Connect with us

Hi, what are you looking for?

သတင်း

ငလျင်ကြောင့် ထိခိုက်သူများ လားရှိုးကျန်းမာရေးဌာနက အခမဲ့ကုသပေးမည်

လုံခြုံရေးကြောင့် ငလျင်ဒဏ်သင့်ဒေသသို့ လူနာများသွားရောက် မခေါ်ယူနိင်သော်လည်း အရေးပေါ် ကြုံလာပါက ကူညီရန် အသင့်ပြင်ထားဟုဆို

အင်အားပြင်းငလျင်ကြောင့် ဟိုတယ်အောင်ပန်းပြိုကျမှုအတွင်း ပိတ်မိနေသူများအား ရှာဖွေကယ်ဆယ်နိုင်ရေးလုပ်ဆောင်နေစဉ်။ ဓာတ်ပုံ - CJ

မတ် ၂၉၊၂၀၂၅။ ဟန်နွေ/People’s Spring

ငလျင်ဒဏ်ကြောင့် ဒဏ်ရာထိခိုက်ဒဏ်ရာရသူများအား အခမဲ့ကုသမှု ပေးမည်ဖြစ်ကြောင်း ကိုးကန့်တပ်မတော်(MNDAA) သိမ်းပိုက်ထားသည့် လားရှိုးမြို့ မြို့ပြန်လည်ထူထောင်ရေးတာဝန်ရှိသူက အသိပေးသည်။

MNDAA၏ အထူးဒေသ(၁) ငလျင်ဒဏ်ကူညီကယ်ဆယ်ရေးအဖွဲ့က အရေးပေါ် ကြေညာချက် ကို လားရှိုးမြို့ပြန်လည်ထူထောင်ရေး တာဝန်ရှိသူက ဖော်ပြခြင်းဖြစ်သည်။

မတ်လ ၂၈ရက် မွန်းလွဲပိုင်းက လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ဒဏ်ကြောင့် မန္တလေးမြို့၊စစ်ကိုင်းမြို့နှင့် စပ်ဆက်ဒေသများတွင် ထိခိုက်ဒဏ်ရာရရှိသူများစွာရှိခဲ့ပြီး ယင်းဒေသများ အထူးသဖြင့်မန္တလေး၌ လူနာနှင့် ဆရာဝန် မမျှတဘဲ လိုအပ်ချက်များစွာရှိနေချိန် MNDAA ဘက်က ယခုကဲ့သို့ အသိပေးလာခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

အထူးဒေသ(၁)လားရှိုးမြို့ကျန်းမာရေးဌာနမှ လူသားချင်းစာနာထောက်ထားမှုပြည့်ဝစွာဖြင့် ငလျင်ဒဏ်ကြောင့် ၎င်းဒေသများမှ ထိခိုက်ဒဏ်ရာရရှိသူများ လာရောက်ဆေးကုသမှုခံယူပါက အခမဲ့ကုသပေးမည်ဖြစ်ကြောင်း အထူးဒေသ(၁)ကျန်းမာရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်ဟု အသိပေးထားသည်။

လုံခြုံရေးအခြေအနေများကြောင့် ငလျင်ဒဏ်သင့် ဒေသများရှိလူနာများအား သွားရောက် ခေါ်ယူဆေးကုသမှုမပြုနိုင်သော်လည်း အရေးကြုံလာပါက ကူညီကယ်ဆယ်ရန် အထူးဒေသ(၁)ကျန်းမာရေးဌာနနှင့်အခြားသက်ဆိုင်ရာဌာနများ၊လူမှုကူညီရေးအသင်းအဖွဲ့များမှ အသင့်ပြင်ဆင်ထားကြောင်းလည်း ထုတ်ပြန်သည်။

ထို့အပြင် လူအင်အား၊ဆေးပစ္စည်းများနှင့်သယ်သူပို့ဆောင် ရေးယာဉ်များကိုလည်း အဆင်သင့်ပြင်ဆင်ထားရှိကြောင်း ကြေညာထားသည်။

MNDAAက ထို့သို့ ပြင်ဆင်မှုများ ပြုလုပ်ထားသော်လည်း စစ်ကောင်စီသည် ငလျင်လှုပ်ခတ်အပြီးတွင် နောင်ချို ၊ ချောင်းဦး နှင့်ဖြူးမြို့နယ်ကို လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၆.၃ အဆင့် ငလျင်ကြောင့် လူ ၁ ဦးသေပြီး ၈ ဦး ဒဏ်ရာရခဲ့ပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံ အလယ်ပိုင်းမှာ မဂ္ဂနီကျု ၆.၇ အဆင့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့သလို နောက်ဆက်တွဲ ငလျင်ငယ်တွေပါ ထပ်လှုပ်နေတာကြောင့် ဒေသခံတွေ အထိတ်တလန့် ဖြစ်နေပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အနီးမှာ ဒီကနေ့ ဇွန်လ၁၅ရက် မနက်အစောပိုင်းက ရစ်ခ်တာစကေး ၄ ဒဿမ ၄ အဆင့် ငလျင်တစ်ခု မြေအနက်တိမ်တဲ့နေရာကို ဗဟိုပြု လှုပ်သွားပါတယ်။

သတင်း

ရန်ကုန်မြို့အနီးမှာ ဒီနေ့ (ဇွန်လ၁၄)ညနေ ၅နာရီ ၉ မိနစ်ခန့်ကရစ်ခ်တာစကေး ၄ ဒဿမ ၁ အဆင့် ငလျင်ထပ်လှုပ်သွားပါတယ်။