Connect with us

Hi, what are you looking for?

သတင်း

မြန်မာ့သမိုင်းမှာ လူ​သေဆုံးပျက်စီးဆုံးရှုံးမှုအများဆုံးဖြစ်လာဖွယ်ရှိတဲ့​မြေငလျင်ကြီး ဘယ်လိုလှုပ်ခဲ့လဲ

နှစ်​ပေါင်း ၁၀၀ ​ကျော်အတွင်းအင်အားအပြင်းဆုံး ငလျင်ကြီး​ကြောင့် မန္တ​လေးမြို့က မစိုးရိမ်​ကျောင်းတိုက်ပြိုကျမှု နဲ့ ​မြေငလျင်​လှုပ်​နေချိန် မြင်ကွင်း​တွေဖြစ်ပါတယ် ။

မတ်-၂၈၊၂၀၂၅။​နေ့သစ်/People’s Spring

နှစ်​ပေါင်း ၁၀၀ ​ကျော်အတွင်းအင်အားအပြင်းဆုံး ငလျင်ကြီး​ကြောင့် မန္တ​လေးမြို့က မစိုးရိမ်​ကျောင်းတိုက်ပြိုကျမှု နဲ့ ​မြေငလျင်​လှုပ်​နေချိန် မြင်ကွင်း​တွေဖြစ်ပါတယ် ။ပြင်းအား ရစ်ချ်တာစ​ကေး ၇ ဒသမ ၇ ရှိတဲ့ ​မြေငလျင်​ကြောင့် အ​​ဆောက်အအုံကြီး​တွေ​ပေါများတဲ့ မန္တ​လေးမြို့ဟာ ပျက်စီးဆုံးရှူံးမှု အများဆုံးဖြစ်ပါတယ် ။ ​သေဆုံးဒဏ်ရာရသူများပြားသလို ၊ပြိုကျတဲ့ တိုက်​တွေမှာပိတ်မိ​နေသူများစွာကျန်ရှိ​နေ​သေးတယ်လို့ ကယ်ဆယ်​ရေးလုပ်ကိုင်​နေသူ​တွေက​ပြောပါတယ်။

၁၉၁၂ ခုနှစ်က ​မေမြို ငလျင်ဟာ ပြင်းအားရက်ချ်တာစ​ကေး ၇.၆ မှ ၇.၇ အတွင်းရှိပြီး အဲဒီ​နောက်ပိုင်း ဒီ​နေ့ (မတ် ၂၈ )လှုပ်ခတ်ခဲ့တဲ့​မြေငလျင်ဟာနှစ် ၁၁၀ ​ကျော်အတွင်းအပြင်းထန်ဆုံးဖြစ်တယ်လို့​မြေငလျင်ပညာရှင် ​ဒေါက်တာမျိုးသန့်က​ပြောပါတယ် ။ငလျင်ကြောင့် နေပြည်တော် မှာ ၉၆ ယောက် ၊ စစ်ကိုင်းမြို့မှာ ၁၈ ယောက်၊ ကျောက်ဆည်မြို့မှာ ၃၀ ယောက်စုစုပေါင်း ၁၄၄ ယောက်​သေဆုံးပြီးဒဏ်ရာရသူ ၇၃၀ ကျော်ရှိ တယ်လို့အာဏာသိမ်းခေါင်းဆောင်က မတ် ၂၈ ရက်ညပိုင်းမှာ ထုတ်ပြောပါတယ်။ ဒါ​​ပေမယ့် အာဏာသိမ်း​ခေါင်း​ဆောင်​ပြောတဲ့အထဲမှာ ပျက်စီးဆုံးရှုံးမှုများတဲ့ မန္တ​လေးမပါ​သေးပါဘူး ။ People’s Spring ကမတ်လ ၂၈ ရက်ညပိုင်းမှာ ​စုံစမ်းအတည်ပြုမှုအရ အင်း​လေးကန် မှာ (၂၀ ) ဦး ဝန်းကျင် ၊ ရှမ်းပြည်တောင်ပိုင်း၊အောင်ပန်းမြို့က ဟိုတယ်အောင်ပန်း ပြိုကျမှုဖြစ်စဉ်မှာ အမျိုးသမီး ၂ဦး၊တောင်ငူမြို့က ဝေဠုဝန်ကျောင်းသိမ်ပြိုကျမှုမှာလည်း ကိုရင်တစ်ပါးအပါအဝင် စစ်ရှောင်ကလေးငယ် ၅ ဦး သေဆုံးခဲ့ရတယ်လို့ လူမှုကူညီရေးအသင်း တာဝန်ရှိသူ​တွေ ၊ကယ်ဆယ်​ရေးလုပ်​နေသူ​တွေက ပြောပါတယ်။

https://www.facebook.com/LuduNwayOo/videos/1011469220854071

Public Service Announcement

Public Service Announcement

ဒါအပြင်မန္တလေးမြို့က ဗလီ ၃၀ထက်မနည်း ပြိုကျပျက်စီးခဲ့ပြီး လူထိခိုက်သေဆုံးမှုများတယ်လို့ မန္တလေးမြို့က အစ္စလာမ်ဘာသာဝင်တွေက ပြောပါတယ်။ ပြိုကျပျက်စီးခဲ့တဲ့ ဗလီတွေထဲက အချို့ဟာ နှစ်ပေါင်း ၁၀၀ကျော်ရှိတဲ့ ဗလီတွေဖြစ်တယ်လို့ သိရပါတယ်။ ဗလီတစ်ခုမှာ သုံး၊ လေးဦး သေဆုံးမှုရှိတယ်လို့ ကြားသိရပြီး အရေအတွက်များလို့ စုစုပေါင်းအရေအတွက်ကို မသိရသေးဘူးလို့ မန္တလေးမြို့ခံ အစ္စလာမ်ဘာသာဝင်တစ်ဦးက ပြောပါတယ်။

မန္တ​လေးမြို့ မြို့နယ်အစုံမှာ ​သေဆုံးသူအ​ရေအတွက် စာရင်း​တွေ မတ် ၂၈ ရက်ညပိုင်းမှာ ​နေရာစုံကတက်လာ​နေပြီဖြစ်​ပေမယ့် အ​ရေအတွက်ခန့်မှန်းလိုခက်​နေဆဲပါတယ် ။ဒါအပြင် ပြိုကျပျက်စီးတဲ့အ​ဆောက်အအုံ​တွေ​အောင်မှာ ပိမိ​နေသူ ၊ပိတ်မိ​နေသူများစွာရှိတာ​ကြောင့် ​သေဆုံးသူအ​ရေအတွက်အများကြီးဖြစ်​နေမှာကိုပြည်သူ​တွေစိုးရိမ်​နေကြပါတယ် ။

ဒါ​ကြောင့်​ တစ်နိုင်ငံလုံးသေဆုံးသူအ​ရေအတွက်ဟာအနည်းဆုံးရာ​ပေါင်းများစွာရှိနိုင်တယ်လို့ကယ်ဆယ်​ရေးလုပ်ကိုင်​နေသူ​တွေကခန့်မှန်းပါတယ်။​နောက်ရက်​တွေမှာ အ​ရေအတွက်​တွေ ဆက်တိုက်တိုးလာဖွယ်ရှိတယ်လို့သူတို့က​ဆိုပါတယ် ။

မြန်မာ့သမိုင်းမှာ လူ ၃၀၀ ​ကျော်​သေဆုံးပြီး လူ​သေဆုံးမှုအများဆုံးဖြစ်ခဲ့တဲ့ ၁၈၃၉ ခုနှစ်မှာလှုပ်ခဲ့တဲ့ အင်းဝ​မြေငလျင်ဟာပြင်းအား ရက်ချ်တာ

စ​ကေး ၈ ခန့်ရှိပါတယ်။

ငလျင်ဒဏ်အပြင်းအထန်ခံစားခဲ့ရတဲ့ ​နေပြည်​တော်မှာ လူ​သေဆုံးမှုများတာဟာ ​ဆောက်လုပ်​

ရေးလုပ်ငန်း​တွေက အရည်အ​သွေးနိမ့် အ​ဆောက်အအုံ​တွေ​ဆောက်လုပ်​ခဲ့ကြတာ​ကြောင့်လို့ ဝန်ထမ်းအချို့က​ပြောပါတယ် ။

“ကန်ထရိုက်တိုက်တွေမခိုင်တော့တော်တော်လေးကိုအပျက်အစီးများတယ်။ သေဆုံးတဲ့ကိန်းဂဏန်း ဖုန်းမနိုင်ဖိမရဖြစ်လာလိမ့်မယ်ထင်တယ်။ အခုညလည်း ဝန်ထမ်းတွေ လမ်းပေါ်တွေမှာနေကြရတယ်”လို့ ဝန်ထမ်းတစ်ဦးကပြောပါတယ် ။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကျူရှူးကျွန်းပေါ်က ငလျင်ဘေးသင့် ကူမာမိုတို ဒေသဆီ ဂျပန်ဝန်ကြီးချုပ် စနအဲ တကိချိက ကိုယ်တိုင် သွားရောက်ခဲ့ပြီး ကယ်ဆယ်ရေး အဖွဲ့ဝင်တွေ၊ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

နိုင်ငံတကာ

ဇွန်လတုန်းက ဗင်နီဇွဲလား နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ စုံတွဲငလျင်ကြီး နှစ်ခုကြောင့် သေဆုံးသူ အရေအတွက်ဟာ ၆၀၀၀ ကျော်လွန်လာပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဇူလိုင် ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးကြောင့် သေဆုံးသူဟာ နှစ်ဒါဇင် နီးပါးထိ များပြားလာခဲ့ပါတယ်။

သတင်း

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့အနီးကို ဗဟိုပြုပြီး ၄.၆ အဆင့်ရှိ အင်အား အတော်အသင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က သတင်းထုတ်ပြန်ပါတယ်။