Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ ပြိုကျပျက်စီးနေတဲ့ အပျက်အစီးတွေကြားပိတ်မိနေသူအများအပြားရှိနေ

မန္တလေးမြို့မှာ ငလျင်ဒဏ်ကြောင့် ပြိုကျသွားတဲ့ အဆောက်အဦးအပျက်အစီးတွေကြား ပိတ်မိနေသူတွေ အများအပြားရှိနေဆဲလို့ မြို့ခံတွေကပြောပါတယ်။

ဆိုင်းမင်း/People’s Spring

မန္တလေးမြို့မှာ ငလျင်ဒဏ်ကြောင့် ပြိုကျသွားတဲ့ အဆောက်အဦးအပျက်အစီးတွေကြား ပိတ်မိနေသူတွေ အများအပြားရှိနေဆဲလို့ မြို့ခံတွေကပြောပါတယ်။

မြို့အနှံ့ က ဘုရားစေတီတွေ ၊ သာသနာရေးဆိုင်ရာအဆောက်အဦးတွေ ၊ လူ နေအိမ်တွေ ၊ ဟိုတယ်တွေ ပြိုကျ ပျက်စီးခဲ့တာပါ။

အဆောက်အဦး အပျက်အစီးတွေကြား ပိတ်မိတွေသူတွေ ရှိနေပေမယ့် ကယ်ဆယ်ရေးဟာ ဝန်နဲ့အား မမျှဘူးလို့ မြို့ခံတွေဆီကသိရပါတယ်။

Public Service Announcement

Public Service Announcement

” ခုရောက်နေတဲ့ အဆောက်အဦးထဲမှာ လူ ၁၀ယောက်လောက်ပိတ်မိနေတာ ၊ကယ်မထုတ်နိုင်သေးဘူး” လို့ အဆောက်အဦးတစ်ခုလုံးနီးပါးပြိုကျသွားတဲ့ နေရာဆီကိုရောက်နေတဲ့ မြို့ခံတစ်ဦးက ပြောပါတယ်။

လက်ရှိ ညပိုင်းမှာဆိုရင်လည်း မန္တလေးမြို့ခံတွေဟာ ငလျင်ထပ်မံ လှုပ်ခတ်မှာကို စိုးရိမ်နေတဲ့အတွက် နေအိမ်တွေမှာ မအိပ်ရဲတော့ဘဲ လမ်းတွေပေါ် ထွက်နေကြတယ်လို့သိရပါတယ်။

ဒီနေ့ မွန်းလွဲပိုင်း ၁၂ နာရီ ၅၀မိနစ်ဝန်းကျင်က ပြင်းအားရစ်ချ်တာစကေး ၇ ဒဿမ ၇ ရှိတဲ့ ငလျင်ကြီးက မန္တလေးမြို့ တဖက်ကမ်း စစ်ကိုင်းမြို့ ၊ ရေခါးအင်းကိုဗဟိုပြုပြီး မြေအနက် ၆ မိုင်ခန့် က လှုပ်ခတ်သွားတာပါ။

နောက်ဆက်တွဲ ငလျင်ကတော့ ၁၂ မိနစ်သာခြားပြီး မန္တလေးမြို့ ၊တံတားဦးမြို့နယ် ထဲက မန္တလေးလေဆိပ် နားကို ရစ်ချ်တာစကေး ၆ ဒဿမ၄ ပြင်းအား ရှိတဲ့ ငလျင် ကြီး ထပ်မံလှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။

ငလျင်ကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့သေဆုံးသူ ၁၁၄ ဦး ၊ ထိခိုက်ဒဏ်ရာရသူ ၇၃၀ ရှိခဲ့တယ်လို့ အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင်က ဒီနေ့ညပိုင်းမှာ ထုတ်ပြောပါတယ်။

စစ်ကောင်စီခေါင်းဆောင်ရဲ့ စာရင်းထဲမှာ မန္တလေးမြို့ ရဲ့ သေဆုံးထိခိုက်ဒဏ်ရာရသူစာ​ရင်းကိုထည့်သွင်း ထားတာမရှိပါဘူး။

မန္တလေးမြို့ခံရဲ့ ပြောပြချက်အရ မန္တလေးမှာ ထိခိုက် ဒဏ်ရာရသူ ၊သေဆုံးသူများပြားတာကြောင့် မန္တလေးဆေးရုံကြီး ရှေ့ အပြင်ဘက် လမ်းပေါ်မှာတင် ဒဏ်ရာရသူတွေ ဆေးကုသမှု ခံယူဖို့ ပြည့်နှက်နေတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကျူရှူးကျွန်းပေါ်က ငလျင်ဘေးသင့် ကူမာမိုတို ဒေသဆီ ဂျပန်ဝန်ကြီးချုပ် စနအဲ တကိချိက ကိုယ်တိုင် သွားရောက်ခဲ့ပြီး ကယ်ဆယ်ရေး အဖွဲ့ဝင်တွေ၊ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

နိုင်ငံတကာ

ဇွန်လတုန်းက ဗင်နီဇွဲလား နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ စုံတွဲငလျင်ကြီး နှစ်ခုကြောင့် သေဆုံးသူ အရေအတွက်ဟာ ၆၀၀၀ ကျော်လွန်လာပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဇူလိုင် ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးကြောင့် သေဆုံးသူဟာ နှစ်ဒါဇင် နီးပါးထိ များပြားလာခဲ့ပါတယ်။

သတင်း

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့အနီးကို ဗဟိုပြုပြီး ၄.၆ အဆင့်ရှိ အင်အား အတော်အသင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က သတင်းထုတ်ပြန်ပါတယ်။