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီက ဂန့်​ဂေါမြို့နယ် နှမ်းခါးရွာတွင် မတ်လ ၂၂ ရက်​ကစစ်ကောင်စီ၏ လေ​ကြောင်း ဗုံးကြဲမှုကြောင့် CDM ဆရာဝန်ကြီး ဒေါက်တာမြစိုးအောင်၏ တစ်မိသားစုလုံး အသက်ဆုံးရှူံးခဲ့ရသည့် ဖြစ်စဉ်အတွက် ဝမ်းနည်းခြင်း သပိတ်ကို မတ်လ ၂၄ရက်၌ ပြုလုပ်ခဲ့သည်။

မတ်လ-၂၅၊၂၀၂၅။People’s Spring

ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီက ဂန့်​ဂေါမြို့နယ် နှမ်းခါးရွာတွင် မတ်လ ၂၂ ရက်​ကစစ်ကောင်စီ၏ လေ​ကြောင်း ဗုံးကြဲမှုကြောင့် CDM ဆရာဝန်ကြီး ဒေါက်တာမြစိုးအောင်၏ တစ်မိသားစုလုံး အသက်ဆုံးရှူံးခဲ့ရသည့် ဖြစ်စဉ်အတွက် ဝမ်းနည်းခြင်း သပိတ်ကို မတ်လ ၂၄ရက်၌ ပြုလုပ်ခဲ့သည်။

“အကြမ်းမဖက်အာဏာဖီဆန်ကြရင်း အကြမ်းဖက်သတ်ဖြတ်ခံရသူတွေ၊ တပါးသူရဲ့အသက်ကို ကယ်တင်ရင်း မိမိအသက်ကို ပေးဆပ်ခဲ့ကြရသူတွေအားလုံးရဲ့ ရဲစွမ်းသတ္တိနဲ့ပြတ်သားခိုင်မာတဲ့ စိတ်ဓါတ်၊ ခံယူချက်နဲ့ လုပ်ရပ်တွေအပေါ် CDM အားလုံးနဲ့ထပ်တူလေးစားဂုဏ်ယူပါကြောင်း၊ စစ်ရေးပစ်မှတ်မဟုတ်သည့် နှမ်းခါးရွာဆေးပေးခန်းကို စစ်ကောင်စီက လေကြောင်းဖြင့် အကြမ်းဖက်ဗုံးကြဲတိုက်ခိုက်ခဲ့သည့်ဖြစ်စဉ်အပေါ် ပြည်သူလူထုမှ နည်းလမ်းပေါင်းစုံနဲ့ ဝိုင်းဝန်းရှုတ်ချကြပါရန်” ဟု ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီမှ တိုက်တွန်းထားသည်။

မတ်လ ၂၂ ရက်တွင် စစ်တပ်က ဂန့်​ဂေါမြို့နယ်အတွင်းရှိ နှမ်းခါးရွာ​​ဆေးခန်း ကိုဗုံးကြဲသတ်ဖြတ်မှု​ကြောင့်​​ဒေါက်တာမြစိုး​အောင်၊ ဇနီးသည် အထက်တန်းသူနာပြု ​ ​လေးလသား ကိုယ်ဝန်​ဆောင်ထား​သောဒေါ်ခိုင်နှင်း​ဝေ ၊ အသက် ၅ နှစ်အရွယ်သားငယ် တို့ မိသားစု နှင့် နှင်းခါးရွာ​ဆေးခန်းလာ လူနာနဲ့ လူနာ​စောင့် ပြည်သူ ၈ ဦး စုစု​ပေါင်း ၁၁ ဦး​သေဆုံးခဲ့ပြီး ၊ ၆ ဦးဒဏ်ရာရခဲ့သည်။ ​သေဆုံးသူ များထဲတွင် က​လေးငယ် ၅ ဦးပါဝင်သည်။

Public Service Announcement

Public Service Announcement

(ဓါတ်ပုံ-ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီ )

ဆက်စပ်သတင်းများ

ဆောင်းပါး

မတ်လ ၂၂ရက် မနက်မှာတော့ ဒေါက်တာမြစိုးအောင်နဲ့ အထက်တန်းသူနာပြုဇနီးဒေါ်ခိုင်နှင်းဝေ၊ ငါးနှစ်အရွယ် သူတို့ရဲ့ သားလေးအပြင် လူနာတွေပါရှိနေတဲ့ ယောနယ်က ဆေးခန်းကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲပြီး ချေမွဖျက်ဆီးပစ်ခဲ့ပါတယ်။

သတင်း

တိုက်ပွဲမရှိဘဲ ဆေးခန်းပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး သေဆုံးသူ ၁၁ဦးအနက် ကလေးငယ် ၅ဦးပါဝင်

ဆောင်းပါး

ဒီဒေသမှာ ဗမာ၊ချင်း၊တောင်သားစတဲ့ တိုင်းရင်းတွေ နေထိုင်ကျပြီး စစ်ကောင်စီကို တူမီး၊ အမဲလိုက်သေနတ်တွေ၊ လက်လုပ်မိုင်းတွေနဲ့ စတင်တော်လှန်ခဲ့ကြတဲ့သူတွေဖြစ်ပါတယ်။